What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှုများ ဒေါ်လာ ၃၄ ဘီလီယံအထိ ရရှိနိုင်

ဗီယက်နမ်နိုင်ငံ၏အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများသည် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၃၃.၅ မှ ၃၄ ဘီလီယံအထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဧပြီလမှာတော့ ဒေါ်လာ ၃၀ မှ ၃၁ ဘီလီယံသို့ ရရှိခဲ့ပြီး တစ်နှစ်လျှင် ၁၄-၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ စက်မှုလုပ်ငန်းများရဲ့ ပို့ကုန်လည်ပတ်မှုမှာလည်း ယခုနှစ် ပထမ ၁၀ လတွင် ဒေါ်လာ ၂၄.၇၆ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုတယ်။

 

COVID-19 ကူးစက်ရောဂါကြောင့် ဆိုးရွားသည့်သက်ရောက်မှုများကြောင့် အထည်အလိပ်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အပြောင်းအလဲနှင့်ကိုက်ညီရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းများနှင့်စီးပွားရေးပုံစံများကို ပြုပြင်ရန် လိုအပ်ပါတယ်။

 

ပြည်တွင်းဈေးကွက်ကို အမြတ်ထုတ်ရန်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များတွင် ဖော်ပြထားသည့် မူရင်းစည်းမျဉ်းများနှင့်ကိုက်ညီသည့်ထုတ်လုပ်မှုကွင်းဆက်များ ဖွဲ့စည်းရန်ကိုလည်း အလေးထားသင့်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။

 

ကျန်းမာရေးအကျပ်အတည်းများကြား စက်မှုလုပ်ငန်းများအနေနဲ့ ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းရန် မကြာသေးမီကပြုလုပ်ခဲ့သောအလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်ငုယင်ဆွမ်ဖွတ်က ဒီကဏ္ဍသည် ဒီဂျစ်တယ်နည်းပညာများအသုံးပြုမှုကို ပိုမိုအားကောင်းလာစေရန်နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များကို ထိရောက်စွာ အသုံးပြုရန်လည်း အကြံပြုခဲ့ပါတယ်။

 

By Myanmar Textile & Garment Guide

Ref: fibre2fashion.com

Read 1488 times
Rate this item
(0 votes)