What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည္ခ်ဳပ္သမ လစာနဲ႔ အခ်ိန္ပုိလုပ္ခအေၾကာင္း

အထည္ခ်ဳပ္သမ လစာနဲ႔ အခ်ိန္ပုိလုပ္ခအေၾကာင္း
zaw+Uni အထည္ခ်ဳပ္သမေတြရဲ႕ လုပ္သက္ေတြက အမ်ဳိးမ်ဳိး ရွိၾကၿပီး အထည္ခ်ဳပ္သမေတြရဲ႕ ၂၅% ဟာ လုပ္သက္ ၆ လေအာက္မွာပဲ ရွိေသးတယ္။

ထက္၀က္ေက်ာ္ကေတာ လက္ရွိလုပ္ကုိင္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံမွာ လုပ္ကုိင္လာခဲ့တာ ၁ ႏွစ္အထက္ လုပ္သက္ ရွိၾကပါတယ္လုိ႔ ရန္ကုန္ၿမိဳ႕ လႈိင္သာယာနဲ႔ ေရႊျပည္သာ စက္မႈဇုန္ႏွစ္ခုမွာ စစ္တမ္းေကာက္ယူခဲ့တဲ့ A Baseline Survey Of Yangon’s Garment Sector Workforce စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ေတြ႕ဆုံေမးျမန္းခဲ့တဲ့ အထည္ခ်ဳပ္လုပ္သားေတြမွာ ထက္၀က္ေက်ာ္ဟာ လက္ရွိအလုပ္ဟာ အထည္ခ်ဳပ္က႑မွာ ပထမဆုံး လုပ္ကုိင္ျဖစ္တဲ့ အလုပ္ျဖစ္ပါတယ္။ 
အလုပ္အကုိင္ ရရွိပုံကေတာ့ ထက္၀က္ေက်ာ္ဟာ အသိမိတ္ေဆြကေနတစ္ဆင့္ ရရွိၾကတယ္။ ၆၀%ေက်ာ္က အသိမိတ္ေဆြေတြ အဆက္အသြယ္ေတြကေနတစ္ဆင့္ အလုပ္အသစ္ကုိ ရွာေဖြတာဟာ အေကာင္းဆုံးပဲလုိ႔ ယုံၾကည္ယူဆၾကပါတယ္။
လက္ရွိအလုပ္ကေန ေနာက္ထပ္အထည္ခ်ဳပ္အလုပ္တစ္ခုကုိ ေျပာင္းမယ္ဆုိရင္ အဓိက စဥ္းစားမယ့္အခ်က္က အေျခခံလစာ ျဖစ္တယ္လုိ႔ ေျဖဆုိသူ ၆၇% ရွိပါတယ္။ 
အထည္ခ်ဳပ္က႑မွာ ဆက္လက္လုပ္ကုိင္လုိသူေတြ ရွိသလုိ ဆက္မလုပ္ခ်င္ေတာ့တဲ့သူေတြလည္း ရွိပါတယ္လုိ႔ အဲဒီစစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
အထည္ခ်ဳပ္က႑မွာ အလုပ္သမားသမဂၢကုိ သိထားသူ ၅၄% ခန္႔ရွိေပမဲ့ သူတုိ႔က အလုပ္သမဂၢရဲ႕ ရည္ရြယ္ခ်က္ေတြကုိ ေကာင္းေကာင္း မသိၾကဘူး။ 
သမဂၢအေၾကာင္း ၾကားသိထားေတြမွာ ၃၅% က သူတုိ႔စက္႐ုံမွာ သမဂၢရွိေနၿပီး လုပ္ေဖာ္ကုိင္ဖက္ေတြ၊ သူတုိ႔ထက္ လုပ္သက္ပုိရင့္တဲ့သူေတြကေနတစ္ဆင့္ သိခဲ့ရတယ္။ သမဂၢအဖြဲ႕၀င္ဦးေရဟာ အလြန္နည္းပါးတယ္။ ေတြ႕ဆုံေမးျမန္းခဲ့သူေတြထဲမွာ ၁၅% သာ သမဂၢအဖြဲ႕၀င္ ျဖစ္ပါတယ္။
(စစ္တမ္းေမးျမန္းခဲ့သူ ဦးေရ ၇၇၈ ဦးမွာေတာ့ ၂၂ ဦးသာ သမဂၢအဖြဲ႕၀င္ေတြ ျဖစ္တာမုိ႔ ရာခုိင္ႏႈန္းအားျဖင့္ ၃% သာ ရွိပါတယ္)
အထည္ခ်ဳပ္သမေတြဟာ တနဂၤေႏြတစ္ရက္ေလာက္ပဲ ရက္အား ရတာမုိ႔ အားတဲ့အခ်ိန္ အနည္းအက်ဥ္းကုိ မျပတ္သားတဲ့ရလဒ္ေတြအတြက္ သမဂၢလႈပ္ရွားမႈေတြအတြက္ မသုံးစြဲခ်င္ၾကတာ သဘာ၀က်ပါတယ္။
စစ္တမ္းမွာ အထည္ခ်ဳပ္က႑မွာ ၀င္ေရာက္လုပ္ကုိင္ခဲ့တဲ့ အထည္ခ်ဳပ္သမတစ္ဦးကုိ လစာနဲ႔ ပတ္သက္လုိ႔ သ႐ုပ္ေဖာ္ျပထားတယ္။

