What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ္ဆင့္တက္မည့္ ျမန္မာ့အထည္ခ်ဳပ္

ZAWGYI+UNICODE
ျပည္ပပုိ႔ကုန္အျဖစ္ ထုတ္လုပ္တဲ့ ျမန္မာအထည္ခ်ဳပ္ဟာ ခ်ဳပ္လုပ္ထုပ္ CMP ျဖင့္ ေမြးဖြားႀကီးျပင္းလာခဲ့တယ္။

အဲဒီလုိ ႀကီးျပင္းလာခဲ့တာမွာ အထည္ခ်ဳပ္စက္ရုံေတြ ထူေထာင္လုပ္ကုိင္လာၾကတယ္။ အခက္အခဲအမ်ဳိးမ်ဳိးၾကားမွာ အဆင္ေျပသလုိ လုပ္ကုိင္ၿပီး ႀကီးထြားရင့္သန္လာခဲ့ၾကတာမွာ အခု CMP ကေန လူလားေျမာက္ၿပီး FOB ကုိ တစ္ဆင့္တက္မယ္။ ၿပီးရင္ ႀကီးရင့္တဲ့အျဖစ္ကုိ ေရာက္ရွိၿပီး ODM တုိ႔ OBM တုိ႔ အျဖစ္ကုိ ေရာက္မယ္။ ဒီေနရာမွာ အထည္ခ်ဳပ္ေလာကရဲ႕ အတုိေကာက္ အေခၚအေ၀ၚေတြကုိ ေျပာျပလုိပါတယ္။
●CMP ဟာ Cut Make-Pack ကုိ အတုိေကာက္ေျပာဆုိတာျဖစ္တယ္။ ျဖတ္မယ္၊ ခ်ဳပ္လုပ္မယ္။ ထုပ္ပုိးမယ္။ ၿပီးရင္ ျပည္ပကုိ ျပန္တင္ပုိ႔ေပးလုိက္မယ္။ ဒီေတာ့ ခ်ဳပ္ဖုိ႔ အထည္အလိပ္၊ ၾကယ္သီး၊ အပ္ခ်ည္ စတဲ့ ကုန္ၾကမ္းေတြကုိ ျပည္ပမွ တင္သြင္းတယ္။ ကန္ထရုိက္အပ္တဲ့သူက စီစဥ္တင္ပုိ႔ေပးတာကုိ ရယူၿပီး ခ်ဳပ္ထည္ျဖစ္ေအာင္ ခ်ဳပ္လုပ္ေပးကာ ထုပ္ပုိးေပးတာျဖစ္တာမုိ႔ လက္ခစား သေဘာမ်ဳိး လုပ္ကုိင္တာ ျဖစ္ပါတယ္။
● FOB ဟာ Free On Board သေဘၤာေပၚ ေရာက္တဲ့အထိ လုပ္ေဆာင္ေပးတာကုိ ဆုိလုိပါတယ္။ အထည္ခ်ဳပ္ဖုိ႔အတြက္ လုိအပ္တဲ့ ကုန္ၾကမ္းေတြကုိ အထည္ခ်ဳပ္လုပ္ငန္းက စီစဥ္ရၿပီး အမွာစာအတုိင္း ခ်ဳပ္လုပ္ ထုပ္ပုိးၿပီး ျပည္ပပုိ႔ရန္အသင့္ အဆင့္အထိ လုပ္ေပးရတာ ျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ သေဘၤာေပၚအထိ အစအဆုံး အထည္ခ်ဳပ္လုပ္ငန္းရွင္က စီမံလုပ္ကုိင္ရတာျဖစ္လုိ႔ လက္ခစားသက္သက္ မဟုတ္ေတာ့ဘူး။ အမွာစာအရ ထုတ္လုပ္ေပးတာျဖစ္ေနေပမဲ့ ခ်ဳပ္ၿပီးသားကုိ ၀ယ္လက္ထံ ေရာင္းခ်တာမ်ဳိး ျဖစ္သြားပါတယ္။
● ODM ဆုိတာဟာ ကုိယ္ပုိင္ဒီဇုိင္းျဖင့္ ထုတ္လုပ္ျခင္း Own Design Manufacturing ျဖစ္ပါတယ္။ ခ်ဳပ္ထည္ရဲ႕ ဒီဇုိင္းကအစ အထည္ခ်ဳပ္လုပ္ငန္းက အစစအရာရာ အကုန္လုံး တာ၀န္ယူလုပ္ကုိင္တယ္။ စက္႐ုံမွာပဲ အကုန္လုံး လုပ္သြားတယ္။ အဲဒီလုိ လုပ္ကုိင္လုိ႔ တန္ဖုိးတုိးသြားတာေတြ အကုန္လုံးကုိ အထည္ခ်ဳပ္လုပ္ငန္းရွင္က အက်ဳိးခံစားရတယ္။
