What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန့်မှန်းချက်အရ ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်းတင်ပို့မှုအားကောင်းလာနိုင်

ခန့်မှန်းချက်အရ ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်းတင်ပို့မှုအားကောင်းလာနိုင် Fibre2Fashion

ကမ္ဘာလုံးဆိုင်ရာဝါဂွမ်းတင်ပို့မှုသည် ၂၀၁၇ ခုနှစ်တွင်ဒေါ်လာ ၁၄၅၆၅.၈၀ တန်ဖိုးရှိပြီး ၂၀၁၉ ခုနှစ်တွင်ဒေါ်လာ ၁၃၁၈၂ .၂၂ သန်းအထိသာရရှိခဲ့တဲ့အတွက် ၉.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

 

စုစုပေါင်းတင်ပို့မှုသည် ယခင်နှစ်တွေကထက် ၂၀၁၉ ခုနှစ်မှာ ၁၃.၅၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာပြည်ပပို့ကုန်သည် ဒေါ်လာ ၁၃၉၅၅.၂၅ သန်းအထိတိုးပွားလာနိုင်ပြီး ၂၀၁၉ ခုနှစ်တုန်းကထက် ၅.၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါသည်။

 

စျေးကွက်ခွဲခြမ်းစိတ်ဖြာရေးကိရိယာ TexPro ၏ အဆိုအရ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးဝါဂွမ်းတင်သွင်းမှု၏ စုစုပေါင်းတင်ပို့မှုမှာ ဒေါ်လာ ၁၂၉၈၁.၃ သန်းတန်ဖိုးရှိရာ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁၁၄၆၁.၁၁ သန်းရှိပြီး ၁၁.၇၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။



ကမ္ဘာလုံးဆိုင်ရာသွင်းကုန် စုစုပေါင်းတင်သွင်းမှုသည် ယခင်နှစ်တွေကထက် ၂၀၁၉ ခုနှစ်တွင် ၁၅.၇၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်ဒေါ်လာ ၁၁၇၈၉.၈၇ သန်းအထိ မြင့်တက်လာကာ ၂၀၁၉ခုနှစ်ကထက် ၂.၇၈ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားသည်။



အိန္ဒိယ (ဒေါ်လာ ၂၉၁၄.၂၇ သန်း)၊ ဗီယက်နမ် (ဒေါ်လာ ၂၈၀၈.၁ သန်း)၊ တရုတ် (ဒေါ်လာ ၁၇၇၅.၆၄ သန်း)၊ အမေရိကန် (ဒေါ်လာ ၁၂၁၇.၁ သန်း) နှင့် ပါကစ္စတန် (ဒေါ်လာ ၁၁၀၉.၉၃ သန်း) သည် ကမ္ဘာအနှံ့ဝါဂွမ်းတင်ပို့သူများရဲ့ ပို့ကုန်တန်ဖိုးဖြစ်သည်။

 

၎င်းနိုင်ငံများသည် ပို့ကုန်စုစုပေါင်းရဲ့ ၇၄.၅၃ ရာခိုင်နှုန်းရှိသည်။ ၎င်းနိုင်ငံတွေနောက်မှာ အင်ဒိုနီးရှား (ဒေါ်လာ ၅၈၂.၂၄ သန်း)၊ တူရကီ (၅၂၁.၉၂ သန်း) နှင့်ဟောင်ကောင် (ဒေါ်လာ ၄၅၈.၀၆ သန်း) တို့ရှိကြသည်။



၂၀၁၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အဓိက တင်ပို့သည့်နိုင်ငံများအကြားပို့ကုန်တန်ဖိုးအရအထင်ရှားဆုံးတိုးတက်မှုမှာဗီယက်နမ် (၆၆.၆၇ ရာခိုင်နှုန်း) နှင့်တရုတ် (၇.၈၂ ရာခိုင်နှုန်း) တို့ဖြစ်သည်။


တရုတ် (ဒေါ်လာ ၄၉၄၇.၄၀ သန်း)၊ တူရကီ (ဒေါ်လာ ၅၆၈.၇၉ သန်း) နှင့်အီတလီ (ဒေါ်လာ ၅၂၅.၄၂ သန်း) တို့သည် ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ဝါဂွမ်းများအဓိက တင်သွင်းသူများဖြစ်ပြီး ၎င်းနိုင်ငံတွေက သွင်းကုန် စုစုပေါင်း၏ ၅၂.၇၁ ရာခိုင်နှုန်းရှိသည်။

 

၎င်းနောက်တွင် ဟောင်ကောင် (ဒေါ်လာ ၄၃၂.၉၂ သန်း)၊ တောင်ကိုရီးယား (ဒေါ်လာ ၄၂၆.၀၆ သန်း) နှင့်ဗီယက်နမ် (ဒေါ်လာ ၄၁၃.၂၇ သန်း) တို့အသီးသီးဖြစ်ကြသည်။



၂၀၁၆ မှ ၂၀၁၉ အထိ အဓိကတင်သွင်းသောနိုင်ငံများအနက် သွင်းကုန်တန်ဖိုးအရသိသာစွာတိုးတက်လာတဲ့နိုင်ငံမှာအီတလီ (၄၉.၇၅ ရာခိုင်နှုန်း) နှင့်တူရကီ (၃၄.၄၆ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။

 

By Myanmar Textile & Garment Guide

 

Ref:Fibre2Fashion

Read 780 times
Rate this item
(0 votes)
Tagged under