What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရောင်တွေရဲ့သဘော

အရောင်တွေရဲ့သဘော google

လူတစ်ယောက်အတွက် အရှက်တရားနဲ့ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အဝတ်အစားကို ဝတ်ဆင်လာခဲ့ကြတာပါ။

ပြီးတော့ အဝတ်အစားဆိုတာ လူတွေကို လှပအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒီလိုပါပဲ အရောင်ဆိုတာလည်း သူဖော်ပြချက်နဲ့သူရှိပါတယ်။

Textile ပရိသတ်ကြီးအတွက် အရောင်တွေရဲ့သဘောသဘာဝကို မျှဝေပေးချင်ပါတယ်နော်။


အမည်းရောင်

အမိန့်အာဏာနှင့်ဆိုင်တဲ့ အခြင်းအရာကို ဖြစ်ပေါ်စေပါတယ်။ အချိန်မရှိဘူးဆိုတဲ့ သင်္ကေတကိုပါ ဖော်ပြနေပါတယ်။

 

 

မီးခိုးရောင်

ဒီအရောင်က အတွေ့အကြုံများခြင်း၊ခေတ်ဆန်းခြင်း၊ယုံကြည်မူရှိခြင်းဆိုတဲ့ အကြောင်းအရာကို ဖော်ပြပါတယ်။ သဘာဝကျတဲ့အရောင်တစ်ရောင်လည်းဖြစ်ပါတယ်။

 

 

အဖြူရောင်

ဒီအဖြူရောင်ဟာဆိုရင် ဖြူစင်ခြင်းကို ပြသနေတာကြောင့် လူတိုင်းနဲ့ လိုက်ဖက်ပါတယ်။

 

 

အနီရောင်

ရဲရင့်တဲ့အရောင်လည်းဖြစ်သလို စိတ်ဓာတ်ခွန်အားလည်းပေးနိုင်တဲ့အရောင်ပါ။ ရန်လိုခြင်းတဲ့ ဘက်ကိုလည်းသွားတဲ့အရောင်ပါ။

 

 

အစိမ်းရောင်

အေးချမ်းခြင်းအရောင်ကို ဆောင်သလို တိတ်ဆိတ်ငြိမ်သက်ခြင်း၊ လန်းဆန်းခြင်း ၊ ဖော်ရွေခြင်းနှင့် ချမ်းသာကြွယ်ဝတဲ့ဘက်ကိုပါ ပြောပြနေတဲ့အရောင်လည်းဖြစ်ပါတယ်။

 

 

အပြာရောင်

ရေ၊ပင်လယ်၊မိုးကောင်ကင်ပြာတို့ဘက်ကို ကိုယ်စားပြုတာဖြစ်လို့ ငြိမ်းချမ်းခြင်းဘက်ကိုဆောင်သလို၊ လတ်ဆတ်ခြင်း၊ သစ္စာရှိခြင်းတို့ကိုပါ ပြောပြနေတာပါ။

 

 

ခရမ်းရောင်

ခေတ်ဆန်ခြင်း၊အတွေ့အကြုံကြွယ်ဝခြင်း တို့ကို ဖော်ပြနေပါတယ်။

 

 

အညိုရောင်

စစ်မှန်ခြင်း၊ယုံကြည်စိတ်ချရခြင်း ကိုဖော်ပြနေပါတယ်။ ကမ္ဘာမြေကြီးကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်တဲ့အတွက် တည်ငြိမ်ခိုင်မာခြင်းဆိုတဲ့ အသွင်ကိုလည်းပေးပါတယ်။

 

Source : Shwe Chit Thu

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 2505 times
Rate this item
(0 votes)
Tagged under