What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူနဲ႔ ျမန္မာခ်ဳပ္ထည္

(zaw+Uni)ဥေရာပသမဂၢမွာ ပါ၀င္ၾကတဲ့ အဖြဲ႕၀င္ ၂၈ ႏုိင္ငံရဲ႕ အ၀တ္အထည္ တင္သြင္းတင္ပုိ႔မႈ

ပမာဏတန္ဖုိး စုစုေပါင္းဟာ ကမၻာ့တင္ပုိ႔မႈရဲ႕ ၁၆ ရာခုိင္ႏႈန္းသာ ရွိပါတယ္။ အ၀တ္အစားနဲ႔ အထည္အလိပ္ေတြ ဥေရာပကုိ တင္သြင္းမႈဟာ အတက္အက် သိပ္မရွိဘူး။ ၀.၅ ရာခုိင္ႏႈန္း၀န္းက်င္သာ တုိးလာေနတာ ေတြ႕ရတယ္။ ဒါေပမဲ့ က်ရိပ္ေတာ့ မရွိဘူးလုိ႔ တြက္ဆထားၾကတယ္။

အာရွမွ တင္သြင္းတ့ဲ ႏုိင္ငံေတြရဲ႕ တင္သြင္းမႈ ပမာဏ ႀကီးထြားႏႈန္းကုိ ၾကည့္ရင္ အေကာက္ခြန္ ကင္းလြတ္ခြင့္ ရရွိတဲ့ ကေမၻာဒီးယားဟာ ႀကီးထြားႏႈန္း ၁၄.၂ % ရွိၿပီး ေလာေလာဆယ္မွာ လုပ္သားခ ျမင့္တက္လာေနျခင္း၊ ဗီယက္နမ္ကုိ ယွဥ္ၿပိဳင္ရျခင္းတုိ႔ကုိ စိန္ေခၚမႈမ်ားအျဖစ္ ရင္ဆုိင္ေနရတယ္။ ဗီယက္နမ္ဟာ ဥေရာပသုိ႔ အ၀တ္အစားေတြတင္ပုိ႔ေနတာ ၆.၅% ႀကီးထြားခဲ့တယ္။ အီးယူနဲ႔ လြတ္လပ္စြာကုန္သြယ္ေရး သေဘာတူညီခ်က္ ရယူထားတယ္။ ဥေရာပဟာ ဗီယက္နမ္အတြက္ အေရးပါတဲ့ ေဈးကြက္အျဖစ္ ဆက္လက္တည္ရွိေနဦးမယ္။

Duty-free ရတာ ေနာက္က်တဲ့ ျမန္မာႏုိင္ငံကေတာ့ ဥေရာပသုိ႔ ခ်ဳပ္ထည္ တင္ပုိ႔မႈပမာဏ ႀကီးထြားႏႈန္း ၆၂% ရွိၿပီး

အခုဆုိရင္ အမ်ားဆုံး တင္သြင္းတဲ့ ႏုိင္ငံေတြမွာ နံပါတ္ ၁၆ မွာ ေရာက္ေနတယ္။ တန္းျမင့္အ၀တ္အစား အပို္ငးအကန္႔ကုိ တက္လွမ္းႏုိင္ရင္ တန္ဖုိးပမာဏအားျဖင့္ ဆက္လက္ႀကီးထြားႏုိင္လိမ့္မယ္။

