မြန်မာဝတ်စုံတွေနဲ့သာ အများဆုံးမြင်တွေ့နေရတဲ့ အေးမြတ်သူက သူမရဲ့ အသက်အရွယ်နဲ့ တည်ငြိမ်မှုကြောင့် မြန်မာဝတ်စုံတွေ ဝတ်ဖြစ်တာပါလို့ ပြောပါတယ်။
“အသက် ၃၀ကျော် မိန်းမတစ်ယောက်က အပြင်ထွက်ရင် ကလပ်တက်တက်လုပ်လို့မရတော့ဘူး။ အရင်ကလို ရှပ်ပြာ ရှပ်ပြာနေလို့မရတော့ဘူး။ ကိုယ့်ရဲ့ တည်ငြိမ်တဲ့အလှမှာ ရင့်ကျက်တဲ့အလှကို ပေါင်းစပ်ရမယ့်အချိန်ဖြစ်သွားပြီ။ မြန်မာဝတ်စုံကလည်း မိန်းမတစ်ယောက်ကို ရိုးရှင်းပြီးလှပစေတဲ့အတွက်ကြောင့် မြန်မာဝတ်စုံလေးတွေ ဝတ်ဖြစ်ပါတယ်။ လက်ရှိ ချိတ်လေးတွေလည်း ရောင်းနေတဲ့အခါကျတော့ ဦးစားပေးဝတ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံကို မြန်မာဆန်ဆန်ပဲကြိုက်တယ်ရှင့်။ ပုံစံပြောင်းတာကျ သက်တောင့်သက်သာမရှိဘူးလို့ မြင်တယ်။ တအားကြီးဟိုက်နေတဲ့အခါကျရင်လည်း ကိုယ့်ကိုကိုယ်လည်းနေရတာမလုံဘူးပေါ့နော်။ Evening Grown နဲ့ဟိုက်နေတာက ကိုယ့်ကိုကိုယ့်ယုံကြည်မှု ရှိတယ်။ မြန်မာဝတ်စုံအောက်က ချိတ်နဲ့ အပေါ်က ဟိုက်နေတယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့တယ်။ အဲ့ဒါကြောင့် အေးမြတ်သူ ရင်ဖုံးဝတ်တာပိုများပါတယ်။ အဲ့လိုဝတ်ရတာလည်း ပိုကြိုက်ပါတယ်။”လို့ အေးမြတ်သူက ဆိုပါတယ်။
source:people magazine