What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Myae Musk Timeless Beauty

ZAWGYI+UNICODE သက္ႀကီးပုိင္း ေမာ္ဒယ္အမ်ဳိးသမီးႀကီး Maye Musk ဟာ ယခုအခါ အသက္ ၆၈

ႏွစ္ရွိၿပီးျဖစ္ၿပီး အေမရိကမွာ လွ်ပ္စစ္ကားေတြ ထုတ္၊ တစ္ဖန္ျပန္သုံးလုိ႔ရတဲ့ အာကာသဒုံးပ်ံယာဥ္ေတြတီထြင္၊ ဆုိလာပါ၀ါစက္႐ုံႀကီးေဆာက္ တာေတြ လုပ္ကုိင္တဲ့ Tesla ကုိ ထူေထာင္သူ မီလ်ံနာ Elon Musk ရဲ႕ မိခင္ျဖစ္ပါတယ္။ သူ႔ကုိ အသက္ ၆၈ ႏွစ္ မိန္းကေလးလုိ႔ ခ်စ္စႏုိးျဖင့္ ေခၚၾကတယ္။
မိန္းကေလးလုိ႔ ေခၚထုိက္တယ္။ ဘာလုိ႔လဲဆုိေတာ့ သူ႔သား ထုတ္လုပ္တဲ့ လွ်ပ္စစ္ကားျဖစ္တဲ့ Tesla ကားကုိ ကုိယ္တုိင္ေမာင္းၿပီး သြားသြားလာလာ လုပ္ႏုိင္တုန္း ျဖစ္ပါတယ္။ သားက အေမကုိ လက္ေဆာင္ေပးထားတဲ့ကား ျဖစ္ပါတယ္။ သူ႔သား အီလြန္မတ္စ္ကလည္း ကမ႓ာေက်ာ္ ေခတ္ေရွ႕ေျပးတီထြင္သူ၊ ေမမတ္စ္ကလည္း နာမည္ေက်ာ္ ေမာ္ဒယ္။ ဘယ္သူက အရင္ နာမည္ႀကီးခဲ့တာလဲလုိ႔ ေမးရင္ အီလြန္မတ္စ္ နာမည္မႀကီးခင္ ကတည္းက ေမမတ္စ္က နာမည္တစ္လုံး ရထားၿပီးသား ျဖစ္ပါတယ္။

ေမမတ္စ္ဟာ ေတာင္အာဖရိကႏုိင္ငံမွာ ႀကီးျပင္းခဲ့ရသူျဖစ္ၿပီး အသက္ ၁၅ ႏွစ္မွာ ေမာ္ဒယ္အလုပ္ကုိ စတင္ခဲ့ပါတယ္။ ၁၉၆၉ ခုႏွစ္ Miss South Africa ၿပိဳင္ပြဲမွာ ေနာက္ဆုံးအဆင့္အထိ ေရာက္ခဲ့ပါတယ္။ ၂၁ ႏွစ္မွာ ေမာ္ဒယ္လုံးလုံး ျဖစ္ေနပါၿပီ။ အာ႐ုိမတ္စ္နဲ႔ အိမ္ေထာင္က်ခဲ့ၿပီး သားသုံးေယာက္ ထြန္းကားတယ္။ အခု သားသုံးေယာက္စလုံးဟာ ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္ေတြ ျဖစ္ေနၾကပါၿပီ။
ေတာင္အာဖရိကႏုိင္ငံမွ ကေနဒါႏုိင္ငံသုိ ေျပာင္းေရႊ႕ေနထုိင္ခဲ့တယ္။ ေနာက္ေတာ့ နယူးေယာက္ကုိ ေျပာင္းေရႊ႕ေနထုိင္ၿပီး ေနာက္ဆုံးမွေတာ့ ကယ္လီဖုိးနီးယားျပည္နယ္မွာ ေနထုိင္ျဖစ္ခဲ့ပါတယ္။ ေျမးေတြနဲ႔ နီးနီးနားနား ေနခ်င္လုိ႔ အခုလုိ ေျပာင္းေရႊ႕ေနထုိင္ခဲ့တာ ျဖစ္ပါတယ္။