သူမရဲ႕ လစာကုိ တစ္လတစ္ခါ ေပးတာမွာ လဆန္းတစ္ရက္မွာ ရတယ္။ အေျခခံလစာနဲ႔ အခ်ိန္ပုိအျပင္ သူမ ရထုိက္တဲ့ ဆုေၾကးကုိလည္း ရတယ္။ ရက္မွန္ဆုေၾကး၊ အလုပ္ဆင္းခ်ိန္ ေနာက္မက်တာ၊ ၿပီးေတာ့ အလုပ္ကၽြမ္းက်င္မႈေတြအတြက္ ဆုေၾကးေတြ ရႏုိင္ပါတယ္။
ေငြရတဲ့အခါ pay slip ကုိပါရတယ္။ pay slip မွာ တစ္လစာ ရရွိတာေတြကုိ တြက္ခ်က္ျပထားတယ္။ ဒါေပမဲ့ မ်ားေသာအားျဖင့္ သူမ ဘာေတြ ဘယ္လုိတြက္တယ္ဆုိေတာ့ေတာ့ အကုန္လုံး ျပည့္ျပည့္၀၀ နားမလည္ဘူး။
ၿပီးခဲ့တဲ့ ၆လတာမွာ သူမရဲ႕ အေျခခံလစာ အေျပာင္းအလဲ မရွိဘူး။ အေပါင္းအသင္းေတြထဲမွာ တစ္ေယာက္ႏွစ္ေယာက္ကေတာ့ လစာတုိးသြားတယ္။
အခ်ိန္ပုိေခၚရင္ သူမ အၿမဲဆင္းတယ္။ ဟင့္အင္းလုိ႔ မျငင္းရဲဘူး။ ျငင္းဖန္မ်ားရင္ သူမရဲ႕ စူပါ(supervisor)နဲ႔ ဆက္ဆံေရး အဆင္မေျပမွာ စုိးရိမ္တယ္။ ၿပီးေတာ့ လစဥ္ရေနက် ဆုေၾကးကုိ ထိခုိက္မွာလည္း စုိးရိမ္တယ္။ ေနာက္ဆုံး အဆုိးဆုံးအေနျဖင့္ သူမကုိ အလုပ္ထုတ္ပစ္မွာကုိလည္း စုိးရိမ္မိတယ္။
ၿပီးေတာ့ သူမ ရတဲ့ အေျခခံလစာက အေတာ္နည္းတယ္။ ဒီေတာ့ သူမက အခ်ိန္ပုိ လုပ္ခ်င္တယ္။ အခ်ိန္ပုိ ဆင္းတာေတြအတြက္ တစ္လတစ္လ ပုံမွန္အားျဖင့္ က်ပ္ ႏွစ္ေသာင္းခြဲကေန ငါးေသာင္းအထိ ရတယ္။ ဆုေၾကးကေတာ့ အတုိးအေလ်ာ့ေတြ အၿမဲရွိတယ္။ ၿပီးေတာ့ နည္းတယ္။ တစ္လမွာ ဆုေၾကးကုိ က်ပ္ ႏွစ္ေသာင္းခြဲထက္ ပုိရတာ အေတာ္ရွားတယ္။ 
သူမက မိသားစုနဲ႔ ေ၀းရာမွာ ေနထုိင္လုပ္ကုိင္ေနတာဆုိေတာ့ ေငြေရးေၾကးေရးကုိ ကိုယ့္ဘာသာ ဆုံးျဖတ္တယ္။ ေငြကုိ သုံးစြဲတာမွာ ပထမဦးစားေပးက ေနထုိင္တဲ့ေနရာ အတြက္ လခ ျဖစ္ပါတယ္။ တစ္လတစ္လ က်ပ္ သုံးေသာင္းကေန ေျခာက္ေသာင္းအထိ ေပးရတာမုိ႔ လစာရဲ႕ ႀကီးမားတဲ့ အစိတ္အပုိင္းကုိ ဖဲ့ေပးလုိက္ရတာ ျဖစ္ပါတယ္။ အခန္းငွားခ လခက မၾကာေသးခင္က ထပ္တုိးသြားတယ္။ 
အခန္းငွားခ၊ စားေသာက္စရိတ္၊ အျခားအသုံးစရိတ္ေတြ ႏုတ္ပယ္ၿပီး က်န္တာကုိ မိသားစုထံ ျပန္ပုိ႔ပါတယ္။
တခ်ဳိ႕လေတြမွာေတာ့ သူမအတြက္ ေငြစုထားလုိက္တယ္။ ခုိးမခံရေအာင္ ၀ွက္ထားရတယ္။ အိမ္ရွင္ဆီမွာလည္း အပ္ထားတယ္။ ဒါေပမဲ့ ေငြစုျဖစ္တဲ့လက ရွားပါတယ္။ ဘာလုိ႔လဲဆုိေတာ့ သူမ ေပးပုိ႔တဲ့ေငြဟာ မိသားစုအတြက္ အလြန္အေရးႀကီးတာမုိ႔ အိမ္ကုိ ေငြျပန္ပုိ႔ဖုိ႔ကုိ ဦးစားေပးရပါတယ္။ 
သူမထက္ အသက္နည္းနည္း ပုိႀကီးတဲ့ အေပါင္းအသင္းေတြကေတာ့ ပုိစုႏုိင္ၾကတယ္။ သူတုိ႔ကုိ အတုယူၿပီး ပုိစုႏုိင္ေအာင္ လုပ္ဖုိ႔ စိတ္ကူးရွိတယ္။ လာမယ့္ႏွစ္ေတြမွာ ေငြစုႏုိင္လိမ့္မယ္လုိ႔ သူမ ေမွ်ာ္မွန္းထားတယ္။
ရတဲ့လခက နည္းေနေတာ လကုန္ပုိင္းဆုိရင္ အေပါင္းအသင္းေတြဆီက ေငြဆြဲၿပီး သုံးရတယ္။ အတုိးေပးၿပီး ေခ်းထားတာမ်ဳိးေတာ့ မရွိပါဘူး။

