What's new

×

Warning

JUser: :_load: Unable to load user with ID: 845


EU ေဈးကြက္ GSP EU ဈေးကွက် GSP

Generalised Scheme of Preferences (GSP) ခံစားခြင့္ ရရွိထားတဲ့ ႏုိင္ငံေတြကေန အီးယူ တင္သြင္းလာတဲ့ သြင္းကုန္ေတြကုိ အေကာက္ခြန္ သုည။

တစ္နည္းေျပာရရင္ အေကာက္ခြန္ စည္းၾကပ္ျခင္း မရွိဘူး။ ကင္းလြတ္ခြင့္ ေပးထားေတာ့ အဲဒီမွာတင္ အကုန္အက် အေတာ္သက္သာသြားၿပီ။ ဒီေတာ့ ဝယ္လက္ေတြက အဲဒီအားသာခ်က္ကုိ အသုံးခ်ႏုိင္ဖုိ႔ GSP ရထားတဲ့ ႏုိင္ငံေတြမွာ သူတုိ႔ဝယ္မယ့္ အဝတ္အစားေတြ ခ်ဳပ္ဖုိ႔ ဦးစားေပး စဥ္းစားၾကတယ္။ ဒီေတာ့ ဥေရာပ ေဈးကြက္မွာ GSP ရထားတဲ့ ႏုိင္ငံေတြ မ်က္ႏွာပြင့္တယ္။ ဒီေတာ့ ကေမၻာဒီးယား၊ ျမန္မာနဲ႔ ဗီယက္နမ္တုိ႔လုိ GSP ရထားတဲ့ ႏုိင္ငံေတြကုိ ေရြးခ်ယ္ၾကေလ့ရွိတယ္။ ဒီေတာ့ လူသစ္တန္း ဝင္တုိးမယ့္လုပ္ငန္းအဖုိ႔ အခုလုိ GSP ရထားတာဟာ အားသာခ်က္ ျဖစ္ပါတယ္။
အီးယူလုိ႔ အတု္ေကာက္ ေခၚၾကတဲ့ ဥေရာပသမဂၢ European Unionက ဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြကုိ သက္ညႇာေပးတဲ့အေနျဖင့္ ဥေရာပသုိ႔ တင္ပုိ႔တာေတြအတြက္ အေကာက္ခြန္ႏႈန္းထား ေလ်ာ့ေပါ့ စည္းၾကပ္တာ၊ လုံးဝ မေကာက္ခံတာေတြကုိ ၂ဝ၁၄ ခုႏွစ္မွာ Generalised Scheme of Preferences (GSP) ေခါင္းစဥ္ျဖင့္ စတင္ခဲ့ပါတယ္။
အဲဒီလုိ သက္ညႇာလုိ႔ သက္သာတာေၾကာ္င့ ကမၻာ့ေပးသြင္းမႈကြင္းဆက္မ်ာူး global supply chains အေရြ႕အေျပာင္း ျဖစ္ေပၚခဲ့တယ္။
အရင္တုန္းက တ႐ုတ္၊ ေမာ္႐ုိကုိ၊ တူနီးရွား အစရွိတဲ့ႏုိင္ငံေတြက ဥေရာပသုိ႔ တင္ပုိ႔တဲ့အခါ အေကာက္ခြန္စည္းၾကပ္ျခင္း မျပဳခဲ့ဘူး။ GSP စတင္သက္ေရာက္ က်င့္သုံးတဲ့အခါ အဲဒီႏုိင္ငံေတြ GSP နဲ႔ အက်ဳံးမဝင္လုိ႔ အေကာက္ခြန္ ကင္းလြတ္ခြင့္ မရၾကေတာ့ဘူး။ ဒီေတာ့ ႏုိင္ငံေတြအၾကား အေကာက္ခြန္ မေပးေဆာင္ရတာေၾကာင့္ ရရွိတဲ့ အားသာခ်က္ အေနအထားေတြ ေျပာင္းကုန္တယ္။ GSP ရတဲ့ ျမန္မာ၊ ကေမၻာဒီးယား၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္တုိ႔ဟာ ႏုိင္ငံတကာ အထည္ခ်ဳပ္ေလာကမွာ GSP အားသာခ်က္ ရထားတဲ့ ႏုိင္ငံေတြ ျဖစ္ေနပါတယ္။

