What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်ကဏ္ဍ ၂၀၂၀ သုံးသပ်ချက်

(Unicode)
●၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဇန်နဝါရီလ အထိ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု ပမာဏ

အမေရိကန်ဒေါ်လာ ၁.၈၆ ဖိုး (ကျပ် ၂.၅ ထရီလျံ) ရှိခဲ့သည်
● ယခင်နှစ်၎င်းကာလနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ၅၆၈ သန်း ဖိုး ပိုများ
● နိုင်ငံတစ်ဝန်းတွင် အထည်ချုပ် စက်ရုံ ၅၀၀ နီးပါး ရှိနပြေီး လုပ်သားအင်အားစုမှာ ဦးရေ ၃ သန်းခွဲ ဝန်းကျင်ရှိ
● ဂျပန်၊ ဟောင်ကောင်၊ အီးယူနှင့် တောင်ကိုရီးယား အစရှိသည့် ဈေးကွက်တို့မှ ပြည်ပလုပ်ငန်းများ လာရောက်လုပ်ကိုင်လျက်ရှိ
● အထည်ချုပ်ကဏ္ဍ တိုးတက်ရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ရေးတို့အတွက် ၁၀ နှစ် မဟာဗျူဟာကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
● အထည်နှင့် ဖိနပ်ချုပ်သည့် အထည်ချုပ်ကဏ္ဍသည် cut-make-pack (CMP) စနစ်ကိုသာ အဓိက လုပ်ကိုင်လျက်ရှိ။ တန်ဖိုး ပိုမိုဖြည့်ထည့်ပေးမည့် “free-on-board” (FOB) စနစ်သို့ ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းမှု စတင်ခဲ့သော်လည်း သိသာထူးခြားမှု မတွေ့ရသေးပေ
● ၂၀၂၀ ခုနှစ်တွင် မြန်မာအထည်ချုပ်လုပ်ငန်းသည် လုပ်သားအင်အားစု ဦးရေ တစ်သန်းခွဲ ရှိမည်ဖြစ်ပြီး ပြည်ပတင်ပို့မှုသည် ကန်ဒေါ်လာ ၁၀ မှ ၁၂ ဘီလျံအထိ ရှိမည်ဟု မျှော်မှန်း
● ယခုအထိ ဖွံ့ဖြိုးတိုးတက်မှုများအရ ချင့်ချိန်လျှင် ယခုလို CMP အပိုင်းကိုသာ ဆက်လက်လုပ်ကိုင်နကြေဦးမည် ဆိုပါက ၂၀၂၄ ခုနှစ်၌ပင်လျှင် ပြည်ပတင်ပို့မှုသည် ကန်ဒေါ်လာ ၁၀ မှ ၁၂ ဘီလျံအထိ ရှိဖို့ မလွယ်ကူဟု ဆောင်းပါးရှင် Jozef De Coster က သုံးသပ်ထား
● ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၅ နှစ်တာကာလကို ပြန်ကြည့်လျှင် အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု သုံးဆတိုးခဲ့သည်။ ၂၀၁၂ တွင် ကန်ဒေါ်လာ ဝ.၉ ဘီလျံ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၇ ဘီလျံ ဖြစ်လာသည်။ ရာခိုင်နှုန်းအားဖြင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်း ဆတိုး တိုးခဲ့
● ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းကို ကြည့်လျှင် ရင်းနှီးမြှုပ်နှံမှု အသစ်များ စီးဝင်နေဆဲ
● အထည်ချုပ်ကဏ္ဍ လက်ရှိကြီးထွားနှုန်းသည် မြန်ဆန်သည်။ သို့သော် အမျိုးသား ပို့ကုန် မဟာဗျူဟာ ၂၀၁၅- ၂၀၁၉ တွင် ချမှတ်ထားသည့် မြန်ဆန်နှုန်းကို မမီချေ။
● ကမ္ဘာ့ဖက်ရှင်ကုမ္ပဏီများ၊ အာရှမှ ကုမ္ပဏီများ အထူးသဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းများသည် ချုပ်ထည်ထုတ်လုပ်မှုများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနကြေဆဲ ဖြစ်ရာ၌ အဓိက အခရာအကြောင်းတရားမှာ လုပ်ခ သက်သာခြင်း ဖြစ်သည်။ လုပ်ခ သက်သာခြင်းသည် ရေရှည်တည်တံ့မည့် အားသာချက် မဟုတ်ချေ။
● အနည်းဆုံးလုပ်ခ တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃,၆၀၀ သည် ကန်ဒေါ်လာ ၂ ဒေါ်လာခွဲဝန်းကျင် ရှိသည်။ အနည်းဆုံးလုပ်ခ် သတ်မှတ်ချက်ကို ကျပ် ၄,ဝဝဝ နှင့်အထက် (ကျပ် ၄,၈၀၀အထိ) ပြောင်းလဲသတ်မှတ်ရတော့မည်ဖြစ်သည်။ ထိုအခါ (၂၀၁၈ ခုနှစ် မတ်လ) တစ်ရက်အလုပ်ချိန် ၈ နာရီ အတွက် လုပ်ခသည် ကန်ဒေါ်လာ ၃ ဒေါ်လာခွဲ ဝန်းကျင် ဖြစ်လာမည်။ အကယ်၍ ကျပ် ၄,၈၀၀ ကို အတည်ပြုပါက လုပ်ခသည် ၃၃% တိုးသွားခြင်း ဖြစ်သည်ဟု ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများက ရှုမြင်ကြမည် ဖြစ်သည်။

● ● ● လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း ဖတ်ရှုရန်လင့်ခ်
လစာနဲ့ အချိန်ပိုလုပ်ခ

● မြန်မာ အထည်ချုပ်ကဏ္ဍသည် အီးယူ၊ ဂျပန်နှင့် ကနေဒါ ဈေးကွက်များသို့ တင်ပို့ပါက အကောက်ခွန် သုည သတ်မှတ်ချက် ရရှိထားသည်။ အမေရိကန်သည် စီးပွားရေး ပိတ်ဆို့မှုများ အားလုံးကို အိုဘားမား လက်ထက်အကုန်ပိုင်း(အောက်တိုဘာလ ၂၀၁၆ခုနှစ်)တွင် ဖယ်ရှားပေးခဲ့သည်။ ထိုအချက်တို့ကြောင့် အထည်ချုပ်ကဏ္ဍသည် ပွင့်လန်းသွားခဲ့ခြင်း ဖြစ်သည်။ အရည်အသွေးပိုင်း ဖွံ့ဖြိုးတိုးတက်ခြင်းသည် အဓိက မကျချေ။

● အခြားနိုင်ငံများနှင် ယှဉ်ပြိုင်ရာ၌ အောင်မြင်မှု ရမရဆိုသည်ကို ကြည့်မည်ဆိုပါက

● ● ဝယ်လက်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် ယှဉ်ပြိုင်နိုင်စွမ်း ပိုရှိသည့် ထုတ်လုပ်မှု တည်နေရာများကို ရှာဖွေသည့်အခါ အရှေ့တောင်အာရှ ၅ နိုင်ငံကို အများစုက ကြည့်ကြသည်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကြည့်သည်။
● ● ထို ၅ နိုင်ငံတွင် မြန်မာနိုင်ငံသည် နောက်ကျကျန်နေခဲ့ခြင်းက အကျိုးပြုနေသည်။
ဈေးသက်သာသည့်နိုင်ငံ ဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆက်လက်ထိန်းထားနိုင်ခြင်းတို့တွင် မြန်မာနိုင်ငံကဲ့သို့ လျင်မြန်စွာ ရှေ့တိုးနိုင်ဖို့ မလွယ်ကြချေ။
● ● မြန်မာနိုင်ငံမှ မန်နေဂျာများ၊ လုပ်ငန်းရှင်များသည် နှစ်လိုစရာကောင်းပြီး အပြုသဘောဆောင်သည့် သဘောထားအမြင်ရှိကြသည်ဟု နာမည်ကောင်း ရထားကြသည်။
● ● ပြည်ပနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနှင် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အထည်ချုပ်ကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်ပူးပေါင်းလုပ်ကိုင်လျက် ရှိပြီး လူမှုရေးနှင့် လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်။ နောက်သုံးနှစ်ကြာပြီးချိန်တွင် သိသိသာသာ တိုးတက်ကောင်းမွန်သွားမည့် အလားအလာကောင်းများ ရှိနေသည်။
● ● Business Social Compliance Initiative (BSCI) စစ်ဆေးမှု ခံယူထားပြီးဖြစ်သော အထည်ချုပ်စက်ရုံ ၁၀၀ ကျော် ရှိသည်။
● ● အထည်ချုပ်လုပ်ငန်းရှင်များ ပါဝင်သည့် MGMA (Myanmar Garment Manufacturers Association)၊ AVE (the Foreign Trade Association of German Retailers) တို့ ပူးပေါင်းဆောင်ရွက်မှုများသည် ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်ထွန်းလျက် ရှိသည်။
● ● အီးယူ ရန်ပုံငွဖြေင့် ရပ်တည်နေသည့် SMART Myanmar project နှင့် MGMA တို့သည် အထည်ချုပ်ကဏ္ဍမှ SME များကို ယှဉ်ပြိုင်နိုင်ရည် တက်စေရန်နှင့် ဆက်လက်တည်တံ့နိုင်စေရန် စူးစိုက်လုပ်ကိုင်ပေးလျက် ရှိသည်။

