What's new

×

Warning

JUser: :_load: Unable to load user with ID: 845


target ကြေးကိစ္စ ဆန္ဒပြတောင်းဆို

“အလုပ်ရှိရှိ၊ မရှိရှိ အခြေခံ ကျပ်၎,၈၀၀ကို ရစေချင်တာ။ အဲဒါ အပြည့်ပေးမယ်။ ၀င်ဝင်ချင်း ကျပ် ၂,၇၀၀ သမားကိုတောင်မှ ကျပ် ၃,၆၀၀ ပြောင်းပေးပြီးပြီ၊

ကျပ်၃,၆၀၀ သမားကိုလည်း ကျပ်၄၈၀၀ လုပ်ပေးလိုက် ပြီ။ target ကြေးကတော့ ချုပ်နိုင်သလောက်ရမယ်။ တစ်ဝက်ကြေးချထားလိုက်တာ ရက်မှန်ကြေးတစ်လ ကျပ်၆,၀၀၀လည်း ဆက်ပေးထားပါတယ်”
ဟု ရွှေပြည်သာ မြို့နယ်စက်မှုဇုန်(၁)ရှိ ရွှေသဇင် ဟုအများခေါ်ဆိုသော Supreme Asia Garment အထည်ချုပ်စက်ရုံဘက်မှ တာဝန် ရှိသူဖြစ်သူ ဒေါ်ထက်ထက်က ပြောသည်။
ထိုသို့ target ကြေး(အထည်ကြေး)များ တစ်ဝက်လျှော့ချပေးချေမည် ဆို၍ ယခင်အတိုင်းပြန်ပေးရန် အလုပ်သမားများ လုပ်ငန်းခွင်မ၀င်ဘဲ စက်ရုံဝင်းရှေ့တွင် ဆန္ဒပြစုပေါင်းတောင်းဆိုခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

အနည်းဆုံးအခကြေးငွေဆိုင် ရာအမျိုးသားကော်မတီမှ မေ ၁၄ ရက်က တစ်ရက်လုပ်ခ ကျပ်၎,၈၀၀ သတ်မှတ်ကြေညာပြီးနောက်ပိုင်းတွင် ရွှေသဇင်အထည်ချုပ်စက်ရုံမှ လုပ်ငန်းရှင်ဘက်မှ အသစ်သတ်မှတ်လိုက်သည့် ကျပ် ၄,၈၀၀ အား တိုးပေးမည်ဖြစ်ကြောင်း၊ သို့သော် ယခင်ပေးနေကျနှုန်းထား အထည် ကြေးများအား ၅၀ရာခိုင်နှုန်း (တစ် ၀က်) လျှော့ချမည် ဟုပြောဆိုလာ ၍ စက်ချုပ်အလုပ်သမားများကမကျေမနပ်ဖြစ်ကာ မေ ၁၉ ရက် လုပ်ငန်းခွင်ဝင်ချိန် နံနက် ၈ နာရီမှ စပြီး စက်ရုံတွင်းလုပ်ငန်းခွင်သို့မ၀င် ဘဲ ယခင်နှုန်းထားများအတိုင်းပေး ရန် စက်ချုပ်အလုပ်သမား ၃၀၀ ကျော်တို့က စုပေါင်းတောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။

 

link 4800

“သူတို့ ကျပ်၄၈၀၀ တော့ပေးမယ်။ target ကြေးကိုတော့ ၅၀ ရာခိုင်နှုန်းလျှော့မယ်လို့ပြောလာတယ်။ အလျှော့မခံနိုင်ဘူး။ အရင် အတိုင်းပဲရချင်တယ်။ ဒါကြောင့် ဆန္ဒပြတာ” ဟု ယင်းစက်ရုံမှအထည် ချုပ်အလုပ်သမားဖြစ်သူ မချစ်ပိုပို အောင်က ပြောသည်။