ဥေရာပ အဝတ္အစားေဈးကြက္ CSR အေရးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html

ဥေရာပ အဝတ္အစားေဈးကြက္ Suppliers’ Manual အေရးႀကီးပုံ
http://www.textiledirectory.com.mm/articles/item/686-eu-suppliers%E2%80%99-manual.html

အီးယူေဈးကြက္ ဝင္လမ္းသာေစတဲ့အခ်က္မ်ား
http://www.textiledirectory.com.mm/articles/item/697-eu-market-entry-point-guide.html

ဥေရာပကုိ အဝတ္အစား တင္ပုိ႔တဲ့ ႏုိင္ငံေတြမွာ တ႐ုတ္ႏုိင္ငံဟာ အမ်ားဆုံးတင္ပုိ႔တဲ့ ႏုိင္ငံေတြထဲမွာ ပါဝင္ပါတယ္။ ဒါေပမဲ့ အခုလုိ GSP အေရြ႕အေျပာင္းေၾကာင့္ရယ္၊ လုပ္သားခေတြ ျမင့္တက္တာေၾကာင့္ရယ္ တင္ပုိ႔တဲ့ ပမာဏ တစ္ႏွစ္ထက္တစ္ႏွစ္ ေလ်ာ့က်လာေနတာကုိ ေတြ႕ၾကရတယ္။ တ႐ုတ္ျပည္တြင္းေဈးကြက္မွာလည္း ဥေရာပ အဆင့္အတန္း ရွိတဲ့ အဝတ္အစားေတြ ဝယ္ယူဝတ္ဆင္ၾကတာ သိသိသာသာ တုိးလာေနတာေၾကာင့္လည္း တန္းျမင့္ အဝတ္အစားေတြ ျပည္တြင္းေဈးကြက္ထဲ စီးဝင္ကုန္တာလည္း ရွိတယ္။ အဲဒီျဖစ္စဥ္ေၾကာင့္ တျခား ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ားမွ အထည္ခ်ဳပ္ စက္႐ုံေတြ အခြင့္အလမ္းေကာင္းေတြ ဖန္တီးေပးလုိက္သလုိ ျဖစ္သြားတယ္။
အဲဒီ အခြင့္အလမ္းေကာင္းကုိ ရယူဖုိ႔ ဆုိတာကေတာ့ ယူႏုိင္မွ ရမယ္လုိ႔ ေျပာရပါလိမ့္မယ္။ ထုတ္လုပ္မႈစြမ္းအား၊ ဝန္ေဆာင္မႈ အဆင့္အတန္းေတြ တ႐ုတ္ႏုိင္ငံထက္ မသာရင္ေတာင္ မနိမ့္ဖုိ႔ လုိပါလိမ့္မယ္။ အခြင့္အလမ္းေကာင္း ရတဲ့ ႏုိင္ငံေတြမွာ ရွိေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြအၾကား ယွဥ္ၿပိဳင္ၾကတဲ့အခါ လုပ္သားခ သက္သာတာခ်င္း၊ GSP ရထားတာခ်င္းေတြက အတူတူ ျဖစ္ေနတယ္။
ေနာက္တစ္ခ်က္က ခ်ဳပ္ၿပီးသား အဝတ္အစားေတြကုိ သယ္ပုိ႔ရတဲ့ ခရီးတာ အကြာအေဝး ျဖစ္ပါတယ္။ အခုအခါ ဥေရာပနဲ႔ နီးနီးနားနားမွာ ရွိေနၿပီး လုပ္သားခ မျမင့္မားတဲ့ ႏုိင္ငံေတြမွာ အထည္ခ်ဳပ္လုပ္ငန္းေတြ လုပ္ကုိင္ေနၾကၿပီ ျဖစ္ပါတယ္။ အစုိးရေတြကလည္း အင္တုိက္အားတုိက္ လုပ္ေပးေနၾကတာ ေတြ႕ရတယ္။ အီဂ်စ္၊ တန္ဇန္းနီးယား၊ ကင္ညာ၊ အီသီယုိးပီးယား စတဲ့ႏုိင္ငံေတြမွာ အထည္ခ်ဳပ္လုပ္ငန္းက႑ ႀကီးထြားလာေနတာကုိ ေတြ႕ရတယ္။ ဒီေတာ့ အာရွဘက္ကုိ စီးမလာေတာ့ဘဲ အဲဒီ ႏုိင္ငံေတြမွာတင္ ခ်ဳပ္လုပ္တင္ပုိ႔တာေတြ ရွိလာပါလိမ့္မယ္။

