What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် နောင်လာမည့်ကိုးနှစ်တွင် အလွန်းတိုးတက်လာမည်ဖြစ်သည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် နောင်လာမည့်ကိုးနှစ်တွင် အလွန်းတိုးတက်လာမည်ဖြစ်သည် google
၂၀၂၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် မလေးရှား ၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံတို့၏ စီးပွားရေးကိုကျော်လွန်သွားလိမ့်မည်ဖြစ်သည်။
ကမ္ဘာစီးပွားရေးအဆင့်တွင် လက်ရှိအဆင့် ၄၀ မှ အဆင့် ၃၀ လောက်ထိမြှင့်တက်သွားလိမ့်မည်ဟု ကမ္ဘာစီးပွားရေးဗဟိုဌာနနှင့် စီးပွားရေး သုတေသန ဌာန
တို့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၉ နှင့် ၂၀၃၄ ခုနှစ်တို့တွင် လက်ရှိအဆင့် ၄၀ မှ အဆင့် ၂၅ နှင့် ၂၆ သို့တက်လာနိုင်သည်ဟု ဆက်လက်ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့တဲ့နှစ်က ၇.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုးတက်မှုနှုန်း ၇.၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကိုတွေ့ရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြည်ပအထည်အလိပ်လုပ်ငန်းများ၏ရင်းနှီမြှုပ်နှံများပိုမိုများလာပြီး
အထည်အလိပ်တင်ပို့မှု ကဏ္ဍ မှာ သိသာစွာတိုးတက်လာသည်ကိုတွေ့ရသည်။
၂၀၁၄ ခုနှစ်မှစ၍ တိုင်းပြည်၏ လူဦးရေသည် တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းဖြင့်တိုးတက်လျက်ရှိကြောင်းကိုတွေ့ရသည်။
ဆိုလိုသည်မှာမကြာစေမီကာလအတွင်း တစ်ဦးချင်းဝင်ငွေမှာ သိသိသာသာ တိုးတက်လာသည်ကိုတွေ့ရသည်။
CEBR ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် နောင်လာမည့်ကိုးနှစ်အတွင်း
ဤအထင်ကြီးဖွယ်နှုန်းနှင့် ဆက်လက်တည်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Reference;fibre2fashion.com
Myanmar Textile and Garment Directory
Read 1197 times
Rate this item
(0 votes)
Tagged under