What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ဝတ်တဲ့အ၀တ်အစားက ကိုယ့်အတွက် ယုံကြည်မှုရှိဖို့လိုတယ်ဆိုတဲ့ ပန်းရောင်ခြယ်

ကိုယ်ဝတ်တဲ့အ၀တ်အစားက ကိုယ့်အတွက် ယုံကြည်မှုရှိဖို့လိုတယ်ဆိုတဲ့ ပန်းရောင်ခြယ် chic facebook

“လူမှာအ၀တ်၊ တောင်းမှာ အကွပ်”ဆိုတဲ့စကားအတိုင်း အ၀တ်အစားဆိုတာ လူတိုင်းအတွက် အရေးပါတဲ့အရာ တစ်ခုပါ။ ယနေ့ခေတ်မှာတော့ အ၀တ်အစားကို ဖက်ရှင်တစ်ခု အဖြစ် ဒီဇိုင်းမျိုးစုံဖန်တီးပြုလုပ်ပြီး ၀တ်ဆင်လျက်ရှိကြပါတယ်။ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ ဖက်ရှင်ရဲ့ ရေစီးထဲမှာ လူငယ်အတော်များများ စီးမျောပါဝင်လျက်ရှိကြတဲ့အတွက် ဖက်ရှင်နဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို ခေတ်လူငယ်တစ် ယောက်ဖြစ်တဲ့ အဆိုတော် ပန်းရောင်ခြယ်နဲ့ တွေ့ဆုံခိုက် ဂီတ၊ဖက်ရှင်နှင့် အနုပညာလှုပ်ရှားမှုများကို မေးမြန်းထားပါတယ်။ 

အနုပညာလှုပ်ရှားမှု

ဒီဇင်ဘာမတိုင်ခင်က Wake Up Daddy ဆိုတဲ့အခွေလေး ထွက်ထားပါတယ်။ ၂၀၁၇မှာ တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေပါတယ်။ ခုရက်ပိုင်းတွေမှာလည်း ကြော်ငြာလေးတွေ ရိုက်ဖြစ်နေပါတယ်။ နောက်ပြီး သင်္ကြန်အခွေအတွက်လည်း သီချင်း အသစ်လေးတွေလုပ်ထားတာရှိပါတယ်။

ပညာရေး

ပညာရေးအနေနဲ့ Australia နိုင်ငံ Perth မြို့က University Western Australia (U W A) မှာ Architecture တက်နေပါတယ်။

အနုပညာနဲ့ပတ်သက်ပြီး ၀ါသနာပါတာ

အနုပညာနဲ့ပတ်သက်ရင် သီချင်းဆိုတာက နံပါတ်တစ် ၀ါသနာပါတာပေါ့။ ကျန်တဲ့ အနုပညာအလုပ်တွေလည်း အကုန်ဝါသနာပါပါတယ်။ ဓာတ်ပုံရိုက်တာ၊ ကြော်ငြာရိုက်တာ၊ သီချင်းရေးတာ၊ ပုံဆွဲတာ အကုန်ဝါသနာပါပါတယ်။ အကြိုက် ဆုံးနဲ့ အပျော်ဆုံးလုပ်ရတာကတော့ သီချင်းဆိုတာပေါ့။

18119605 1581857615190241 2218536233059117721 n

 ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး

ဖက်ရှင်ပိုင်းကိုလည်း စိတ်ဝင်စားပါတယ်။ များသောအားဖြင့် ပန်းရောင်က ဂါဝန်လေးတွေ ၀တ်တာများတယ်။ ဂါဝန် လေးတွေဝတ်ရတာကိုကြိုက်တယ်။ အဓိက Classic ဖြစ်တာ Elegant ဖြစ်တာမျိုးလေးတွေ ကြိုက်ပါတယ်။

 ဖက်ရှင်အပေါ်မှာထားရှိတဲ့ ခံယူချက်

တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖက်ရှင်ခံယူချက်ချင်းက မတူကြပါဘူး။ အဲ့ဒီလို မတူတာကလည်း ပိုပြီးတော့ Unit ဖြစ်စေပါတယ်။ တချို့ကလည်း Heavy ဖြစ်တဲ့ဖက်ရှင်တွေ ကြိုက်တယ်။ Accessories အပြည့်နဲ့ ပြောင်ပြောင်လက်လက်ဝတ် ရတာကိုကြိုက်တယ်။ တချို့ကျတော့လည်း အတိုအပြတ်လေး တွေက သူတို့အတွက် ဖက်ရှင်အကျဆုံးလို့ထင်တယ်။ အဓိက ကတော့ ကိုယ်ကြိုက်တဲ့အ၀တ်အစားနဲ့ ကိုယ်ဝတ်လိုက်ရင် Confident ဖြစ်စေမယ့် အ၀တ်အစားမျိုးကို အခြေခံပြီး လူတွေ Fashion Sense တွေက ကွာသွားတယ်လို့ထင်ပါတယ်။