● OBM ဆုိတာဟာ ကုိယ္ပုိင္အမွတ္တံဆိပ္ကပ္ၿပီး ထုတ္လုပ္ျခင္း Own Brand Manufacturing ျဖစ္ပါတယ္။ ဒီအဆင့္ကေတာ့ အေတာ္မလြယ္ပါ။ ႏုိင္ငံတကာ ဖက္ရွင္နဲ႔ အ၀တ္အစား ေဈးကြက္မွာေတာင္ ၿပိဳင္ဆုိင္မႈေတြ အရမ္းျပင္းထန္ပါတယ္။
ေလာေလာဆယ္မွာ FOB အဆင့္ကုိ ေရာက္ဖုိ႔ လုိအပ္ေနတယ္။ လက္ရွိ CMP နဲ႔ ဆက္သြားေနရင္ ဆက္လက္တုိးတက္ဖြံ႕ၿဖိဳးဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူး။ အေရအတြက္ေတြသာ မ်ားလာေနမယ္။ တန္ဖုိးထပ္တုိးေအာင္ လုပ္ႏုိင္မွ အထည္ခ်ဳပ္လုပ္သားေတြကုိ ပုိေကာင္းတဲ့ လုပ္ခေတြ ေပးဖုိ႔ ျဖစ္ႏုိင္မယ္။
အထည္ခ်ဳပ္လုပ္ငန္းက႑လည္း ႀကီးထြားဖုိ႔ ျဖစ္ႏုိင္သြားမွာမုိ႔ ျမန္မာႏုိင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက ပန္းတုိင္တစ္ခုအျဖစ္ ရည္မွန္းခ်က္ ထားရွိၿပီး လုပ္ကုိင္ေနတာ ေတြ႕ရတယ္။

supply chain pricejpeg

 


FOB အဆင့္ကုိ အခ်ဳိ႕ေသာ အထည္ခ်ဳပ္လုပ္ငန္းေတြ ေရာက္ရွိသြားဖုိ႔ အလားအလာေကာင္းေတြ ရွိေနတယ္။ ႏုိင္ငံေတာ္မွ အခြန္ကိစၥအပါအ၀င္ ကူညီအားေပးမႈေတြ ျပဳေပးဖုိ႔ေတာ့ မလြဲမေသြ လုိအပ္တယ္။ အဟန္႔အတား ျဖစ္ေနတာေတြကိုလည္း ဆင္ေျခအေၾကာင္းျပခ်က္ မေပးဘဲ အေရးတယူျဖင့္ ေဆာင္ရြက္ေပးဖုိ႔ လုိတယ္။ အထည္ခ်ဳပ္စက္႐ုံအားလုံး ေရာက္ရွိႏုိင္မွာေတာ့ မဟုတ္ဘူး။ ဘာလုိ႔လဲဆုိေတာ့ အထည္ခ်ဳပ္စက္႐ုံေတြမွာ စီးပြားေရးအရြယ္အစား ကြာျခားေနတာရယ္။ လုပ္ငန္းရွင္ရဲ႕ စြမ္းေဆာင္ရည္၊ ျပည္ပမွ ကူညီေပးမႈ စတဲ့အဓိကအေၾကာင္းရင္းခံေတြအေပၚမွာ မူတည္ေနလုိ႔ ျဖစ္ပါတယ္။
ေယဘုယ်အားျဖင့္ စက္႐ုံေတြကုိ အရြယ္အစားအရ အုပ္စုသုံးမ်ဳိးခြဲျခားလုိ႔ ရတယ္။
●ပထမအုပ္စုမွာ ပါ၀င္တဲ့ အႀကီးစားစက္႐ုံေတြဟာ လုပ္သားဦးေရ ၁၀၀၀ အထက္မွာ ရွိတယ္။ အရည္အေသြး ပုိျမင့္မားတဲ့ ခ်ဳပ္ထည္ေတြကုိ ခ်ဳပ္လုပ္ႏုိင္စြမ္း ရွိတယ္။
●ဒုတိယအုပ္စုမွာပါ၀င္တဲ့ အလတ္စား စက္႐ုံေတြဟာ လုပ္သားဦးေရ ၅၀၀ နဲ႔ ၁၀၀၀ ၾကားမွာ ရွိတယ္။