အထည္ခ်ဳပ္လုပ္သား အားလုံးဟာ အေျခခံလစာအျပင္ အခ်ိန္ပုိလုပ္ခကုိ အားထားၾကရတယ္။ လစဥ္ တစ္လတာ ၀င္ေငြရဲ႕ ၉၀%ဟာ အခ်ိန္ပုိလုပ္ခ ျဖစ္ေနတယ္။ ဒီေတာ့ မန္ေနဂ်ာေတြထံမွာ တရား၀င္ျဖစ္ေစ၊ သြယ္၀ုိက္၍ ျဖစ္ေစ
အခ်ိန္ပုိ ဆင္းဖုိ႔ ဖိအားေပးခံရတယ္လုိ႔ ခံစားၾကရတယ္။ ဒါေပမဲ့ အေျခခံလစာအျပင္ အေရးပါတဲ့ ၀င္ေငြ ျဖစ္ေနၿပီး အမ်ားစုက တစ္လကုိ က်ပ္ ႏွစ္သိန္းခြဲေက်ာ္ ရတဲ့သူေတြ ျဖစ္ပါတယ္။
သက္လတ္ပုိင္းျဖစ္တဲ့ ၂၄ ႏွစ္မွ ၁၇ ႏွစ္ အပုိင္းအျခားမွာ ရွိေနသူေတြက လတုိင္းလုိလုိ ေငြစုၾကတယ္။ အဲဒီထက္ အသက္ပုိငယ္သူေတြကေတာ့ အိမ္ကုိ ျပန္ပုိ႔ၾကရတာ အမ်ားဆုံးပဲ။

