What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တိုင်းဒေသကြီး ၃ခုတွင် အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်းမှတဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်

တိုင်းဒေသကြီး ၃ခုတွင် အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း Myanmar Project Bank မှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၁၉-၂၀မှ စတင်၍ ၂၀၂၄-၂၅တွင် ပြီးဆုံးမည့် စီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၃.၂၀ သန်းရှိသည့် ဝါစက်မှုဇုံစီမံကိန်းကြီးတွင် ဝါကြိတ်ခွဲစက်၊ ချည်ဆွဲစက်နှင့် သိုလှောင်ရုံများ တည်ထောင်ရန်အတွက် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် ရုံးခန်းနှင့်လူနေအိမ်များဆောက်လုပ်ခြင်းတို့ပါဝင်မည်ဖြစ်သည်။

 

စီမံကိန်း၏ရည်ရွယ်ထားသော အကျိုးရလဒ်အနေဖြင့် ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပြည်တွင်း၌အရည်အသွေးကောင်း ချည်များထုတ်လုပ်ပြီး သွင်းကုန်အစားထိုး ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများတိုးတက်လာနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း MSDP နှင့် ကိုက်ညီမှုမဏ္ဍိုင် ၃ရပ်တွင် ပန်းတိုင် ၃ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့်ဖွံဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်သည်။

 

D Wave

Read 1580 times
Rate this item
(0 votes)