●တတိယအုပ္စုမွာ ပါ၀င္တဲ့ အေသးစား စက္႐ုံေတြဟာ လုပ္သားဦးေရ ၅၀၀ ေအာက္မွာ ရွိတယ္။ ဒီအုပ္စုမွာ ပါ၀င္တဲ့ စက္႐ုံအေရအတြက္ဟာ အမ်ားဆုံးပဲ။ အႀကီးစားနဲ႔ အလတ္စား စက္႐ုံအေရအတြက္ထက္ ပုိမ်ားတယ္။ အဲဒီစက္႐ုံေတြဟာ FOB အဆင့္ကုိ တက္ႏုိင္မွာ မဟုတ္ဘူး။ အေျပလည္ဆုံးျဖစ္ေစမယ့္ နည္းလမ္းတစ္ခုကေတာ့ ဒုတိယအုပ္စုမွာ လုပ္ကုိင္ေနတဲ့ စက္႐ုံေတြ မႏုိင္မနင္းျဖစ္လုိ႔ လွ်ံက်တာကုိ အလုပ္လက္ခံၿပီး လုပ္ကုိင္ေပးတဲ့ လုပ္ကိုင္ပုံကုိ ေရာက္သြားမယ္ဆုိရင္ ဒုတိယအုပ္စုစက္႐ုံေတြ FOB အဆင့္ကုိ တက္လွမ္းႏုိင္ေစဖုိ႔ အေထာက္အကူ ျဖစ္ေစမယ္။
ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္Myanmar Investment Commission (MIC) က ျပည္ပတုိက္႐ုိက္ရင္းႏွီးျမႇဳပ္ႏွံမႈ FDI ကုိ ၁၀၀% ပုိင္ဆုိင္မႈျဖင့္ ျပည္တြင္းမွာ စက္ရုံထူေထာင္လုပ္ကုိင္ဖုိ႔ ခြင့္ေပးထားၿပီျဖစ္လုိ႔ ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံသူေတြ ကုိယ္ပုိင္စက္႐ုံေတြ ထူေထာင္လုပ္ကုိင္ႏုိင္ေစခဲ့ပါတယ္။
ဒါေပမဲ့ အထည္ခ်ဳပ္စက္႐ုံ ပုိင္ရွင္က ဘယ္သူလဲဆုိတာမွာ ဖုံးကြယ္ထားတာေတြ အေၾကာင္းေၾကာင္းေၾကာင့္ ရွိေနဆဲ ျဖစ္ပါတယ္။ ျပည္တြင္းမွ ႏုိင္ငံသားက နာမည္ခံေပးထားတဲ့ စက္႐ုံအခ်ဳိ႕ဟာ တကယ္ေတာ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ပုိင္ဆုိင္ထားတာ ျဖစ္ပါတယ္။ ျမန္မာတုိင္းမ္မွာ ေဖာ္ျပခဲ့တဲ့ သတင္းတစ္ပုဒ္မွာ ခန္႔မွန္းေဖာ္ျပထားတာမွာ ေတာင္ကုိရီးယားလုပ္ငန္းမွ တရား၀င္ ပုိင္ရွင္အျဖစ္ လုပ္ကုိင္တာေတြ ရွိသလုိ ႏုိင္ငံသားတစ္ဦးက နာမည္ခံေပးၿပီး ေတာင္ကုိရီးယားလုပ္ငန္းက ပုိင္ဆုိင္တဲ့ စက္ရုံေတြလည္း ဆတူေလာက္ ရွိေနတယ္လုိ႔ ဆုိပါတယ္။
ပထမအုပ္စုမွာ ပါတဲ့ စက္႐ုံေတြဟာ ျပည္ပလုပ္ငန္းပုိင္စက္႐ုံေတြ၊ ျပည္တြင္းလုပ္ငန္းနဲ႔ ျပည္ပလုပ္ငန္းတုိ႔ ဖက္စပ္လုပ္ငန္းျဖင့္ လုပ္ကုိင္တဲ့စက္႐ုံေတြ ျဖစ္ပါတယ္။ တ႐ုတ္ျပည္မ၊ ေဟာင္ေကာင္၊ ဂ်ပန္၊ ေတာင္ကုိရီးယားနဲ႔ တုိင္၀မ္တ႐ုတ္တုိ႔မွ လာေရာက္လုပ္ကုိင္ၾကတဲ့ လုပ္ငန္းေတြ ျဖစ္ပါတယ္။ ဒုတိယအုပ္စု အလတ္စားစက္႐ုံေတြမွာေတာ့ ႏုိင္ငံသားပုိင္နဲ႔ ဖက္စပ္လုပ္ငန္းပုိင္ စက္႐ုံေတြ ပါ၀င္ပါတယ္။ တတိယအုပ္စု အေသးစားစက္႐ုံေတြကေတာ့ ႏုိင္ငံသားပုိင္က အားလုံးနီးပါး ျဖစ္ပါတယ္။
