What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Kandall Jenner ရဲ့ ဗီရိုထဲက ဖက်ရှင်ပစ္စည်း ၆ မျိုး

Kenny, KJ လို့ ချစ်စနိုးခေါ်ကြတဲ့ မော်ဒယ်မလေး Kendall Jenner က

ညီမဖြစ်သူ Kylie Jenner နဲ့အတူ ကိုယ်ပိုင် Clothing Line ပိုင်ဆိုင်ပြီး နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများစွာနဲ့ စာချုပ်ချုပ်ဆိုထားသူတစ်ယောက်ပါ။ ဒါ့အပြင် သူမရဲ့ Fashion Sense က လမ်းထွက်တဲ့အခါဖြစ်ဖြစ်၊ ပွဲတက်တဲ့ အခါဖြစ်ဖြစ် ဘယ်တော့ကြည့်ကြည့် ဂွမ်းနေတယ်ဆိုတာမျိုးမရှိဘဲ အမြဲတမ်း မိမိုက်နေပါတယ်။ သူမရဲ့ Street Style တွေက ကျွန်မတို့ကို အမြဲတမ်း ဆွဲ ဆောင်နိုင်ပြီး တစ်နေ့တစ်နေ့ သူမ ဘယ်လိုဝတ်တယ်ဆိုတာကို စောင့်ကြည့် မိတော့ သူမရဲ့ဖက်ရှင်စတိုင်ကို သတိ ထားမိလာသလို သူမရဲ့ ဗီရိုထဲမှာ ရှိနေ နိုင်မယ့် ပစ္စည်းအချို့ကိုလည်း သိလာပါ တယ်။ အဲဒါကြောင့် သူမလို လမ်းထွက် တိုင်း ဖက်ရှင်ကျတဲ့သူ ဖြစ်ချင်ရင်တော့ သူမရဲ့ ဖက်ရှင်အမူအကျင့်လေးတွေကို လိုက်ကြည့်ရမှာပေါ့။ KJ ရဲ့ ဗီရိုထဲက ပစ္စည်း၆ မျိုးက ဘာဖြစ်မလဲ ဆိုတာက တော့ ..။

#Crop_Top

သူမရဲ့ လမ်းထွက်ဖက်ရှင်အများစု ကို သင် သတိထားမိတယ်ဆိုရင် Crop Top တွေက အမြဲပါဝင်တယ်ဆိုတာကို သိမှာပါ။ သူမလို Crop Top တစ်ထည် နဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင် လိုက်နာ ရမယ့်အချက်တစ်ချက်က အရိုးရှင်းဆုံး ဖြစ်တဲ့ Crop Top တွေကို ရွေးချယ် တတ်ဖို့ပါပဲ။ Kenny ဝတ်လေ့ရှိတဲ့ အရောင်တွေကတော့ အနက်၊ အဖြူနဲ့ ခဲရောင်တွေပဲ ဖြစ်ပါတယ်။

27973696 1998047210222664 6423276890792243873 n

#Off_The_Shoulder_Top 
Crop Top တွေနဲ့ ကွာခြားမှုမရှိတဲ့ Off Shoulder အင်္ကျီတွေကလည်း Kendall ရဲ့ Street Fashion တွေမှာ မပါမဖြစ်ပါပဲ။ တစ်ခါတလေတွေမှာ Skinny Jeans တွေနဲ့ တွဲဝတ်ပြီး အပေါ်က Bomber Jacket တစ်ထည် ထပ်လိုက်သလို တချို့ရက်တွေမှာတော့ ဒီအတိုင်းပဲ ဝတ်လေ့ရှိပါတယ်။

28056565 1998047296889322 5792134634610505058 n

#Leggings 
အပေါ်မှာ ပြောသွားတဲ့ Crop Top နဲ့ Off Shoulderအင်္ကျီတွေကို Gym သွားတဲ့စတိုင်မျိုး ဝတ်တတ်သလို Fashion Week ရဲ့ Off Duty အချိန် တွေမှာလည်း Blazer ကုတ်တစ်ထည်နဲ့ တွဲဝတ်ပြီး Formal စတိုင် တစ်ခုကို ဖန်တီးယူလေ့ရှိပါတယ်။

28056807 1998047220222663 1413107525322535531 n

#High_Rise_Skinny_Jeans
ရိုးရိုး Skinny Jeans တွေအစား KJ အမြဲရွေးချယ်တာကတော့ High_Rise_Skinny_Jeans တွေပါ။ သူမ ဝတ်နေကျ အင်္ကျီပုံစံမျိုးတွေနဲ့ကလည်း High-Rise ဘောင်းဘီတွေနဲ့မှ ပိုလှ တာလေ။ အဲဒီအချက်ကြောင့် သူမက ချက်ဖော်ရတာ သိပ်ကြိုက်တဲ့သူ မဟုတ် ဘူးလို့ ကျွန်မတို့ ယူဆမိပါတယ်။

28276994 1998047276889324 7284195431512397550 n

#Bomber_Jacket 
Kendall အတွက် အပေါ်ထပ် အင်္ကျီတွေက တော်တော်လေး အရေးပါ အရာရောက်ပါတယ်။ သူမ ကြည့်ရတာ အပေါ်အင်္ကျီတစ်ထည်မပါဘဲ အပြင် ထွက်လေ့မရှိဘူးထင်ပါ့။ အဲဒီထဲမှာ လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်မျိုးအတွက်ဆို သူမက Bomber Jacket တွေကို ရွေးလေ့ရှိတာကို တွေ့ရပြီး နောက်ထပ်တစ်ခုကတော့ ..။

28055722 1998047363555982 5016088418620787268 n

#Blazers 
Formal ဆန်ဆန်နဲ့ စမတ်ကျကျ စတိုင်အတွက်တော့ အပေါ်ထပ်အင်္ကျီ အဖြစ် သူမက Blazers ကို ရွေးချယ်လေ့ ရှိပါတယ်။ ၂၀၁၇ ထဲမှာ Blazer Trend ကို သယ်ဆောင်လာတာကလည်း သူမ ပါပဲ။

28058521 1998047360222649 546662776948441216 n

Read 1160 times
Rate this item
(0 votes)