What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Coronavirus ကြောင့် ဗီယက်နမ် အထည်အလိပ်လုပ်ငန်းများ အခက်အခဲနဲ့ ကြုံတွေနေ

Coronavirus ကြောင့် ဗီယက်နမ် အထည်အလိပ်လုပ်ငန်းများ အခက်အခဲနဲ့ ကြုံတွေနေ Google

Coronavirus ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းတင်ပို့မှုကိုရပ်စဲထားသဖြင့် ဗီယက်နမ် ရှိ အထည်အလိပ်ထုတ်လုပ်သူများနှင့်

 

ဖိနပ်ထုတ်လုပ်သူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

 

Coronavirus ဖြစ်ပွားမှုသည် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းအပါအဝင် နိုင်ငံ ၏ အဓိက စက်မှုလုပ်ငန်း(၁၀) ခု

 

ကိုပါ ဆိုးကျိုးများသက်ရောက်စေနိုင်သည်ဟု စတော့အိတ်ချိန်း ကုမ္ပဏီ SSI Securities Corporation (SSI) ကပြောကြားခဲ့သည်။

 

အချို့သော အထည်အလိပ်စက်ရုံများသည် ကုန်ကြမ်းများကုန်သွားပြီ ဖြစ်ပြီး အချို့မှာ ကုန်ကြမ်းအနည်းငယ် သာ ကျန်ရှိတော့သည်

 

ဟု ဗီယက်နမ် သတင်းမီဒီယာများကဖော်ပြခဲ့သည်။

 

Coronavirus ကြောင့် တရုတ် နိုင်ငံ Hubei ပြည်နယ်ရှိ စက်ရုံများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ထုတ်လုပ်မှုကိုရပ်စဲကာ

 

စက်ရုံများကို ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

 

ဟိုချီမင်းစီးတီး ရော်ဘာပလက်စတစ် ထုတ်လုပ်သူများအသင်း (HRPMA) ၏ ဥက္ကဌ Quoc Anh ဗီယက်နမ်နိုင်ငံ၏

 

ရော်ဘာနှင့် ပလက်စတစ် ထုတ်လုပ်မှုသည် တရုတ်နိုင်ငံပေါ်တွင် အကြီးအကျယ်မှီခိုနေရကြောင်း ပြောကြားခဲ့သည်။

 

လက်ရှိ ဗီယက်နမ်နိုင်ငံ၏ အထွေထွေ စာရင်းအင်းရုံး (GSO) ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ၏

 

အထည်အလိပ်ဆိုင်ရာ ကုန်ကြမ်းများတင်သွင်းမှု သည် ၁၈.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၉၅၀ သန်းတန်ဖိုးရှိကြောင်းသိရသည်။

 

အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>













 

အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

 
Read 1041 times
Rate this item
(0 votes)
Tagged under