FOB အဆင့္ကုိ ျမင့္တက္တာမွာ လ်စ္လ်ဴျပဳထားလုိ႔ မရတာကေတာ့ လုပ္သားအင္အားစုကုိ တတ္ကၽြမ္းမႈျမႇင့္တင္ေပးၿပီး အလုပ္ခ်ိန္ေတြ အလြန္အကၽြံ လုပ္ၿပီး အခ်ိန္ပုိေၾကး မက္ေနရတဲ့အျဖစ္မွ လြတ္ေျမာက္တဲ့ ၀င္ေငြ ရရွိေအာင္ လုပ္ေပးထားဖုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီလုိ တတ္ကၽြမ္းမႈ ျမႇင့္တင္ေပးၿပီး အရည္အေသြး ပုိေကာင္းတဲ့ ခ်ဳပ္ထည္ေတြကုိ ခ်ဳပ္ႏုိင္ဖုိ႔အတြက္ အခုအခ်ိန္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ မျပဳခဲ့ရင္ ေနာင္တစ္ခ်ိန္မွာ လုပ္သားဦးေရ သန္းခ်ီၿပီး အလုပ္အကုိင္ေတြ ဖန္တီးေပးထားႏုိင္တာဟာ ဂုဏ္ယူစရာ ျဖစ္လာမွာ မဟုတ္ဘူး။

 

မြန်မာ့အထည်ချုပ် တစ်ဆင့်တက်မည်
--------------------------------------
UNICODE
ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တဲ့ မြန်မာအထည်ချုပ်ဟာ ချုပ်လုပ်ထုပ် CMP ဖြင့် မွေးဖွားကြီးပြင်းလာခဲ့တယ်။

အဲဒီလို ကြီးပြင်းလာခဲ့တာမှာ အထည်ချုပ်စက်ရုံတွေ ထူထောင်လုပ်ကိုင်လာကြတယ်။ အခက်အခဲအမျိုးမျိုးကြားမှာ အဆင်ပြေသလို လုပ်ကိုင်ပြီး ကြီးထွားရင့်သန်လာခဲ့ကြတာမှာ အခု CMP ကနေ လူလားမြောက်ပြီး FOB ကို တစ်ဆင့်တက်မယ်။ ပြီးရင် ကြီးရင့်တဲ့အဖြစ်ကို ရောက်ရှိပြီး ODM တို့ OBM တို့ အဖြစ်ကို ရောက်မယ်။ ဒီနေရာမှာ အထည်ချုပ်လောကရဲ့ အတိုကောက် အခေါ်အေဝါ်တွေကို ပြောပြလိုပါတယ်။
●CMP ဟာ Cut Make-Pack ကို အတိုကောက်ပြောဆိုတာဖြစ်တယ်။ ဖြတ်မယ်၊ ချုပ်လုပ်မယ်။ ထုပ်ပိုးမယ်။ ပြီးရင် ပြည်ပကို ပြန်တင်ပို့ပေးလိုက်မယ်။ ဒီတော့ ချုပ်ဖို့ အထည်အလိပ်၊ ကြယ်သီး၊ အပ်ချည် စတဲ့ ကုန်ကြမ်းတွေကို ပြည်ပမှ တင်သွင်းတယ်။ ကန်ထရိုက်အပ်တဲ့သူက စီစဉ်တင်ပို့ပေးတာကို ရယူပြီး ချုပ်ထည်ဖြစ်အောင် ချုပ်လုပ်ပေးကာ ထုပ်ပိုးပေးတာဖြစ်တာမို့ လက်ခစား သဘောမျိုး လုပ်ကိုင်တာ ဖြစ်ပါတယ်။
