What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာကျော်အနုပညာရှင်တို့ရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်

ကျွန်မတို့ပရိတ်သတ်တွေအားလုံး အနုပညာရှင်ဆယ်လီ အနီရောင်ကော်ဇောထက်မှာ ဝတ်ဆင်ကြတဲ့ ဖက်ရှင် တွေ၊ တီဗီ မှန်သားပြင်ထက်မှာဝတ်ဆင်ကြတဲ့ဖက်ရှင်တွေကို အတုယူအားကျမိတတ်ကြပါတယ်။

ဒါပေမယ့် အဲ့ဒီဖက်ရှင်တွေဟာ ဒီဇိုင်နာတွေကနေ သူတို့အတွက်သီးသန့်ဖန်တီးထားတဲ့ ဖန်စီပစ္စည်းတွေပါဝင်တဲ့ဖက်ရှင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဆယ်လီတွေရဲ့နေ့စဉ်ဘဝ က သူတို့လွတ်လပ်စွာ (ဒီဇိုင်နာတွေရဲ့အကူညီမပါဘဲ) သူတို့ကိုယ်တိုင် ရွေးချယ်ဝတ်ဆင် ကြတဲ့ ဖက်ရှင် ဒီဇိုင်းလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

၁- Jennifer Aniston

jennifer Aniston1 min

jennifer Aniston2 min
Jennifer Aniston ရဲ့နေ့စဉ် ထသွားထလာပုံစံတွေမှာတွေ့ရတဲ့ ဖက်ရှင်တွေဟာ ပေါ့ပါးပြီး ရိုးစင်းပါတယ်။ ဘာပဲဖြစ်ဖြစ် သူမဟာ အမြဲတမ်းဆိုသလို အထှာကျကျနဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေကို ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်စတိုင်က လိုက်လျောညီထွေရှိမူအပေါ်မှာအခြေခံဝတ်ဆင်တတ်တာဖြစ်ပါတယ်။ ဖန်စီပစ္စည်းတွေကိုလဲ တွဲဖက်ဆင်မြန်းတတ်ပြီး လူတိုင်းအတုယူသင့်တဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။

၂- Jennifer Lawrence

Jennifer Lawrence1 min

Jennifer Lawrence2 min
Jennifer Lawrence တို့ကတော့ ရိုးစင်းပြီးသက်တောင့်သက်သာရှိတဲ့ဖက်ရှင်တွေကို အပြင်ထွက်တဲ့အခါ၊ shopping ထွက်တဲ့အချိန်တွေမှာဝတ်ဆင်တတ်ပါတယ်။ သူမရဲ့အနားမှာ အမြဲပါတတ်တဲ့ခွေးသေးသေးလေးကလဲ သူမရဲ့စတိုင်တစ်မျိုးပါပဲ။

၃- Victoria Beckham

victoria beckham street style lead 1 min

Victoria Beckham2 min
Victoria Beckham ကတော့ ဘယ်သွားသွားအမြဲစတိုင်ကျ ဆန်းသစ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလဲ ဒီဇိုင်းနာတစ်ယောက်ဖြစ်နေလေတော့ အမြဲဆိုသလို သူမနဲ့လိုက်ဖက် ပြီးကိုယ်တိုင်ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်တတ်ပါတယ်။ ဗစ်တိုးရီးယားနဲ့အမြဲလိုတွဲဖက်တွေ့နေရတဲ့နောက်ထပ်အရာတွေကတော့ ဒေါက့်အမြင့်ရူးဖိနပ်တွေပဲဖြစ်ပါတယ်။

၎- Jennifer Lopez

Jennifer Lopez2 min

2 min
J-Lo ကိုတော့ သီချင်းဗီဒီယိုတွေမှာ အနီရောင်ကော်ဇောထက်မှာ အဖော်အချွတ်ဝတ်စုံတွေနဲ့ တွေ့ရတတ်သလို နေ့စဉ်ဘဝကပုံရိပ်တွေမှာလဲ အရမ်း sexy ကျတဲ့သူပါ။ ဒေါက်မြင့်ရူးဖိနတ်တွေကိုရွေးချယ်တတ်သလို သူမရွေးချယ်တဲ့ အကျီ င်္တွေကလဲ သူမရဲ့ကောက်ကြောင်းကို ပေါ်စေတဲ့ စတိုင်မျိုးတွေပဲဖြစ်ပါတယ်။

၅- Julia Roberts

Julia Roberts1 min

3 min
Julia Roberts က သာမာန်အဝတ်အထည်တွေကိုပဲနေ့စဉ်ဘဝမှာဝတ်ဆင်တယ်လို့ သူမအမြဲပြောတတ်ပါတယ်။

၆- Kim Kardashian

Kim Kardashian1 min

Kim Kardashian2 min
ကင်မ် ကတော့ ထသွားထလာတွေမှာတောင် သူမရဲ့ကောက်ကြောင်းကိုဦးစားပေးတဲ့ဖက်ရှင်နဲ့၊ နာမည်ကြီးတံဆိတ် ဖက်ရှင်တွေကိုဝတ်ဆင်တတ်တဲ့သူဖြစ်ပါတယ်။

 

Source:mingalarbar

Read 1188 times
Rate this item
(1 Vote)