အရင်နေ့တွေတုန်းက မိန်းကလေးတွေ သိထားသင့်တဲ့ အချက်ကလေးတွေကို ပြောပြခဲ့သလိုမျိုးပဲ ဒီနေ့မှာလဲ ပျိုမေလေးတွေအတွက် Fashion Tips
လေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်ရှင်။
(၁) လည်စည်းလေး ဝတ်ဆင်ပေးပါ။ အမျိုးသားတွေရော၊ အမျိုးသမီးတွေအတွက်ပါ စတိုင်ကျလှပစေမှာပါ။ ကိုယ့်အင်္ကျီထက် အရောင်ပိုရင့်တဲ့ လည်စည်းကို ရွေးပါ။
(၂) ရှပ်အင်္ကျီပွပွကြီးကို အရင်လို ကြယ်သီးပြည့်တပ်မဝတ်ဘဲ ခါးနားမှာ ဘေးထုံးလေးထုံးလိုက်ပါ။ ဒီလိုဖက်ရှင်လေးနဲ့အများရဲ့အာရုံတွေကိုဖမ်းစားလိုက်တော့နော်။
Read ပရိသတ်ရဲ့ မေတ္တာကို ရရှိထားတဲ့ ခြူးလေး
(၃) မီနီစကတ်လေးတွေ ဂါဝန်လေးတွေကို သူတို့နဲ့လိုက်တဲ့ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ ခြေထောက်လေးတွေသွယ်သွယ်လေးပုံပေါ်နေပါလိမ့်မယ်။
(၄) ဗိုက်ခေါက်ပိုထွက်စေတဲ့ ချတ်ပြုတ် ဂျင်းဘောင်းဘီတွေကို မဝတ်တာအကောင်းဆုံးပါပဲ။ နို့မို့ ဗိုက်ခေါက်ထွက်တာ အရမ်းသိသာနေပါလိမ့်မယ်နော်။
(၅) ဖက်ရှင်ရှိုးနဲ့ ဖက်ရှင်ပြပွဲတွေ တက်ရောက်လေ့လာပါ။ ဒါဆို ဖက်ရှင်ခေတ်ရေစီးကြောင်းနဲ့ ဖက်ရှင်နောက်ခံသမိုင်းကြောင်းတွေကိုပါ လေ့လာနိုင်မှာပါ။
Source:Lifestyle Mirror
Myanmar Textile and Garment Directory