ဒီေနရာမွာ ေရွ႕မဆက္ခင္ အႀကံျပဳလုိတာက အေရအတြက္ အေျမာက္အျမား မထုတ္လုပ္ဘဲ အကန္႔အသတ္ျဖင့္ ထုတ္လုပ္တဲ့ အဝတ္အစား BRAND မ်ဳိးေတြကုိ ဦးစားေပးၿပီး ရွာေဖြသင့္တယ္။ အရည္အေသြးပုိင္းကုိ အစဥ္ျမႇင့္တင္ေပးေနရမယ္။ အရည္အေသြးပုိျမင့္တဲ့ အဝတ္အစားေတြ၊ ခ်ဳပ္လုပ္ရာမွာ လက္ဝင္တဲ့ အဝတ္အစားေတြ၊ ခ်ဳပ္ရတဲ့ အဆင့္ဆင့္ေတြ ပုိမ်ားတဲ့ အဝတ္အစားေတြကုိ ေရြးခ်ယ္သင့္တယ္။ စက္ခ်ဳပ္သမေတြရဲ႕ အရည္အေသြးေတြကုိလည္း ဆြဲတင္ေပးဖုိ႔ လုိမယ္။ လုပ္ခေတြကုိလည္း လုိက္ေလ်ာညီစြာ တုိးေပးဖုိ႔ လုိပါလိမ့္မယ္။
ဥေရာပ ဝယ္လက္ေတြ ရင္းျမစ္ျပဳဖို႔ GSP ရထားတဲ့ ႏုိင္ငံ ေနရာသစ္ကုိ ေရြးတဲ့အခါ တန္ဖုိးႀကီးမားၿပီး လူအား အမ်ားႀကီးသုံးရတဲ့ အဝတ္အစား ထုတ္ကုန္မ်ဳိးေတြကုိ အရင္ဆုံး ဦးစားေပးၿပီး ေနရာေရႊ႕ၾကတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ လူအားသုံးရတဲ့အတြက္ လုပ္သားခ သက္သာရာကုိ ရွာႏုိင္ေလ ကုန္က်စရိတ္သက္သာေလ ျဖစ္တယ္။ ထုတ္ကုန္ တန္ဖုိးႀကီးေလ GSP ေၾကာင့္ သက္သာသြားတဲ့ သြင္းကုန္အခြန္ ပုိမ်ားေလ ျဖစ္ပါတယ္။