ပါကစၥတန္က ဥေရာပသုိ႔ ခ်ဳပ္ထည္တင္သြင္းတာမွာ

အေကာက္ခြန္မဲ့ တင္သြင္းခြင့္ကုိ ၂၀၁၄ ခုႏွစ္မွာ စတင္ရရွိခဲ့တယ္။ အဲဒီအတြက္ တင္ပုိ႔မႈ ပမာဏ ႀကီးထြားသြားေစတယ္။ ႀကီးထြားႏႈန္း ၃၇ % ရွိတယ္။ အခုလုိ အေကာက္ခြန္မဲ့ တင္သြင္းခြင့္ ရရွိသြားတဲ့အတြက္ တ႐ုတ္၊ ကေမၻာဒီးယား၊ အိႏိၵယ၊ အင္ဒုိနီးရွား၊ ထုိင္းနဲ႔ ဗီယက္နမ္တုိ႔ကုိ ယွဥ္ၿပိဳင္ႏုိင္စြမ္း ေကာင္းသြားေစပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ကမၻာ႔အ၀တ္အထည္ တင္ပုိ႔မႈမွာ အျမင့္မားဆုံးျဖစ္ေပမဲ့ ဥေရာပသုိ႔ တင္သြင္းမႈမွာေတာ့ ေလ်ာ့နည္းလာေနပါတယ္။ အေၾကာင္းရင္းေတြက တ႐ုတ္ႏုိင္ငံမွာ လုပ္သားခ ျမင့္မားျခင္းေၾကာင့္ ယွဥ္ႏုိင္မႈ အားသာခ်က္ ေလ်ာ့က်ေနတဲ့အျပင္ အေကာက္ခြန္ကင္းလြတ္ခြင့္ မရရွိတာေၾကာင့္ ခ်ဳပ္ထည္ထုတ္လုပ္သူေတြဟာ အျခားဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြမွာ ထုတ္လုပ္ၾကၿပီး ဥေရာပကုိ တင္သြင္းၾကပါတယ္။ အခုလုိ တ႐ုတ္ႏုိင္ငံရဲ႕ ဟာကြက္ကုိ ေနရာ၀င္ယူသူက ဘဂၤလားေဒ့ရွ္ႏုိင္ငံျဖစ္ပါတယ္။ အဓိကက်တဲ့အခ်က္ႏွစ္ခ်က္ျဖစ္တဲ့ လုပ္သားခသက္သာျခင္းနဲ႔ အေကာက္ခြန္ ကင္းလြတ္ခြင့္ ရရွိျခင္းတုိ႔ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ခ်ဳပ္ထည္ထုတ္လုပ္ရာ ဗဟုိခ်က္တစ္ခုအျဖစ္ အသုံးျပဳၾကတာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဟာ ဥေရာပေဈးကြက္အတြက္ ဒုတိယအႀကီးမားဆုံး ရင္းျမစ္ ျဖစ္လာခဲ့ပါတယ္။ တ႐ုတ္အခက္ ဘဂၤလားေဒ့ရွ္အခ်က္ ျဖစ္ေနၿပီး ဥေရာပသုိ႔ တင္ပုိ႔မႈ တစ္ႏွစ္ထက္ တစ္ႏွစ္ ပုိမ်ားလာေနတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဥေရာပေဈးကြက္သုိ႔ ေနာက္ေၾကာင္းရွင္းရွင္းျဖင့္ တင္ပုိ႔ႏုိင္ေစဖုိ႔ ႏုိင္ငံတြင္းမွာ ရွိတဲ့ အတည္ခ်ဳပ္စက္႐ုံ စုစုေပါင္း ၁၉၆၃ ခုကုိ မီးေဘးနဲ႔တကြ ေဘးအႏၱရာယ္လုံၿခဳံေရးအတြက္ ျပင္းထန္တင္းက်ပ္တဲ့ စစ္ေဆးမႈေတြ ခံယူခဲ့တယ္။ စစ္ေဆးမႈမ်ားမွ ေထာက္ျပထားတဲ့ ျပဳျပင္စရာေတြကုိ မပ်က္မကြက္ ေဆာင္ရြက္သြားဖုိ႔ Bangladesh Accord ကုိ ကတိက၀တ္ျပဳခဲ့တယ္။
နာမည္ႀကီး ဖက္ရွင္လုပ္ငန္းႀကီးေတြဟာ ခ်ည္ထုတ္တာမွအစ အထည္အလိပ္နဲ႔ ေဆးဆုိးတာအလယ္ အထည္ခ်ဳပ္ၿပီး ဆုိင္တင္ေရာင္းခ်တာအဆုံး တစ္ေလွ်ာက္လုံး စည္းေဖာက္သမွ်အကုန္လုံး ပုစြန္ေခါင္းလုိ သူတုိ႔ဆီမွာ လာစုၿပီး အျပစ္တင္ခံရ၊ တာ၀န္ယူခုိင္းတာခံရတာမုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ နာမည္ႀကီး အမွတ္တံဆိပ္ေတြ
ဆက္လက္လုပ္ကုိင္ေအာင္ ယခုလုိ ျပဳျပင္စရာရွိတာေတြကုိ ျပဳျပင္သြားမယ္လုိ႔ ကတိက၀တ္ျပဳထားတာ ျဖစ္ပါတယ္။

 

Unicode

ဥရောပသမဂ္ဂမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ အဝတ်အထည် တင်သွင်းတင်ပို့မှု ပမာဏတန်ဖိုး စုစုပေါင်းဟာ ကမ္ဘာ့တင်ပို့မှုရဲ့ ၁၆ ရာခိုင်နှုန်းသာ ရှိပါတယ်။ အဝတ်အစားနဲ့ အထည်အလိပ်တွေ ဥရောပကို တင်သွင်းမှုဟာ အတက်အကျ သိပ်မရှိဘူး။ ဝ.၅ ရာခိုင်နှုန်းဝန်းကျင်သာ တိုးလာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ကျရိပ်တော့ မရှိဘူးလို့ တွက်ဆထားကြတယ်။

အာရှမှ တင်သွင်းတဲ့ နိုင်ငံတွေရဲ့ တင်သွင်းမှု ပမာဏ ကြီးထွားနှုန်းကို ကြည့်ရင် အကောက်ခွန် ကင်းလွတ်ခွင့် ရရှိတဲ့ ကမ္ဘောဒီးယားဟာ ကြီးထွားနှုန်း ၁၄.၂ % ရှိပြီး လောလောဆယ်မှာ လုပ်သားခ မြင့်တက်လာနခြေင်း၊ ဗီယက်နမ်ကို ယှဉ်ပြိုင်ရခြင်းတို့ကို စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်နေရတယ်။ ဗီယက်နမ်ဟာ ဥရောပသို့ အဝတ်အစားတွေတင်ပို့နေတာ ၆.၅% ကြီးထွားခဲ့တယ်။ အီးယူနဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် ရယူထားတယ်။ ဥရောပဟာ ဗီယက်နမ်အတွက် အရေးပါတဲ့ ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေဦးမယ်။

