What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇာတ်လမ်းတွဲတွေ ပိုမိုရိုက်ကူး ဖြစ်လာတဲ့ နန်းစုဦး

ဇာတ်လမ်းတွဲတွေ ပိုမိုရိုက်ကူး ဖြစ်လာတဲ့ နန်းစုဦး google

နန်းဆုဦးက လက်ရှိမှာ ‘’ဆေးမင်ရည် ချည်သောကြိုး’’ ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူး နေတာ ဖြစ်ပါတယ်။ သူမဟာ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ လက်ခံ

ရိုက်ကူး ဖြစ်လာတယ်လို့ ဆိုပါတယ်။

’'ဇာတ်လမ်းတွဲကျတော့ ၂ လဆိုလည်း ၂ လပေါ့။ နန်းဆုနဲ့ အဆင်ပြေတယ်လို့လည်း ခံစားရတာကြောင့် ဇာတ်လမ်းတွဲတွေလည်း ရိုက်သွားမှာပါ။ April 25 ဆိုရင်တော့ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ရုပ်ရှင်ကားကြီး ရုံတင်ဖို့ရှိပါတယ်’’ ဆိုပြီးတော့ ‘’ကျွန်မ ချစ်သော ယောက်ျား သုံးယောက်”ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

nso6

Read: Lady လေးတွေ အတွက် Fashion Tips

နန်းဆုဦးကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ တွေ့ရနည်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဗီဒီယို ရိုက်ကူးမှုနည်းသွားတာကြောင့် ပရိသတ်တွေနဲ့ အဆက်ပြတ်သွားမှာစိုးတဲ့အတွက် ဇာတ်လမ်းတွဲရိုက်ကူးဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

nso2

‘‘ အခုနောက်ပိုင်း ဗီဒီယိုတွေကလည်း ဆက်တိုက်မထွက်နိုင်တော့ဘူး၊ ရုပ်ရှင်ကားကြီးတွေကျတော့လည်း တစ်နှစ်မှ တစ်ခါ၊ ၆ လမှ တစ်ခါဆိုတော့ နန်းဆု ပရိသတ်တွေအတွက် နန်းဆု အနုပညာလှုပ်ရှားမှုတွေကို အရင်ကထက်စာရင် နည်းသွားမှာလည်းစိုးတာလည်းပါတယ်’’ လို့ သူကဆိုပါတယ်။

nso1

ဆေးမှင်ရည်ချည်သောကြိုး ရုပ်သံဇာတ်လမ်းတွဲထဲမှာ နန်းဆုဦးက ကျန်းမာရေးချူချာပြီး၊ အနေအေးတဲ့ ကောင်မလေးတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နန်းဆုဦးနဲ့အတူ ခါရာ၊ တိုင်ရွန် နဲ့ ဟန်လေးတို့က အဓိက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးနေတာပါ။

nso5

နန်းဆုဦးရဲ့ အကြောင်းလဲ ပြောပြီးပြီဆိုတော့ သူမရဲ့ ဖက်ရှင်လေးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

Source: Duwun
Myanmar Textile and Garment Directory

Read 2853 times
Rate this item
(1 Vote)