ကေလးအဝတ္အထည္၊ ဂ်င္းထည္၊ အားကစားဝတ္စုံ စသျဖင့္ ဘယ္အပုိင္းက႑ကုိ ခ်ဳပ္မလဲဆုိတာကုိလည္း ေရြးခ်ယ္ၿပီး ေလ့လာစူးစမ္းထားသင့္တယ္။ အခုေခတ္စားလာေနတဲ့ Cradle-2-Cradle မွာ ဝင္ပါမလား စသျဖင့္ စဥ္းစားႀကံဆထားသင့္ပါတယ္။ Cradle to Cradle အေၾကာင္းကုိ ေနာင္အလ်ဥ္းသင့္ရင္ သီးျခား တင္ျပပါဦးမယ္။
အခ်ိတ္အဆက္ေတြ ရဖုိ႔ ကုန္သြယ္မႈျပပြဲေတြ၊ ကြန္ဖရင့္ေတြ တက္ေရာက္သင့္တယ္။
CSR standards ေတြ ေကာင္းမြန္ေအာင္ အကုန္အက်ခံၿပီး လုပ္ထားသင့္တယ္။ CSR ေကာင္းရင္ ခင္ဗ်ား႐ုံးခန္းကုိ တံခါးလာေခါက္မယ့္သူေတြ ရွိေနတယ္။

ဆက္လက္ၿပီး အစားထုိးေနရာယူႏုိင္ပုံကုိ တင္ျပပါဦးမယ္။

unicode

Generalised Scheme of Preferences (GSP) ခံစားခွင့် ရရှိထားတဲ့ နိုင်ငံတွေကနေ အီးယူ တင်သွင်းလာတဲ့ သွင်းကုန်တွေကို အကောက်ခွန် သုည။ တစ်နည်းပြောရရင် အကောက်ခွန် စည်းကြပ်ခြင်း မရှိဘူး။ ကင်းလွတ်ခွင့် ပေးထားတော့ အဲဒီမှာတင် အကုန်အကျ အတော်သက်သာသွားပြီ။ ဒီတော့ ဝယ်လက်တွေက အဲဒီအားသာချက်ကို အသုံးချနိုင်ဖို့ GSP ရထားတဲ့ နိုင်ငံတွေမှာ သူတို့ဝယ်မယ့် အဝတ်အစားတွေ ချုပ်ဖို့ ဦးစားပေး စဉ်းစားကြတယ်။ ဒီတော့ ဥရောပ ဈေးကွက်မှာ GSP ရထားတဲ့ နိုင်ငံတွေ မျက်နှာပွင့်တယ်။ ဒီတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ်တို့လို GSP ရထားတဲ့ နိုင်ငံတွေကို ရွေးချယ်ကြလေ့ရှိတယ်။ ဒီတော့ လူသစ်တန်း ဝင်တိုးမယ့်လုပ်ငန်းအဖို့ အခုလို GSP ရထားတာဟာ အားသာချက် ဖြစ်ပါတယ်။
အီးယူလို့ အတု်ကောက် ခေါ်ကြတဲ့ ဥရောပသမဂ္ဂ European Unionက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သက်ညှာပေးတဲ့အနဖြေင့် ဥရောပသို့ တင်ပို့တာတွေအတွက် အကောက်ခွန်နှုန်းထား လျော့ပေါ့ စည်းကြပ်တာ၊ လုံးဝ မကောက်ခံတာတွေကို ၂ဝ၁၄ ခုနှစ်မှာ Generalised Scheme of Preferences (GSP) ခေါင်းစဉ်ဖြင့် စတင်ခဲ့ပါတယ်။
အဲဒီလို သက်ညှာလို့ သက်သာတာကြော်င့ ကမ္ဘာ့ပေးသွင်းမှုကွင်းဆက်မျာူး global supply chains အရွေ့အပြောင်း ဖြစ်ပေါ်ခဲ့တယ်။
အရင်တုန်းက တရုတ်၊ မော်ရိုကို၊ တူနီးရှား အစရှိတဲ့နိုင်ငံတွေက ဥရောပသို့ တင်ပို့တဲ့အခါ အကောက်ခွန်စည်းကြပ်ခြင်း မပြုခဲ့ဘူး။ GSP စတင်သက်ရောက် ကျင့်သုံးတဲ့အခါ အဲဒီနိုင်ငံတွေ GSP နဲ့ အကျုံးမဝင်လို့ အကောက်ခွန် ကင်းလွတ်ခွင့် မရကြတော့ဘူး။ ဒီတော့ နိုင်ငံတွေအကြား အကောက်ခွန် မပေးဆောင်ရတာကြောင့် ရရှိတဲ့ အားသာချက် အနေအထားတွေ ပြောင်းကုန်တယ်။ GSP ရတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့ဟာ နိုင်ငံတကာ အထည်ချုပ်လောကမှာ GSP အားသာချက် ရထားတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။