ကိုယ်နဲ့လိုက်ဖက်မှုရှိမယ်ထင်တဲ့ဖက်ရှင်

ဖက်ရှင်နဲ့ပတ်သက်ရင် ကိုယ်ကိုယ်တိုင်သာမ၀တ်ဖြစ်တာပါ။ သူများတွေဝတ်တာမြင်ရင် လှတဲ့အတွက်ကြိုက်တယ်။ သဘောလည်းကျတယ်။ ကိုယ်တိုင်ကျတော့ သူတို့လိုလိုက်မ၀တ်ဖြစ်ဘူး။ ပန်းရောင်နဲ့ ပန်းရောင်ညီမလေးတောင်မှ ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်စတိုင်လ်ကမတူကြဘူး။ သူက ပန်းရောင်လို ဂါဝန်လေးတွေမကြိုက်ဘူး။ တစ်ခါတလေမှ သူဝတ်ဖြစ်တာ သူကြိုက်တာက ဂျင်းဘောင်းဘီနဲ့တီရှပ် ပေါ့ပေါ့ပေါ့ပါးပါး လေးတွေသူကြိုက်တယ်။ သူဝတ်ရင်လည်းလှတယ်၊ ပန်းရောင်လည်းသဘောကျတယ်။ ဒါပေမဲ့ သူဝတ်သလိုမျိုးပန်းရောင်လည်း တစ်ခါတလေမှပဲ ၀တ်ဖြစ်ပါတယ်။ ကြိုက်တာကတော့ ဖက်ရှင်စတိုင်နဲ့ပတ်သက်ပြီး အကုန်ကြိုက်ပါတယ်။ ဂါဝန်လေး တွေကလည်း ပန်းရောင်နဲ့လိုက်ဖက်မှုရှိတယ်လို့ထင်တယ်၊ မလိုက်ဖက်ဘူးလို့ထင်တဲ့ ဖက်ရှင်မျိုးတော့ မရှိသေးပါဘူး။

18556347 1857230497935301 5031820784018435032 n

 လေ့လာဖြစ်တဲ့ဖက်ရှင်

ဖက်ရှင်ကို ထွေထွေထူးထူးလေ့လာဖြစ်တာတော့ မရှိပါ ဘူး။ အခုချိန်ထိလည်း အ၀တ်အစားတွေကို အမေကပဲစီစဉ် ပေးတာများတယ်။ အမေကြိုက်တဲ့ပုံစံကလည်း ပန်းရောင် ကြိုက်တဲ့ပုံစံနဲ့တူတော့ အဆင်ပြေသွားတယ်။ Classic ဖြစ်တဲ့ ဂါဝန်ပုံစံလေးတွေကိုပဲကြိုက်လို့ ၀တ်ဖြစ်တယ်။ သီးသန့်လေ့ လာတာမျိုးမဟုတ်ဘဲတွေ့နေရတဲ့ပုံစံမျိုးကိုပဲ ကြည့်ဖြစ်ပါတယ်။

 ရှိုးပွဲမှာသီချင်းဆိုတဲ့အခါ စီစဉ်ဖြစ်တဲ့ဖက်ရှင်

ရှိုးပွဲတွေမှာသီချင်းဆိုတဲ့အခါ သီချင်းနဲ့လည်းလိုက်ဖက်မှုရှိပြီး ကိုယ်ဝတ်ချင်တဲ့ပုံစံမျိုးလည်းဖြစ်အောင် စီစဉ်ပြီး ၀တ်ဖြစ်ပါတယ်။

 လေးစားအားကျရမယ့် ဖက်ရှင်မော်ဒယ်

ကိုယ် Idol ဖြစ်တဲ့ ဖက်ရှင်မော်ဒယ်ရယ်လို့တော့မရှိပါဘူး။ အင်တာနက်တွေ စာအုပ်တွေမှာတွေ့တဲ့မော်ဒယ်တွေရဲ့ဖက်ရှင်တွေကိုတော့သဘောကျမိပါတယ်။