● FOB ဟာ Free On Board သင်္ဘောပေါ် ရောက်တဲ့အထိ လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။ အထည်ချုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို အထည်ချုပ်လုပ်ငန်းက စီစဉ်ရပြီး အမှာစာအတိုင်း ချုပ်လုပ် ထုပ်ပိုးပြီး ပြည်ပပို့ရန်အသင့် အဆင့်အထိ လုပ်ပေးရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သင်္ဘောပေါ်အထိ အစအဆုံး အထည်ချုပ်လုပ်ငန်းရှင်က စီမံလုပ်ကိုင်ရတာဖြစ်လို့ လက်ခစားသက်သက် မဟုတ်တော့ဘူး။ အမှာစာအရ ထုတ်လုပ်ပေးတာဖြစ်နေပေမဲ့ ချုပ်ပြီးသားကို ဝယ်လက်ထံ ရောင်းချတာမျိုး ဖြစ်သွားပါတယ်။
● ODM ဆိုတာဟာ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ခြင်း Own Design Manufacturing ဖြစ်ပါတယ်။ ချုပ်ထည်ရဲ့ ဒီဇိုင်းကအစ အထည်ချုပ်လုပ်ငန်းက အစစအရာရာ အကုန်လုံး တာဝန်ယူလုပ်ကိုင်တယ်။ စက်ရုံမှာပဲ အကုန်လုံး လုပ်သွားတယ်။ အဲဒီလို လုပ်ကိုင်လို့ တန်ဖိုးတိုးသွားတာတွေ အကုန်လုံးကို အထည်ချုပ်လုပ်ငန်းရှင်က အကျိုးခံစားရတယ်။
● OBM ဆိုတာဟာ ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်ပြီး ထုတ်လုပ်ခြင်း Own Brand Manufacturing ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ အတော်မလွယ်ပါ။ နိုင်ငံတကာ ဖက်ရှင်နဲ့ အဝတ်အစား ဈေးကွက်မှာတောင် ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်ပါတယ်။
လောလောဆယ်မှာ FOB အဆင့်ကို ရောက်ဖို့ လိုအပ်နေတယ်။ လက်ရှိ CMP နဲ့ ဆက်သွားနေရင် ဆက်လက်တိုးတက်ဖွံ့ဖြိုးဖို့ မဖြစ်နိုင်တော့ဘူး။ အရေအတွက်တွေသာ များလာနေမယ်။ တန်ဖိုးထပ်တိုးအောင် လုပ်နိုင်မှ အထည်ချုပ်လုပ်သားတွေကို ပိုကောင်းတဲ့ လုပ်ခတွေ ပေးဖို့ ဖြစ်နိုင်မယ်။
အထည်ချုပ်လုပ်ငန်းကဏ္ဍလည်း ကြီးထွားဖို့ ဖြစ်နိုင်သွားမှာမို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပန်းတိုင်တစ်ခုအဖြစ် ရည်မှန်းချက် ထားရှိပြီး လုပ်ကိုင်နေတာ တွေ့ရတယ်။