ဥရောပ အဝတ်အစားဈေးကွက် CSR အရေးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html

ဥရောပ အဝတ်အစားဈေးကွက် Suppliers’ Manual အရေးကြီးပုံ
http://www.textiledirectory.com.mm/articles/item/686-eu-suppliers%E2%80%99-manual.html

အီးယူဈေးကွက် ဝင်လမ်းသာစေတဲ့အချက်များ
http://www.textiledirectory.com.mm/articles/item/697-eu-market-entry-point-guide.html

ဥရောပကို အဝတ်အစား တင်ပို့တဲ့ နိုင်ငံတွေမှာ တရုတ်နိုင်ငံဟာ အများဆုံးတင်ပို့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ အခုလို GSP အရွေ့အပြောင်းကြောင့်ရယ်၊ လုပ်သားခတွေ မြင့်တက်တာကြောင့်ရယ် တင်ပို့တဲ့ ပမာဏ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေတာကို တွေ့ကြရတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာလည်း ဥရောပ အဆင့်အတန်း ရှိတဲ့ အဝတ်အစားတွေ ဝယ်ယူဝတ်ဆင်ကြတာ သိသိသာသာ တိုးလာနေတာကြောင့်လည်း တန်းမြင့် အဝတ်အစားတွေ ပြည်တွင်းဈေးကွက်ထဲ စီးဝင်ကုန်တာလည်း ရှိတယ်။ အဲဒီဖြစ်စဉ်ကြောင့် တခြား ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်ချုပ် စက်ရုံတွေ အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်။
အဲဒီ အခွင့်အလမ်းကောင်းကို ရယူဖို့ ဆိုတာကတော့ ယူနိုင်မှ ရမယ်လို့ ပြောရပါလိမ့်မယ်။ ထုတ်လုပ်မှုစွမ်းအား၊ ဝန်ဆောင်မှု အဆင့်အတန်းတွေ တရုတ်နိုင်ငံထက် မသာရင်တောင် မနိမ့်ဖို့ လိုပါလိမ့်မယ်။ အခွင့်အလမ်းကောင်း ရတဲ့ နိုင်ငံတွေမှာ ရှိနေတဲ့ အထည်ချုပ်လုပ်ငန်းတွေအကြား ယှဉ်ပြိုင်ကြတဲ့အခါ လုပ်သားခ သက်သာတာချင်း၊ GSP ရထားတာချင်းတွေက အတူတူ ဖြစ်နေတယ်။
နောက်တစ်ချက်က ချုပ်ပြီးသား အဝတ်အစားတွေကို သယ်ပို့ရတဲ့ ခရီးတာ အကွာအဝေး ဖြစ်ပါတယ်။ အခုအခါ ဥရောပနဲ့ နီးနီးနားနားမှာ ရှိနပြေီး လုပ်သားခ မမြင့်မားတဲ့ နိုင်ငံတွေမှာ အထည်ချုပ်လုပ်ငန်းတွေ လုပ်ကိုင်နကြပြေီ ဖြစ်ပါတယ်။ အစိုးရတွေကလည်း အင်တိုက်အားတိုက် လုပ်ပေးနကြေတာ တွေ့ရတယ်။ အီဂျစ်၊ တန်ဇန်းနီးယား၊ ကင်ညာ၊ အီသီယိုးပီးယား စတဲ့နိုင်ငံတွေမှာ အထည်ချုပ်လုပ်ငန်းကဏ္ဍ ကြီးထွားလာနေတာကို တွေ့ရတယ်။ ဒီတော့ အာရှဘက်ကို စီးမလာတော့ဘဲ အဲဒီ နိုင်ငံတွေမှာတင် ချုပ်လုပ်တင်ပို့တာတွေ ရှိလာပါလိမ့်မယ်။