အနည္းဆုံး အခေၾကးေငြကို ယခု တစ္ရက္ က်ပ္ က်ပ္ ၃,၆၀၀ သတ္မွတ္ထားၿပီး တစ္ရက္လွ်င္ က်ပ္ ၁,၂၀၀ တုိးေပးၿပီး တစ္ရက္ က်ပ္ ၄,၈၀၀ သတ္မွတ္ေပးေတာ့မွာ ျဖစ္ေပမဲ့ အေျခခံလစာပျပင္ အခ်ိန္ပုိလုပ္ခကုိ အားထားေနရျခင္းကေတာ့ ေျပာင္းလဲသြားမယ္ မထင္ပါဘူး။

သူတုိ႔ ဘယ္နယ္ကလဲ

သူတို့ ဘယ်နယ်ကလဲ

Uni

အထည်ချုပ်သမ လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း

အထည်ချုပ်သမတွေရဲ့ လုပ်သက်တွေက အမျိုးမျိုး ရှိကြပြီး အထည်ချုပ်သမတွေရဲ့ ၂၅% ဟာ လုပ်သက် ၆ လအောက်မှာပဲ ရှိသေးတယ်။ ထက်ဝက်ကျော်ကတော လက်ရှိလုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်လာခဲ့တာ ၁ နှစ်အထက် လုပ်သက် ရှိကြပါတယ်လို့ ရန်ကုန်မြို့ လှိုင်သာယာနဲ့ ရွှပြေည်သာ စက်မှုဇုန်နှစ်ခုမှာ စစ်တမ်းကောက်ယူခဲ့တဲ့ A Baseline Survey Of Yangon's Garment Sector Workforce စစ်တမ်းမှာ ဖော်ပြထားပါတယ်။ တွေ့ဆုံမေးမြန်းခဲ့တဲ့ အထည်ချုပ်လုပ်သားတွေမှာ ထက်ဝက်ကျော်ဟာ လက်ရှိအလုပ်ဟာ အထည်ချုပ်ကဏ္ဍမှာ ပထမဆုံး လုပ်ကိုင်ဖြစ်တဲ့ အလုပ်ဖြစ်ပါတယ်။ 
အလုပ်အကိုင် ရရှိပုံကတော့ ထက်ဝက်ကျော်ဟာ အသိမိတ်ဆွေကနေတစ်ဆင့် ရရှိကြတယ်။ ၆၀%ကျော်က အသိမိတ်ဆွေတွေ အဆက်အသွယ်တွေကနေတစ်ဆင့် အလုပ်အသစ်ကို ရှာဖွေတာဟာ အကောင်းဆုံးပဲလို့ ယုံကြည်ယူဆကြပါတယ်။
လက်ရှိအလုပ်ကနေ နောက်ထပ်အထည်ချုပ်အလုပ်တစ်ခုကို ပြောင်းမယ်ဆိုရင် အဓိက စဉ်းစားမယ့်အချက်က အခြေခံလစာ ဖြစ်တယ်လို့ ဖြေဆိုသူ ၆၇% ရှိပါတယ်။ 
အထည်ချုပ်ကဏ္ဍမှာ ဆက်လက်လုပ်ကိုင်လိုသူတွေ ရှိသလို ဆက်မလုပ်ချင်တော့တဲ့သူတွေလည်း ရှိပါတယ်လို့ အဲဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။
အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားသမဂ္ဂကို သိထားသူ ၅၄% ခန့်ရှိပေမဲ့ သူတို့က အလုပ်သမဂ္ဂရဲ့ ရည်ရွယ်ချက်တွေကို ကောင်းကောင်း မသိကြဘူး။ 
သမဂ္ဂအကြောင်း ကြားသိထားတွေမှာ ၃၅% က သူတို့စက်ရုံမှာ သမဂ္ဂရှိနပြေီး လုပ်ဖော်ကိုင်ဖက်တွေ၊ သူတို့ထက် လုပ်သက်ပိုရင့်တဲ့သူတွေကနေတစ်ဆင့် သိခဲ့ရတယ်။ သမဂ္ဂအဖွဲ့ဝင်ဦးရေဟာ အလွန်နည်းပါးတယ်။ တွေ့ဆုံမေးမြန်းခဲ့သူတွေထဲမှာ ၁၅% သာ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပါတယ်။
(စစ်တမ်းမေးမြန်းခဲ့သူ ဦးရေ ၇၇၈ ဦးမှာတော့ ၂၂ ဦးသာ သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်တာမို့ ရာခိုင်နှုန်းအားဖြင့် ၃% သာ ရှိပါတယ်)
အထည်ချုပ်သမတွေဟာ တနင်္ဂေနွတစ်ရက်လောက်ပဲ ရက်အား ရတာမို့ အားတဲ့အချိန် အနည်းအကျဉ်းကို မပြတ်သားတဲ့ရလဒ်တွေအတွက် သမဂ္ဂလှုပ်ရှားမှုတွေအတွက် မသုံးစွဲချင်ကြတာ သဘာဝကျပါတယ်။
စစ်တမ်းမှာ အထည်ချုပ်ကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အထည်ချုပ်သမတစ်ဦးကို လစာနဲ့ ပတ်သက်လို့ သရုပ်ဖော်ပြထားတယ်။

