What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇစ်စိလို့ မရတဲ့ ဘောင်းဘီရှည်

သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတစ်ဦး အမည်းရောင်ဘောင်းဘီရှည်ကို ဝတ်ထားပြီး ဘောင်းဘီက အရွယ်ငယ်နေတော့ ဇစ်တပ်လို့ မရတာကို အင်စထရာဂရမ်မှာ တင်ပြခဲ့သူက ဗြိတိသျှ ဖက်ရှင်စတိုင် ပညာရှင်တစ်ဦး ဖြစ်ပြီး Print အမည်ရှိ မဂ္ဂဇင်းကို ပူးတွဲထူထောင်သူလည်း ဖြစ်တဲ့ Francesca Burns ဖြစ်ပါတယ်။

 

ကိုဗစ်ကြောင့် လော့ဒေါင်းချထားတဲ့ ကာလ လွန်မြောက်ချိန်မှာ ပုံမှန်သစ် “new normal”နဲ့ နေထိုင်လုပ်ကိုင်ကြချိန်မှာ Francesca Burns က အခုဓာတ်ပုံကို အင်စထရာဂရမ်မှာ တင်ပြခဲ့တာဖြစ်ပြီး ဖက်ရှင်နဲ့ အဝတ်အစားလောကမှာ ပွဲဆူသွားခဲ့ပါတယ်။

 

ဘောင်းဘီတွေ ထုတ်လုပ်တဲ့ အဝတ်အထည်လုပ်ငန်းတွေမှာ စံသတ်မှတ်ထားတဲ့ အရွယ်အစားနံပါတ်တွေ ရှိတယ်။ အဲဒီနံပါတ်တွေအရ ရှိသင့် ရှိ ထိုက်တဲ့ အရွယ်အစား မရှိဘဲ သေးငယ်နေတာကြောင့် ဆိုက်နံပါတ်ကြည့်ပြီး ဝယ်ဝတ်ကြသူတွေ ဝတ်လို့မတော်တာကြောင့် ဝတ်မရ ဖြစ်ကြရတဲ့ ပြဿနာကို Francesca Burns က မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ သူက ပုံနဲ့အတူ ဖော်ပြတဲ့စာမှာ အရွယ်အစားကြီးကြီး လုပ်ဖို့ တိုက်တွန်းပါတယ်။

 

ပုံမှာ TINY ဆိုတဲ့ မော်ဒယ်ကို ဖော်ပြထားတယ်။ သေးသွယ်တဲ့ ကိုယ်ခန္ဓာဖြစ်လို့ ယူကေ စံသတ်မှတ်ချက် အရ ဘောင်းဘီရှည်အရွယ်အစား နံပါတ် UK8 ဆိုတာ လွန်ရောကျွံရောပဲ။ ဒါပေမဲ့ ဘောင်းဘီက ဇစ်ဆွဲတင်လို့ မရနိုင်အောင် ကျပ်နေတယ်။ စံသတ်မှတ်ထားတဲ့ အရွယ်အစားနံပါတ် အရ ရှိ သင့်ရှိထိုက်တဲ့ အရွယ်အစားထက် အတော်လေး ပိုငယ်နေတဲ့အတွက် ဘောင်းဘီက ဝတ်မရ ဖြစ်နေပြီး စိတ်ပျက်မိတယ်။

 

မိန်းကလေးတွေဟာ အလွန်အမင်း လှပသော်ငြားလည်း အဝတ်အစား ဝတ်လို့ မတော်တဲ့အခါမှာ သူကပဲ ဝ နေတာလား၊ အရမ်းဝ နေတာလားလို့ ထင်မိစေတယ်။ အဝတ်အစားက စံမမီတဲ့ အရွယ်အစား ဖြစ်နေမယ်လို့ မထင်ကြဘူး။ တကယ်တော့ အဝတ်အစားကို အရွယ်ပိုငယ်ပြီး ကုန်ကျစရိတ် ချွေတာထားတာ ဖြစ်ပါတယ်။

 

အခုလို ဖြစ်ရတာ လက်မခံနိုင်စရာ ဖြစ်ပါတယ်။ ငွေပေးပြီး ဝယ်ဝတ်တာ စိတ်ချမ်းသာဖို့ ဖြစ်ပါတယ်။ ကောင်းလိုက်တာ ဆိုတဲ့ ခံစားမှုအရသာ ပေးရမှာ ဖြစ်ပါတယ် လို့ သူက တင်ပြထားပါတယ်။

Read 805 times
Rate this item
(0 votes)