What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ် ထက်ထက်ထွန်း ရဲ့ ဖက်ရှင်

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ် ထက်ထက်ထွန်း ရဲ့ ဖက်ရှင် Htet Htet Htun Facebook

၁၉၉၂ ဇွန်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းဟာ အခုအခါမှာတော့ အသက် ၂၇ ရှိနေပြီ ဖြစ်ပါတယ်။

သူမဟာဆိုရင် Miss Universe Myanmar 2016 ဆုနှင့် Best National Costume Award in Miss Universe 2016 at Philipine ဆုတို့ကို ရရှိထားကြောင်း သိရသည်။

hhh111

Read: မိုးဟေကိုရဲ့ လတ်တလော ပုံရိပ်များ

၂၀၁၀ အောက်တိုဘာလမှာ မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၁ နိုဝင်ဘာလမှာ မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ဒီဇင်ဘာလက စပြီးတော့ Myanmar Celebrity မှာ Presenter အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။

hhh12

 

အလှမယ်ထက်ထက်ထွန်းက မတ်လ ၃၁ ရက်တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ်(၃)မှ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

hhh10

 အလှမယ် ထက်ထက်ထွန်း သည် မတ်လ ၁၀ ရက် မွန်းလွဲပိုင်းက မဟာဗန္ဓုလပန်းခြံအတွင်း မဲဆွယ်မှုပြုလုပ်ခဲ့ပြီး စည်ပင်သာယာ ရွေးကောက်ပွဲအတွက် လူထုလှုံ့ဆော်ပွဲ(Campaign) ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

hhh7

"ရွေးကောက်ပွဲမှာ အရွေးချယ်ခံရမယ်ဆိုရင် ရန်ကုန်မြို့ ရဲ့ လူနေမှုအဆင့်တန်းကိုမြှင့်တင်မယ်။ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး ဆွေးနွေးတင်ပြသွားပါမယ်"လို့အလှမယ်ထက်ထက်ထွန်းကပြောကြားခဲ့ပါတယ်။

hhh1

သူမဟာ လက်ရှိမှာတော့ စည်ပင်နည်းဥပဒေတွေ ကို လေ့လာနေတဲ့ အပြင် စာအုပ်ထဲကစည်ပင်နှင့် လတ်တလောအပြင်မှာဖြစ်နေတဲ့ အရာတွေကိုပါနှိုင်းယှဉ်ပြီး ပြည်သူတွေတကယ်လိုအပ်တဲ့  လိုအပ်ချက်တွေကိုဖြည့်စည်းပေးနိုင်ဖို့ အတွက်လည်း ကြိုးစားနေတယ်လို့ လည်းသိရပါတယ်။

hhh2

ဒါ့အပြင် ဆယ်စက္ကန့်လမ်းလျှောက်တိုင်း အမှိုက်ပုံးတစ်ခုထားသွားပေးပြီး သန့်ရှင်းတဲ့ ရန်ကုန်မြို့ကြီးကိုဖန်တီးပေးသွားမှာဖြစ်လို့  ယုံယုံကြည်ကြည် မဲပေးလို့ ရပါတယ်လို့ လည်း ပြောသွားခဲ့ ပါတယ်။

hhh3
မဲနိုင်ခဲ့ မယ်ဆိုရင်တော့ ရရှိတဲ့(၂)နှစ်တာအတွင်းမှာ ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်စေရမယ်လို့ တော့ ကတိပြုပါတယ်။ ပြည်သူတွေပေးတဲ့မဲတွေလည်း အလကားမဖြစ်စေဘူး လက်ရှိရန်ကုန်ကလည်းနောက်လာမဲ့ (၂)နှစ်မှာရှိတဲ့ ရန်ကုန်နဲ့ ဘာမှမဆိုင်စေရဖို့ ကိုလည်း အာမခံပါတယ် လို့ ပြောကြားသွားခဲ့ ပါတယ်။

Myanmar Textile and Garment Directory

Read 2413 times
Rate this item
(1 Vote)
Tagged under