သူမရဲ့ လစာကို တစ်လတစ်ခါ ပေးတာမှာ လဆန်းတစ်ရက်မှာ ရတယ်။ အခြေခံလစာနဲ့ အချိန်ပိုအပြင် သူမ ရထိုက်တဲ့ ဆုကြေးကိုလည်း ရတယ်။ ရက်မှန်ဆုကြေး၊ အလုပ်ဆင်းချိန် နောက်မကျတာ၊ ပြီးတော့ အလုပ်ကျွမ်းကျင်မှုတွေအတွက် ဆုကြေးတွေ ရနိုင်ပါတယ်။
ငွေရတဲ့အခါ pay slip ကိုပါရတယ်။ pay slip မှာ တစ်လစာ ရရှိတာတွေကို တွက်ချက်ပြထားတယ်။ ဒါပေမဲ့ များသောအားဖြင့် သူမ ဘာတွေ ဘယ်လိုတွက်တယ်ဆိုတော့တော့ အကုန်လုံး ပြည့်ပြည့်ဝဝ နားမလည်ဘူး။
ပြီးခဲ့တဲ့ ၆လတာမှာ သူမရဲ့ အခြေခံလစာ အပြောင်းအလဲ မရှိဘူး။ အပေါင်းအသင်းတွေထဲမှာ တစ်ယောက်နှစ်ယောက်ကတော့ လစာတိုးသွားတယ်။
အချိန်ပိုခေါ်ရင် သူမ အမြဲဆင်းတယ်။ ဟင့်အင်းလို့ မငြင်းရဲဘူး။ ငြင်းဖန်များရင် သူမရဲ့ စူပါ(supervisor)နဲ့ ဆက်ဆံရေး အဆင်မပြေမှာ စိုးရိမ်တယ်။ ပြီးတော့ လစဉ်ရနေကျ ဆုကြေးကို ထိခိုက်မှာလည်း စိုးရိမ်တယ်။ နောက်ဆုံး အဆိုးဆုံးအနဖြေင့် သူမကို အလုပ်ထုတ်ပစ်မှာကိုလည်း စိုးရိမ်မိတယ်။
ပြီးတော့ သူမ ရတဲ့ အခြေခံလစာက အတော်နည်းတယ်။ ဒီတော့ သူမက အချိန်ပို လုပ်ချင်တယ်။ အချိန်ပို ဆင်းတာတွေအတွက် တစ်လတစ်လ ပုံမှန်အားဖြင့် ကျပ် နှစ်သောင်းခွဲကနေ ငါးသောင်းအထိ ရတယ်။ ဆုကြေးကတော့ အတိုးအလျော့တွေ အမြဲရှိတယ်။ ပြီးတော့ နည်းတယ်။ တစ်လမှာ ဆုကြေးကို ကျပ် နှစ်သောင်းခွဲထက် ပိုရတာ အတော်ရှားတယ်။ 
သူမက မိသားစုနဲ့ေဝးရာမှာ နေထိုင်လုပ်ကိုင်နေတာဆိုတော့ ငွေရေးကြေးရေးကို ကိုယ့်ဘာသာ ဆုံးဖြတ်တယ်။ ငွေကို သုံးစွဲတာမှာ ပထမဦးစားပေးက နေထိုင်တဲ့နေရာ အတွက် လခ ဖြစ်ပါတယ်။ တစ်လတစ်လ ကျပ် သုံးသောင်းကနေ ခြောက်သောင်းအထိ ပေးရတာမို့ လစာရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကို ဖဲ့ပေးလိုက်ရတာ ဖြစ်ပါတယ်။ အခန်းငှါးခ လခက မကြာသေးခင်က ထပ်တိုးသွားတယ်။ 
အခန်းငှါးခ၊ စားသောက်စရိတ်၊ အခြားအသုံးစရိတ်တွေ နုတ်ပယ်ပြီး ကျန်တာကို မိသားစုထံ ပြန်ပို့ပါတယ်။
တချို့လတွေမှာတော့ သူမအတွက် ငွေစုထားလိုက်တယ်။ ခိုးမခံရအောင် ဝှက်ထားရတယ်။ အိမ်ရှင်ဆီမှာလည်း အပ်ထားတယ်။ ဒါပေမဲ့ ငွေစုဖြစ်တဲ့လက ရှားပါတယ်။ ဘာလို့လဲဆိုတော့ သူမ ပေးပို့တဲ့ငွေဟာ မိသားစုအတွက် အလွန်အရေးကြီးတာမို့ အိမ်ကို ငွပြေန်ပို့ဖို့ကို ဦးစားပေးရပါတယ်။ 
သူမထက် အသက်နည်းနည်း ပိုကြီးတဲ့ အပေါင်းအသင်းတွေကတော့ ပိုစုနိုင်ကြတယ်။ သူတို့ကို အတုယူပြီး ပိုစုနိုင်အောင် လုပ်ဖို့ စိတ်ကူးရှိတယ်။ လာမယ့်နှစ်တွေမှာ ငွေစုနိုင်လိမ့်မယ်လို့ သူမ မျှော်မှန်းထားတယ်။
ရတဲ့လခက နည်းနေတော လကုန်ပိုင်းဆိုရင် အပေါင်းအသင်းတွေဆီက ငွေဆွဲပြီး သုံးရတယ်။ အတိုးပေးပြီး ချေးထားတာမျိုးတော့ မရှိပါဘူး။

