What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူလတ်ပိုင်း အမျိုးသမီးတွေအတွက် ဖက်ရှင်နဲ့ သက်ဆိုင်သော အချက်များ

လူလတ်ပိုင်း အမျိုးသမီးတွေအတွက် ဖက်ရှင်နဲ့ သက်ဆိုင်သော အချက်များ google

လူတစ်ဦးချင်းဆီမှာတော့ သူတို့ကြိုက်နှစ်သက်တဲ့ ဖက်ရှင်စတိုင်ဆိုတာရှိပါတယ်။

သို့သော်လည်း စတိုင်အလေ့အထတွေက သင်နှင့် သင့်ရဲ့လက်ရှိအသက်ကို ဆန့်ကျင်ပြုမူပါလိမ့်မယ်။ ဖက်ရှင်စတိုင်အမှားတွေကြောင့် သင့်ရဲ့အသက်၊ ရုပ်သွင်ကို ပုံပျက်စေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအရာတွေကို ရှောင်ရှားရမလဲဆိုတာ အကြံပေးချင်ပါတယ်။

၁။ Outfit အချိုးအစားကို ထိန်းသိမ်းပါ

အကယ်၍သင်ဟာ နောက်ဆုံးပေါ်ဖက်ရှင်စတိုင်တွေကို ပြောင်းလဲချင်တယ်ဆိုရင် အရေးပါတဲ့ အစိတ်အပိုင်းတွေကို စဉ်းစားဖို့ လိုအပ်တယ်။ wide-legged pant နဲ့ ခန္ဓာကိုယ် ကွက်တိဖြစ်နေမယ့် top တွေဟာ အလွန်လိုက်ဖက်ညီလှပါတယ်။ အဲ့ဒီလိုပဲ oversized တီရှပ်နဲ့ skinny jean တွေကို ပေါင်းစပ်ခြင်းဟာလည်း ကြည့်ကောင်းလှပါတယ်။ အဓိကသတိပြုရမယ့် အချက်ကတော့ ကိုယ်ရဲ့ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်မယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။ သင့်အဝတ်အစားဟာ ကွက်တိဖြစ်စရာမလိုသလို အရမ်းကြီး ချောင်နေစရာလည်းမလိုပါဘူး။ ဒါဟာ သင့်ရဲ့အလှတရားကို ဖုံးကွယ်သွားနိုင်တယ်။ အခြားတစ်ဖက်မှာလည်း အလွန်အမင်းကျပ်တဲ့ အဝတ်အစားတွေက သင့်ရဲ့ ပုံပန်းသွင်ပြင်ကို ဖျက်ဆီးစေနိုင်ပါတယ်။

Read: ယူနီဖောင်းဒီဇိုင်းလေးတွေ

၂။ Accessories ပေါင်းစပ်ခြင်း

outfit တစ်ခု ဝတ်ဆင်ရာမှာ အဲ့ဒီ outfit အရောင် နဲ့လိုက်ဖက်မယ့် ဖိနပ်၊ အိတ်၊ ခါးပတ်တွေကို ရွေးချယ်လေ့ရှိကြတယ်။ ဒီလို ဆင်မြန်းခြင်းဟာ ခေတ်မမှီတော့တဲ့ စည်းမျဉ်းတစ်ခုပါ။ ပုံသေ အရောင်တူ ဝတ်ဆင်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ တစ်နေရာမှာ အရောင်လင်းလင်းထည့်မယ်ဆိုရင် တခြား accessories တစ်ခုမှာ အရာင်ငြိမ်တာလေးတွေကို ရွေးချယ်ပါ။

၃။ ခါးပတ်ရွေးချယ်မှု

ခပ်ပွပွအင်္ကျီတွေဟာ သင့်ကို မသေမသပ်နဲ့ ဖိုးရိုးဖားရားနိုင်တယ်လို့ ထင်စေနိုင်တယ်။ ဒီလို ခပ်ပွပွ outfit တွေကို ပိုပြီးပြည့်စုံစေဖို့ ခါးပတ်က သင့်အတွက် အထောက်အကူပြုစေမှာပါ။ ပြီးတော့ သင့်ရဲ့ခါးကိုလည်း ပေါ်လွင်လှပစေဖြစ်ပါတယ်။

၎။ဆယ်ကျော်သက် outfit စတိုင်များကို ဖယ်ရှားပါ

စတိုင်စည်းမျဉ်းတွေက သင့်ရဲ့အသက်အရွယ်နှင့်အတူ ပြောင်းလဲလျက်ရှိတယ်။ တလက်လက်တောက်နေတဲ့ ဂျင်းတွေနှင့် ကာတွန်းရုပ်တီရှပ်တွေဟာ သင့်ကို ငယ်ရွယ်စေတယ်လို့ မထင်နိုင်ပါဘူး။ ရိုးရှင်းတဲ့ ဂျင်းဘောင်းဘီပြာနှင့် တီရှပ်ဗြောင်အဖြူတွေကို တွဲဖက်ဝတ်ဆင်ချင်းက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ပြီး လူငယ်ဆန်စေပါတယ်။

Author- TDA

Myanmar Textile and Garment Directory

Read 2201 times
Rate this item
(1 Vote)