ဤအချက်များသည် မြန်မာနိုင်ငံကို ထုတ်လုပ်မှု တည်နေရာအဖြစ် ရွေးချယ်စေရန် မျက်စိကျစရာ ဖြစ်နေသည်။

● မြန်မာနိုင်ငံ၏ တိုးတက်မှုကို ဂျီဒီပီ ကြီးထွားမှုအရ ကြည့်လျှင် ၇.၅ ရာခိုင်နှုန်း ၂၀၁၇ ခုနှစ်တွင် ရှိခဲ့ပြီး အလားတူ ကြီးထွားနှုန်းကို ဆက်လက်ရရှိရန် အလားအလာများ ရှိနေသည်။
● စီးပွားရေးစင်္ကြံများသည် မြန်မာနိုင်ငံကို ဖြတ်သန်းထားပြီး စီးပွားရေးကြီးထွားနှုန်း မြန်ဆန်သည့် စီးပွားရေး အကြီးစားနှစ်ခုဖြစ်ည့် တရုတ်နိုင်ငံနှင့် အိနိ္ဒယနိုင်ငံများ၏ ကြားတွင် မြန်မာနိုင်ငံ တည်ရှိနေသည့် ပထဝီဆိုင်ရာ အားသာချက် ရှိနေသည်ကို အကျိုးဖြစ်ထွန်းအောင် အသုံးချနိုင်မည်ဆိုလျှင် ကြီးပွားတိုးတက်မှု ကြီးမားမြန်ဆန်လိမ့်မည်။ Bangladesh-China-India-Myanmar Economic Corridor (BCIMEC)၊ တရုတ်နိုင်ငံမှ ကမကထပြုသည့် Belt & Road Initiative၊ China-Indochine Peninsula Economic Corridor (CICPEC) တို့သည် မြန်မာနိုင်ငံကို ဖြတ်သန်းထားသည်။
● အထည်ချုပ်ကဏ္ဍအတွက် ကောင်းချက်များ ရှိသလို အားနည်းချက်များလည်း ရှိနေသည်။ အထည်ချုပ်မည့်သူများ ရရှိဖို့ ခက်ခဲလာနေသည်။ လက်ရှိလုပ်သားများကို မိမိစက်ရုံတွင် ဆက်လက်လုပ်ကိုင်အောင် ထိန်းထားဖို့လည်း ခဲယဉ်းလာနေသည်။ ထိုအဖြစ်ကို အထည်ချုပ်လုပ်ငန်း အများစု စေုဝးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ကြုံနေရသည်။ (၂၀၁၆ ခုနှစ်တွင် အထည်ချုပ်လုပ်သား ဦးရေသည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးသိန်းခန့် ရှိခဲ့စဉ် ပဲခူးတွင် နှစ်သောင်းကျော်၊ ပုသိမ်တွင် လေးထောင်ကျော်နှင့် သန်လျင်တွင် သုံးထောင်ကျော် ရှိခဲ့သည်)

● ● ● ဆက်စပ်ဖတ်ရှုရန်လင့်ခ်
ရန်ကုန်အထည်ချုပ်လုပ်သားတို့ အကြောင်း

● ကုမ္ပဏီများက လုပ်သားများကို ကျွမ်းကျင်မှုတိုးရန် သင်ပြပေးကြရပြီး လုပ်သားတို့က ကျွမ်းကျင်မှု ရရှိလာသည့်အခါ ဝင်ငွေ အနည်းငယ် ပိုရသည့် အခြားစက်ရုံသို့ ပြောင်းရွှေ့ လုပ်ကိုင်ကြသည့်အခါ လုပ်ငန်းရှင်တို့ စိတ်ပျက်ရသည်။