FOB အဆင့်ကို အချို့သော အထည်ချုပ်လုပ်ငန်းတွေ ရောက်ရှိသွားဖို့ အလားအလာကောင်းတွေ ရှိနေတယ်။ နိုင်ငံတော်မှ အခွန်ကိစ္စအပါအဝင် ကူညီအားပေးမှုတွေ ပြုပေးဖို့တော့ မလွဲမသွေ လိုအပ်တယ်။ အဟန့်အတား ဖြစ်နေတာတွေကိုလည်း ဆင်ခြေအကြောင်းပြချက် မပေးဘဲ အရေးတယူဖြင့် ဆောင်ရွက်ပေးဖို့ လိုတယ်။ အထည်ချုပ်စက်ရုံအားလုံး ရောက်ရှိနိုင်မှာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အထည်ချုပ်စက်ရုံတွေမှာ စီးပွားရေးအရွယ်အစား ကွာခြားနေတာရယ်။ လုပ်ငန်းရှင်ရဲ့ စွမ်းဆောင်ရည်၊ ပြည်ပမှ ကူညီပေးမှု စတဲ့အဓိကအကြောင်းရင်းခံတွေအပေါ်မှာ မူတည်နေလို့ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် စက်ရုံတွေကို အရွယ်အစားအရ အုပ်စုသုံးမျိုးခွဲခြားလို့ ရတယ်။
●ပထမအုပ်စုမှာ ပါဝင်တဲ့ အကြီးစားစက်ရုံတွေဟာ လုပ်သားဦးရေ ၁၀၀၀ အထက်မှာ ရှိတယ်။ အရည်အသွေး ပိုမြင့်မားတဲ့ ချုပ်ထည်တွေကို ချုပ်လုပ်နိုင်စွမ်း ရှိတယ်။
●ဒုတိယအုပ်စုမှာပါဝင်တဲ့ အလတ်စား စက်ရုံတွေဟာ လုပ်သားဦးရေ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။
●တတိယအုပ်စုမှာ ပါဝင်တဲ့ အသေးစား စက်ရုံတွေဟာ လုပ်သားဦးရေ ၅၀၀ အောက်မှာ ရှိတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စက်ရုံအရေအတွက်ဟာ အများဆုံးပဲ။ အကြီးစားနဲ့ အလတ်စား စက်ရုံအရေအတွက်ထက် ပိုများတယ်။ အဲဒီစက်ရုံတွေဟာ FOB အဆင့်ကို တက်နိုင်မှာ မဟုတ်ဘူး။ အပြေလည်ဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုကတော့ ဒုတိယအုပ်စုမှာ လုပ်ကိုင်နေတဲ့ စက်ရုံတွေ မနိုင်မနင်းဖြစ်လို့ လျှံကျတာကို အလုပ်လက်ခံပြီး လုပ်ကိုင်ပေးတဲ့ လုပ်ကိုင်ပုံကို ရောက်သွားမယ်ဆိုရင် ဒုတိယအုပ်စုစက်ရုံတွေ FOB အဆင့်ကို တက်လှမ်းနိုင်စေဖို့ အထောက်အကူ ဖြစ်စေမယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်Myanmar Investment Commission (MIC) က ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ကို ၁၀၀% ပိုင်ဆိုင်မှုဖြင့် ပြည်တွင်းမှာ စက်ရုံထူထောင်လုပ်ကိုင်ဖို့ ခွင့်ပေးထားပြီဖြစ်လို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူတွေ ကိုယ်ပိုင်စက်ရုံတွေ ထူထောင်လုပ်ကိုင်နိုင်စေခဲ့ပါတယ်။
ဒါပေမဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်က ဘယ်သူလဲဆိုတာမှာ ဖုံးကွယ်ထားတာတွေ အကြောင်းကြောင်းကြောင့် ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းမှ နိုင်ငံသားက နာမည်ခံပေးထားတဲ့ စက်ရုံအချို့ဟာ တကယ်တော့ ပြည်ပရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မြန်မာတိုင်းမ်မှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ခန့်မှန်းဖော်ပြထားတာမှာ တောင်ကိုရီးယားလုပ်ငန်းမှ တရားဝင် ပိုင်ရှင်အဖြစ် လုပ်ကိုင်တာတွေ ရှိသလို နိုင်ငံသားတစ်ဦးက နာမည်ခံပေးပြီး တောင်ကိုရီးယားလုပ်ငန်းက ပိုင်ဆိုင်တဲ့ စက်ရုံတွေလည်း ဆတူလောက် ရှိနေတယ်လို့ ဆိုပါတယ်။
ပထမအုပ်စုမှာ ပါတဲ့ စက်ရုံတွေဟာ ပြည်ပလုပ်ငန်းပိုင်စက်ရုံတွေ၊ ပြည်တွင်းလုပ်ငန်းနဲ့ ပြည်ပလုပ်ငန်းတို့ ဖက်စပ်လုပ်ငန်းဖြင့် လုပ်ကိုင်တဲ့စက်ရုံတွေ ဖြစ်ပါတယ်။ တရုတ်ပြည်မ၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်တရုတ်တို့မှ လာရောက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စု အလတ်စားစက်ရုံတွေမှာတော့ နိုင်ငံသားပိုင်နဲ့ ဖက်စပ်လုပ်ငန်းပိုင် စက်ရုံတွေ ပါဝင်ပါတယ်။ တတိယအုပ်စု အသေးစားစက်ရုံတွေကတော့ နိုင်ငံသားပိုင်က အားလုံးနီးပါး ဖြစ်ပါတယ်။
FOB အဆင့်ကို မြင့်တက်တာမှာ လျစ်လျူပြုထားလို့ မရတာကတော့ လုပ်သားအင်အားစုကို တတ်ကျွမ်းမှုမြှင့်တင်ပေးပြီး အလုပ်ချိန်တွေ အလွန်အကျွံ လုပ်ပြီး အချိန်ပိုကြေး မက်နေရတဲ့အဖြစ်မှ လွတ်မြောက်တဲ့ ဝင်ငွေ ရရှိအောင် လုပ်ပေးထားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တတ်ကျွမ်းမှု မြှင့်တင်ပေးပြီး အရည်အသွေး ပိုကောင်းတဲ့ ချုပ်ထည်တွေကို ချုပ်နိုင်ဖို့အတွက် အခုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု မပြုခဲ့ရင် နောင်တစ်ချိန်မှာ လုပ်သားဦးရေ သန်းချီပြီး အလုပ်အကိုင်တွေ ဖန်တီးပေးထားနိုင်တာဟာ ဂုဏ်ယူစရာ ဖြစ်လာမှာ မဟုတ်ဘူး။

Read 1399 times
Rate this item
(0 votes)