Sophia Amoruso လို့လူသိများတဲ့ Sophia Christina Amoruso ကိုတော့ ၁၉၈၄ ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့
အမေရိကန်နိုင်မှာအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။
သူမတည်ထောင်ခဲ့တဲ့ Nasty Gal လို့ခေါ်တဲ့ အမျိုးသမီးဖက်ရှင်အရောင်းဆိုင်ကဆိုရင် အရမ်းကိုအောင်မြင်မှု မြန်ဆန်တဲ့
ကုမ္ပဏီတခုဖြစ်ကြောင်း 2012 ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ Inc. Magazine မှာဖော်ပြခြင်းခံခဲ့ရပါတယ်။
သူမက 2016 ခုနှစ်မှာ Forbes magazine ကဖော်ပြခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ကာလတစ်ခုအရောက်မှာ သူမရဲ့ Nasty Gal ကဒေဝါလီခံခဲ့ရပါတယ်။
သူမက 2014 ခုနှစ်အရောက်မှာတော့ GIRLBOSS Media ကို တည်ထောင်ခဲ့ပြီးတော့ သူမရဲ့အကြောင်းအရာဖန်တီးမှုက
မိန်းကလေးပရိသတ်များဆီကို ဦးတည်နေခဲ့ပါတယ်။
သူမကို ကယ်လီဖိုးနီးယားနိုင်ငံ ဆန်ဒီကို မြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
သူမရဲ့လူငယ်ဘဝမှာတင်ပဲ ကျောင်းကိုထွက်လိုက်ရပြီးတော့ အိမ်မှာပဲစာလေ့လာခဲ့ရပါတယ်။
သူမဆယ်ကျော်သက်အရွယ်ကနေစပြီးတော့ သူမက အလုပ်အမျိုးမျိုးကိုလုပ်ခဲ့ရပါတယ်။
သူမက အသက် ၂၂ အရွယ်မှာပဲ eBay Store ကိုဖွင့်လှစ်ခဲ့ပါတယ်။ သူမရဲ့ဆိုင်မှာ အထည်ဟောင်းများအပြင်
အခြားသောပစ္စည်းများကိုလည်း ရောင်းချခဲ့ပါတယ်။
သူမကဓာတ်ပုံပညာအတန်းကိုတက်ရောက်ခဲ့ပြီးတော့သူရဲ့စတိုင်နဲ့ဓာတ်ပုံပညာကိုပေါင်းစပ်ပြီးတော့ သူရဲ့လုပ်ငန်း
တွင်ကျယ်အောင်လုပ်ကိုင်ခဲ့ပါတယ်။
2008 ခုနှစ်အရောက်မှာ customer တွေရဲ့တိုင်ကြားချက်အရ eBay ကပိတ်ခံလိုက်ရပါတယ်။
eBay ပိတ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ Nasty Gal လို့ခေါ်တဲ့ ကိုယ်ပိုင် website ကိုစတင်မိတ်ဆက်လိုက်ပါတယ်။
Nasty Gal ကတော့လူငယ်အမျိုးသမီးတွေကြားမှာ အောင်မြင်လာတဲ့ social media တစ်ခုဖြစ်လာခဲ့ပါတယ်။ ထို website က
အရမ်းကိုဝင်ငွေတိုးတက်မှုမြန်ဆန်ပြီး 2008 ခုနှစ်က 2011 ခုနှစ်အတွင်းမှာပဲ $23 million ထိရရှိခဲ့တာပဲဖြစ်ပါတယ်။
သူမကို New York Time သတင်းစာက “a Cinderella of tech” လို့တောင်တင်စားလိုက်ပါတယ်။ 2013 ခုနှစ်အရောက်မှာတော့
Sophia Amoruso ကစီးပွားရေးလောကမှာဆွဲဆောင်မှုအရှိဆုံး CEO တွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Author:KKK
Myanmar Textile and Garment Directory