● ရန်ကုန်တွင် မြေဈေးနှင့် ငှါးရမ်းခတို့ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်မှာ အလွန်မြင့်မားနပြေီ ဖြစ်သဖြင့် အထည်ချုပ်ကုမ္ပဏီများသည် အခြားတိုင်းဒေသကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် စဉ်းစားနကြေရသည်။
● အဆင်မပြေမှုတစ်ခုမှာ ရန်ကုန်မြို့တွင် ယာဉ်သွားလာမှု ကျပ်တည်းခြင်း ဖြစ်သည်။ အခြေခံလူတန်းစားတို့အဖို့ အလုပ်တက်ဆင်းရန် သွားလာရသည့်အချိန်သည် အလုပ်ချိန် တစ်နေ့ ၈ နာရီ၏ ထက်ဝက်ဖြစ်သည့် ၄ နာရီ နီးပါးမှ ၄ နာရီကျော်သည်အထိ နေ့စဉ် အချိန်ကုန်နကြေသည်။ ဘတ်စ်ကား အဟောင်းများကို အသစ်များဖြင့် အစားထိုးခဲ့ပြီးသည့်နောက်တွင် လမ်းပေါ် ပြေးနေသည့် စီးရေ သိသိသာသာ ပိုမိုများပြားလာခဲ့ပြီး ယာဉ်ကြောကျပ်ခြင်း ပိုမိုဖြစ်ပေါ်စေသည်။
အကြောင်းကိစ္စရှိ၍ သွားလာရလျှင်လည်း အလားတူပင် ၄ နာရီ ဝန်းကျင် အချိန်ကုန်နကြေသည်။ မင်္ဂလာဒုံ စက်မှုဇုန်တွင် တည်ရှိသည့် အထည်ချုပ်လုပ်ငန်းမှ အကြီးအကဲတစ်ဦးသည် SMART Myanmar မှ ကျင်းပသည့် ဟောပြောပွဲတစ်ခုကို တက်ရောက်ရန် စက်ရုံမှ မြို့လယ်ပိုင်းသို့ သွားသည့်အခါ ၁၇ ကီလိုမီတာ ခရီးကို အသွားခရီးအတွက် အချိန် ၂ နာရီ လိုအပ်သည်။ အပြန်ခရီးအတွက် နောက်ထပ် ၂ နာရီ လိုအပ်သည်။ ကုန်သေတ္တာတင်ယာဉ်များ နေ့မထွက်ရခြင်းသည်လည်း သင်္ဘောအတင်အချ သယ်ပို့ရန် တစ်ရက် ပိုကြာတတ်သည်။
● လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည် နာရီပိုင်းမျှသာ မဟုတ်။ နေ့စဉ်ရက်ဆက် လုံးဝ ပြတ်တောက်နေသည်များ ရှိသည်။ သီတင်းပတ် တစ်ပတ်မက မီးမလာသည့်အခါများ ရှိသည်ဟု အထည်ချုပ်လုပ်ငန်းရှင်တို့ ပြောပြလေ့ရှိသည်။ ထို့အတွက် ကျားကန်ရန် မီးစက်များကို ရင်းနှီးမြှုပ်နှံထားရသည်။ မီးစက်သုံးစွဲရသည့် နာရီများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်သည့်အပြင် မီးအားသုံးစွဲမှု မလောက်မင ဖြစ်ရသည်များလည်း ရှိသည်။
● လုပ်ခ ၃၃ ရာခိုင်နှုန်း တိုးပြီးသည့်အခါ နှုန်းထားသစ်အတွက် လုပ်ငန်းရှင်တို့ ချိန်ညှိကြရတော့မည်ဖြစ်ပေရာ အကယ်၍ ကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းပါက မရှူနိုင်မကယ်နိုင် ဖြစ်ဖွယ်ရာ ရှိသည်။ (သမဂ္ဂများမှ တင်ပြသည့် ၅၅ ရာခိုင်နှုန်း တိုးမြှင့်ခြင်းထက်တော့ လျော့နည်းသည့်တိုးနှုန်း ဖြစ်သည်)
● လုပ်ခနှုန်းထား တိုးခြင်းသည် အထည်ချုပ်ကဏ္ဍအတွင်း နှစ်ပိုင်းခွဲပြီး ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာနိုင်သည်။ ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် foreign direct investment (FDI) ကုမ္ပဏီများအကြား ငွေကြေးအင်အားတောင့်တင်းခြင်း။ ခြုံငုံ ယှဉ်ပြိုင်နိုင်စွမ်းတို့ ကွာခြားနေသည်ကို သိသာထင်ရှားစေလိမ့်မည်။ လက်ရှိအနေအထားတွင် FDI ကုမ္ပဏီများသည် တစ်နေ့တာ ၈ နာရီလုပ်ခကို ကျပ် ၅,ဝဝဝ ဝန်းကျင်အထိ ပေးနိုင်ကြသည်ဟု သိရပြီး ပြည်တွင်းကုမ္ပဏီများအဖို့မှာ ကျပ် ၄,၈၀၀ သည်ပင်လျှင် အခက်အခဲ ဖြစ်နေစေမည်ဟု ဆိုကြသည်။

Read 985 times
Rate this item
(0 votes)