ယင်းစက်ရုံသည် အမျိုးသမီး ၀တ်အတွင်းခံများ ချုပ်သောလက် ခစားစက်ရုံတစ်ရုံဖြစ်ပြီး အလုပ် သမားအင်အား တစ်ထောင်ကျော် ရှိကာ စက်လိုင်းပွိုင့်တစ်ခုနှင့်တစ်ခု မတူဘဲ ပွိုင့်တစ်ခုလျှင် အထည် ကြေး အနည်းဆုံး တစ်ကျပ်မှ အများ ဆုံး ၁၀ ကျပ်ထိ ယခင်ကရခဲ့ကြ ကြောင်း၊ ပွိုင့်အမျိုးအစားအပေါ် မူတည်ပြီး အထည်ကြေးကွဲပြား ကြောင်း၊ ယခုအခါ လုပ်ငန်းရှင် ဘက်မှ ပွိုင့်အားလုံးမှအထည်ကြေး များကို တစ်ဝက်လျှော့ချပေးချေတော့ မည်ဆိုလာ၍ ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

စက်ရုံတွင်းညှိနှိုင်းမှုကို နံနက် ၈နာရီမှစ၍ ပြုလုပ်ခဲ့ကာ ၉နာရီခွဲ အချိန်တွင် အလုပ်သမားများဘက် သို့ လုပ်ငန်းရှင်ဘက်မှ target ကြေး အား ၅၀ခိုင်နှုန်းလျှော့ချခြင်းမှ ၂၅ ရာခိုင်နှုန်း သို့ ပြောင်းလဲပေးမည်ဖြစ် ကြောင်း၊ သို့သော်ပြေလည်မှုမရှိဘဲ ဆက်လက်ညှိနှိုင်းရာ ၁၁နာရီခွဲခန့် တွင် လုပ်ငန်းရှင်ဘက်မှ target ကြေးများအား ယခင်အတိုင်းပြန် ပေးမည်။ သို့သော် အထည်ကိုချပေးသည့်အတိုင်း ကုန်စင်အောင် ချုပ်ပေးရန်ပြောဆိုလာ၍ ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ရသည်။
ယင်းနောက်လုပ်ငန်းရှင်ဘက်မှ နေ့တစ်ပိုင်းအလုပ်ပိတ်ပေးကာ တနင်္လာနေ့တွင် ထပ်မံညှိနှိုင်းရန် ချိန်းဆိုခဲ့ကြသည်။
“တစ်မနက်လုံးညှိနှိုင်းတာ target ကြေးမလျှော့တော့ဘူးဖြစ်သွားတယ်။ ဒါပေမဲ့ ချတဲ့အထည်ကို ပြတ်အောင်လုပ်ပေးရမယ် ဖြစ်ပြန် ရော။ သူတို့က ဘယ်လောက်ချမှန်း မသိတော့ အဆင်မပြေဘူး။ OT (အချိန်ပို)ကျတော့ ကျပ် ၉၀၀ကျော်ကနေ ကျပ် ၁,၂၀၀ ဖြစ်သွားလို့ဆိုပြီး အခုOT မခေါ် တော့ဘူး။ ရတဲ့အချိန်မှာ နင်းခိုင်း မယ့်သဘော။ သမီးတို့မှာ OTကြေး မရှိဘူး။ အခုနေ့တစ်ပိုင်းပိတ်ပေး တယ်။ တနင်္ဂနွေနားမယ်။ တနင်္လာ နေ့စက်ရုံပြန်ဖွင့်ရင် ဒီကိစ္စကို လေဘာရုံးစာတင်ပြီး ထပ်ပြီး ညှိနှိုင်းမယ်။ မရရင်ဆန္ဒပြမယ် “ ဟု အလုပ် သမားတစ်ဦးက ပြောသည်။

ရွှေပြည်သာမြို့နယ် အလုပ်သမားဆက်ဆံရေး ဦးစီးဌာန မှဦးစီးမှူး ဦးသိန်းမင်းထွန်းက
“သူတို့စက်ရုံတွင်းမှာပဲ အလုပ်ရှင် အလုပ်သမားညှိနှိုင်းနေကြတာပါ။ ကျွန်တော်တို့ဆီတော့ တက် မလာသေးဘူး။ ကျပ်၎,၈၀၀ တော့ ပေးတယ်ပြောတယ်။ အခုဖြစ်တာက target ကြေးနဲ့ဖြစ်နေကြတာ။ ဒါက သူတို့ဟာသူတို့ ညှိနှိုင်းလို့ရတဲ့ကိစ္စပါ “ ဟု ပြောသည်။

 

နောက်ဆက်တွဲသတင်း ဖတ်ရှုရန်

http://www.textiledirectory.com.mm/articles/item/1068-garment-4800-target.html

 

Source SMO
Democracytoday

Read 943 times
Rate this item
(0 votes)