ဒီနေရာမှာ ရှေ့မဆက်ခင် အကြံပြုလိုတာက အရေအတွက် အမြောက်အမြား မထုတ်လုပ်ဘဲ အကန့်အသတ်ဖြင့် ထုတ်လုပ်တဲ့ အဝတ်အစား BRAND မျိုးတွေကို ဦးစားပေးပြီး ရှာဖွေသင့်တယ်။ အရည်အသွေးပိုင်းကို အစဉ်မြှင့်တင်ပေးနေရမယ်။ အရည်အသွေးပိုမြင့်တဲ့ အဝတ်အစားတွေ၊ ချုပ်လုပ်ရာမှာ လက်ဝင်တဲ့ အဝတ်အစားတွေ၊ ချုပ်ရတဲ့ အဆင့်ဆင့်တွေ ပိုများတဲ့ အဝတ်အစားတွေကို ရွေးချယ်သင့်တယ်။ စက်ချုပ်သမတွေရဲ့ အရည်အသွေးတွေကိုလည်း ဆွဲတင်ပေးဖို့ လိုမယ်။ လုပ်ခတွေကိုလည်း လိုက်လျောညီစွာ တိုးပေးဖို့ လိုပါလိမ့်မယ်။
ဥရောပ ဝယ်လက်တွေ ရင်းမြစ်ပြုဖို့ GSP ရထားတဲ့ နိုင်ငံ နေရာသစ်ကို ရွေးတဲ့အခါ တန်ဖိုးကြီးမားပြီး လူအား အများကြီးသုံးရတဲ့ အဝတ်အစား ထုတ်ကုန်မျိုးတွေကို အရင်ဆုံး ဦးစားပေးပြီး နေရာရွှေ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူအားသုံးရတဲ့အတွက် လုပ်သားခ သက်သာရာကို ရှာနိုင်လေ ကုန်ကျစရိတ်သက်သာလေ ဖြစ်တယ်။ ထုတ်ကုန် တန်ဖိုးကြီးလေ GSP ကြောင့် သက်သာသွားတဲ့ သွင်းကုန်အခွန် ပိုများလေ ဖြစ်ပါတယ်။


ကလေးအဝတ်အထည်၊ ဂျင်းထည်၊ အားကစားဝတ်စုံ စသဖြင့် ဘယ်အပိုင်းကဏ္ဍကို ချုပ်မလဲဆိုတာကိုလည်း ရွေးချယ်ပြီး လေ့လာစူးစမ်းထားသင့်တယ်။ အခုခေတ်စားလာနေတဲ့ Cradle-2-Cradle မှာ ဝင်ပါမလား စသဖြင့် စဉ်းစားကြံဆထားသင့်ပါတယ်။ Cradle to Cradle အကြောင်းကို နောင်အလျဉ်းသင့်ရင် သီးခြား တင်ပြပါဦးမယ်။
အချိတ်အဆက်တွေ ရဖို့ ကုန်သွယ်မှုပြပွဲတွေ၊ ကွန်ဖရင့်တွေ တက်ရောက်သင့်တယ်။
CSR standards တွေ ကောင်းမွန်အောင် အကုန်အကျခံပြီး လုပ်ထားသင့်တယ်။ CSR ကောင်းရင် ခင်ဗျားရုံးခန်းကို တံခါးလာခေါက်မယ့်သူတွေ ရှိနေတယ်။

ဆက်လက်ပြီး အစားထိုးနေရာယူနိုင်ပုံကို တင်ပြပါဦးမယ်။

Read 1130 times
Rate this item
(0 votes)