အထည်ချုပ်လုပ်သား အားလုံးဟာ အခြေခံလစာအပြင် အချိန်ပိုလုပ်ခကို အားထားကြရတယ်။ လစဉ် တစ်လတာ ဝင်ငွေရဲ့ ၉၀%ဟာ အချိန်ပိုလုပ်ခ ဖြစ်နေတယ်။ ဒီတော့ မန်နေဂျာတွေထံမှာ တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ
အချိန်ပို ဆင်းဖို့ ဖိအားပေးခံရတယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ အခြေခံလစာအပြင် အရေးပါတဲ့ ဝင်ငွေ ဖြစ်နပြေီး အများစုက တစ်လကို ကျပ် နှစ်သိန်းခွဲကျော် ရတဲ့သူတွေ ဖြစ်ပါတယ်။
သက်လတ်ပိုင်းဖြစ်တဲ့ ၂၄ နှစ်မှ ၁၇ နှစ် အပိုင်းအခြားမှာ ရှိနေသူတွေက လတိုင်းလိုလို ငွေစုကြတယ်။ အဲဒီထက် အသက်ပိုငယ်သူတွေကတော့ အိမ်ကို ပြန်ပို့ကြရတာ အများဆုံးပဲ။

အနည်းဆုံး အခကြေးငွေကို ယခု တစ်ရက် ကျပ် ကျပ် ၃,၆၀၀ သတ်မှတ်ထားပြီး တစ်ရက်လျှင် ကျပ် ၁,၂၀၀ တိုးပေးပြီး တစ်ရက် ကျပ် ၄,၈၀၀ သတ်မှတ်ပေးတော့မှာ ဖြစ်ပေမဲ့ အခြေခံလစာပပြင် အချိန်ပိုလုပ်ခကို အားထားနေရခြင်းကတော့ ပြောင်းလဲသွားမယ် မထင်ပါဘူး။

သူတုိ႔ ဘယ္နယ္ကလဲ

သူတို့ ဘယ်နယ်ကလဲ

 

Read 996 times
Rate this item
(0 votes)