အခ်ိန္ေၾကာင့္ အုိမင္းရတယ္။ ဇရာေၾကာင့္ ၾကည့္မလွ ျဖစ္ၾကရတယ္။ ေမမတ္စ္ကေတာ့ ျခြင္းခ်က္ ျဖစ္ပါတယ္။
ေမရဲ႕ ဂုဏ္က်က္သေရ ထည္၀ါတဲ့အလွဟာ အသက္ႀကီးေလ ပုိလွေလျဖစ္ေနတာမုိ႔ Timeless Beauty လုိ႔ ေျပာၾကပါေၾကာင္း

 

UNICODE

Myae Musk Timeless Beauty


သက်ကြီးပိုင်း မော်ဒယ်အမျိုးသမီးကြီး Maye Musk ဟာ ယခုအခါ အသက် ၆၈ နှစ်ရှိပြီးဖြစ်ပြီး အမေရိကမှာ လျှပ်စစ်ကားတွေ ထုတ်၊ တစ်ဖန်ပြန်သုံးလို့ရတဲ့ အာကာသဒုံးပျံယာဉ်တွေတီထွင်၊ ဆိုလာပါဝါစက်ရုံကြီးဆောက် တာတွေ လုပ်ကိုင်တဲ့ Tesla ကို ထူထောင်သူ မီလျံနာ Elon Musk ရဲ့ မိခင်ဖြစ်ပါတယ်။ သူ့ကို အသက် ၆၈ နှစ် မိန်းကလေးလို့ ချစ်စနိုးဖြင့် ခေါ်ကြတယ်။
မိန်းကလေးလို့ ခေါ်ထိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့သား ထုတ်လုပ်တဲ့ လျှပ်စစ်ကားဖြစ်တဲ့ Tesla ကားကို ကိုယ်တိုင်မောင်းပြီး သွားသွားလာလာ လုပ်နိုင်တုန်း ဖြစ်ပါတယ်။ သားက အမေကို လက်ဆောင်ပေးထားတဲ့ကား ဖြစ်ပါတယ်။ သူ့သား အီလွန်မတ်စ်ကလည်း ကမ္ဘာကျော် ခေတ်ရှေ့ပြေးတီထွင်သူ၊ မေမတ်စ်ကလည်း နာမည်ကျော် မော်ဒယ်။ ဘယ်သူက အရင် နာမည်ကြီးခဲ့တာလဲလို့ မေးရင် အီလွန်မတ်စ် နာမည်မကြီးခင် ကတည်းက မေမတ်စ်က နာမည်တစ်လုံး ရထားပြီးသား ဖြစ်ပါတယ်။

မေမတ်စ်ဟာ တောင်အာဖရိကနိုင်ငံမှာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး အသက် ၁၅ နှစ်မှာ မော်ဒယ်အလုပ်ကို စတင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် Miss South Africa ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အထိ ရောက်ခဲ့ပါတယ်။ ၂၁ နှစ်မှာ မော်ဒယ်လုံးလုံး ဖြစ်နေပါပြီ။ အာရိုမတ်စ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သားသုံးယောက် ထွန်းကားတယ်။ အခု သားသုံးယောက်စလုံးဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ ဖြစ်နကြေပါပြီ။
တောင်အာဖရိကနိုင်ငံမှ ကနေဒါနိုင်ငံသို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ နောက်တော့ နယူးယောက်ကို ပြောင်းရွှေ့နေထိုင်ပြီး နောက်ဆုံးမှတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်ဖြစ်ခဲ့ပါတယ်။ မြေးတွေနဲ့ နီးနီးနားနား နေချင်လို့ အခုလို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အချိန်ကြောင့် အိုမင်းရတယ်။ ဇရာကြောင့် ကြည့်မလှ ဖြစ်ကြရတယ်။ မေမတ်စ်ကတော့ ခြွင်းချက် ဖြစ်ပါတယ်။
မေရဲ့ ဂုဏ်ကျက်သရေ ထည်ဝါတဲ့အလှဟာ အသက်ကြီးလေ ပိုလှလဖြေစ်နေတာမို့ Timeless Beauty လို့ ပြောကြပါကြောင်း

Read 1134 times
Rate this item
(0 votes)