Duty-free ရတာ နောက်ကျတဲ့

မြန်မာနိုင်ငံကတော့ ဥရောပသို့ ချုပ်ထည် တင်ပို့မှုပမာဏ ကြီးထွားနှုန်း ၆၂% ရှိပြီး

အခုဆိုရင် အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေမှာ နံပါတ် ၁၆ မှာ ရောက်နေတယ်။ တန်းမြင့်အဝတ်အစား အပိုင်းအကန့်ကို တက်လှမ်းနိုင်ရင် တန်ဖိုးပမာဏအားဖြင့် ဆက်လက်ကြီးထွားနိုင်လိမ့်မယ်။

ပါကစ္တတန်က ဥရောပသို့ ချုပ်ထည်တင်သွင်းတာမှာ

အကောက်ခွန်မဲ့ တင်သွင်းခွင့်ကို ၂ဝ၁၄ ခုနှစ်မှာ စတင်ရရှိခဲ့တယ်။

အဲဒီအတွက် တင်ပို့မှု ပမာဏ ကြီးထွားသွားစေတယ်။ ကြီးထွားနှုန်း ၃၇ % ရှိတယ်။

အခုလို အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိသွားတဲ့အတွက် တရုတ်၊ ကမ္ဘောဒီးယား၊ အိနိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ယှဉ်ပြိုင်နိုင်စွမ်း ကောင်းသွားစေပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အဝတ်အထည် တင်ပို့မှုမှာ အမြင့်မားဆုံးဖြစ်ပေမဲ့ ဥရောပသို့ တင်သွင်းမှုမှာတော့ လျော့နည်းလာနေပါတယ်။ အကြောင်းရင်းတွေက တရုတ်နိုင်ငံမှာ လုပ်သားခ မြင့်မားခြင်းကြောင့် ယှဉ်နိုင်မှု အားသာချက် လျော့ကျနေတဲ့အပြင် အကောက်ခွန်ကင်းလွတ်ခွင့် မရရှိတာကြောင့် ချုပ်ထည်ထုတ်လုပ်သူတွေဟာ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထုတ်လုပ်ကြပြီး ဥရောပကို တင်သွင်းကြပါတယ်။ အခုလို တရုတ်နိုင်ငံရဲ့ ဟာကွက်ကို နေရာဝင်ယူသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါတယ်။ အဓိကကျတဲ့အချက်နှစ်ချက်ဖြစ်တဲ့ လုပ်သားခသက်သာခြင်းနဲ့ အကောက်ခွန် ကင်းလွတ်ခွင့် ရရှိခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချုပ်ထည်ထုတ်လုပ်ရာ ဗဟိုချက်တစ်ခုအဖြစ် အသုံးပြုကြတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဥရောပဈေးကွက်အတွက် ဒုတိယအကြီးမားဆုံး ရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ တရုတ်အခက် ဘင်္ဂလားဒေ့ရှ်အချက် ဖြစ်နပြေီး ဥရောပသို့ တင်ပို့မှု တစ်နှစ်ထက် တစ်နှစ် ပိုများလာနေတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဥရောပဈေးကွက်သို့ နောက်ကြောင်းရှင်းရှင်းဖြင့် တင်ပို့နိုင်စေဖို့ နိုင်ငံတွင်းမှာ ရှိတဲ့ အတည်ချုပ်စက်ရုံ စုစုပေါင်း ၁၉၆၃ ခုကို မီးဘေးနဲ့တကွ ဘေးအန္တရာယ်လုံခြုံရေးအတွက် ပြင်းထန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ခံယူခဲ့တယ်။ စစ်ဆေးမှုများမှ ထောက်ပြထားတဲ့ ပြုပြင်စရာတွေကို မပျက်မကွက် ဆောင်ရွက်သွားဖို့ Bangladesh Accord ကို ကတိကဝတ်ပြုခဲ့တယ်။
နာမည်ကြီး ဖက်ရှင်လုပ်ငန်းကြီးတွေဟာ ချည်ထုတ်တာမှအစ အထည်အလိပ်နဲ့ ဆေးဆိုးတာအလယ် အထည်ချုပ်ပြီး ဆိုင်တင်ရောင်းချတာအဆုံး တစ်လျှောက်လုံး စည်းဖောက်သမျှအကုန်လုံး ပုစွန်ခေါင်းလို သူတို့ဆီမှာ လာစုပြီး အပြစ်တင်ခံရ၊ တာဝန်ယူခိုင်းတာခံရတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နာမည်ကြီး အမှတ်တံဆိပ်တွေ
ဆက်လက်လုပ်ကိုင်အောင် ယခုလို ပြုပြင်စရာရှိတာတွေကို ပြုပြင်သွားမယ်လို့ ကတိကဝတ်ပြုထားတာ ဖြစ်ပါတယ်။

Read 1007 times
Rate this item
(0 votes)