 ကြိုက်နှစ်သက်တဲ့ ဖက်ရှင်

ပန်းရောင်က ဂါဝန်အတိုရော အရှည်ရောအကုန်ကြိုက်တဲ့အတွက် ဂါဝန်ဝတ်ထားလိုက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတယ်လို့ထင်မိပါတယ်။ ပန်းရောင်ကတော့ ဂါဝန်ဝတ်ရတာ အကြိုက်ဆုံးပဲ။ လုံလုံခြုံခြုံဝတ်မှ လှတယ်လို့ထင်တဲ့သူရှိသလို ပေါ့ပေါ့ပါးပါးဝတ်မှလှတယ်လို့ထင်တဲ့သူလည်း ရှိကြတဲ့အတွက် ပန်းရောင်ကတော့ လှတာတွေ့ရင် အကုန်ကြိုက်ပါတယ်။

pyc

 ကြိုက်နှစ်သက်တဲ့အရောင်

အရောင်တွေထဲမှာဆိုရင် ပန်းရောင်၊ အဖြူရောင်၊ အမည်းရောင်၊ အပြာရောင် စတဲ့အရောင်လေးတွေကို အနုအရင့်အကုန် ကြိုက်ပါတယ်။

 ဖက်ရှင်ရဲ့ အရေးပါပုံ
ဖက်ရှင်ရဲ့ အရေးပါတဲ့ဒီဂရီက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့တွေအတွက် အရေးပါပေမယ့် တချို့အတွက် ကျတော့ ပေါ့ပေါ့ပါးပါး ဒီဂရီလောက်ပဲအရေးပါတဲ့ သူတွေ လည်းရှိပါတယ်။ ဖက်ရှင်ကဘာပဲဖြစ်ဖြစ် လူတိုင်းအတွက် ကိုယ်ဝတ်တဲ့အ၀တ်အစားက ကိုယ့်အတွက်ယုံကြည်မှုရှိဖို့လိုတဲ့အတွက် အရေးပါတယ်လို့ ထင်ပါတယ်။

 အဆိုတော်တစ်ယောက်အတွက် အရေးပါတဲ့ဖက်ရှင်

အဆိုတော် တစ်ယောက်အနေနဲ့ဆိုရင်လည်း Perfor­mance အလိုက်ပွဲနဲ့လိုက်မယ့် အ၀တ်အစားမျိုး ရွေးချယ်တတ် ဖို့လိုတဲ့အတွက် အရေးပါပါတယ်။

 အကြိုက်နှစ်သက်ဆုံး ဂီတအမျိုးအစား

သီချင်းကတော့ အကုန်ကြိုက်တယ်။ ပန်းရောင်အသံနဲ့ လိုက်ဖက်တာဆိုရင် POP နဲ့ R&B ပေါ့။ အဲ့ဒါကို အများဆုံး ဆိုဖြစ်တယ်။ Hip Hop လည်းကြိုက်ပါတယ်။ POP တို့ R&B တို့ကို ပန်းရောင်က အဓိကထားပြီးဆိုဖြစ်တယ်။ ကြိုက်လည်း ကြိုက်တယ်။ ကိုယ့်အသံနဲ့လည်း အလိုက်ဖက်ဆုံးလို့ ထင်ပါတယ်။ သီချင်းအေးအေးလေးတွေဆိုရတာကို ကြိုက်လည်း ကြိုက်တယ်။ ပိုလိုက်တယ်လို့လည်းထင်တယ်။ နောက်ပိုင်း သီချင်းအေးအေးလေးတွေဆိုမယ့်အပြင် သီချင်းအမြန်လေးတွေလည်း ဆိုဖြစ်သွားမှာပါ။

18194058 1581870291855640 7181718098767530418 n

 စတူဒီယိုမှာဆိုတာနဲ့အပြင်ရှိုးပွဲတွေမှာဆိုရတဲ့ စိတ်ခံစားချက်

အခုနောက်ပိုင်း ရှိုးပွဲအသေးပဲဖြစ်ဖြစ် အကြီးပဲဖြစ်ဖြစ်ဆို ဖြစ်နေပါတယ်။ စတူဒီယိုနဲ့ အပြင်ရှိုးတွေမှာ ဆိုရတဲ့ခံစားချက်ကတော့ မတူပါဘူး။ စတူဒီယိုထဲမှာဆိုရင်တော့ ကိုယ်အချိန်ပေးသလောက် ကိုယ်အားထုတ်သလောက် ဆိုလို့ရတယ်။ အပြင် ရှိုးဆိုတာကျတော့ ပရိသတ်ကြည့်နေတာရယ်၊ မီးတွေထိုးနေတာရယ် ဆူညံသံတွေရယ်ကြောင့် အတွေ့အကြုံကတော့ မတူပါဘူး။

source: The chic magazine 

Read 1265 times
Rate this item
(0 votes)