What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာမေဘယ်လ်ကို နှင့်အင်တာဗျူး

ဖက်ရှင်ဒီဇိုင်းတွေကို ခပ်မိုက်မိုက် ချုပ်လုပ်တတ်သူ

ဒီဇိုင်နာ မေဘယ်လ်ကို ကို ဒီဇိုင်းလုပ်ငန်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့...................

-ဒီဇိုင်လောကမှာရပ်တည်လာခဲ့တာ ဘယ်လောက်ကြာပီလဲ။

ဒီဇိုင်းပညာကိုစတင်လေ့လာခဲ့တာ2012 ကတည်းကပါ။မေဘယ်ကို ဆိုတဲ့ နာမည်မပြောင်းခင် ဒီဇိုင်နာမေမြတ်နိုးဆိုတဲ့ နာမည်နဲ့ 2014ကစပြီးရပ်တည် ခဲ့တာပါ။

-ဒီဇိုင်နာအလုပ်ကို ဘာကြောင့် လုပ်ဖြစ်ခဲ့တာလဲ။

မေဘယ်လ်ကိုအနေနဲကတော့ ဖက်ရှင်နဲ့ ပတ်သတ်ရင်havte couture နဲ့ trender ပိုင်းဆိုင်ရာတွေလေ့လာပြီး ဖက်ရှင် brand management project တွေအတွက် research လုပ်ရတာ ၀ါသနာပါတယ်။ ဒါပေမယ့် လုပ်သက်ကိုလိုအပ်နေတာကြောင့် လောလောဆယ်ကိုယ့်နိုင်ငံမှာဘဲ ဒီဇိုင်နာအလုပ်လုပ်ဖြစ်တာပါ။

27496376 962243197266624 51309585 n

-၀တ်စုံတွေဖန်တီးတဲ့အခါ ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။

ပထမအနေနဲ့ customer ရဲ့ လိုအပ်မှု ပြီးမှcustomer ရဲ့လိုက်ဖက်စေမယ့်ဒီဇိုင်းတွေကို လက်ရှိခေတ်စားနေတဲ့ trendeနဲ့ကိုက်ညီအောင်ဦးစားပေးပုံဖော်ဖြစ်ပါတယ်။

-ဒီဇိုင်းတွေဆန်းအောင်ဘယ်လိုလေ့လာဖြစ်လဲ။

အထူးသဖြင့် update ဖြစ်တဲ့ နိုင်ငံအသီးသီးက ဒီဇိုင်းစာအုပ်တွေမှာယူလေ့လာတယ်။ အွန်လိုင်းကနေလည်းလေ့လာဖြစ်တယ်။ နောက်ပြီး ဒီဇိုင်းတခုပဲ ဆန်းသစ်နေတာမျိုးမဟုတ်ဘဲknowledgeပိုင်းဆိုင်ရာ မှာပါ။updateဖြစ်အောင်ဝက်ဆိုက်ကနေfashion blog တွေအပြင်best seller စာအုပ်တွေပါလေ့လာဖြစ်ပါတယ်။

27496158 962243247266619 1340811440 n

 

-အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဘယ်အလုပ်မဆိုအခက်အခဲကတော့ရှိစမြဲပါ။မေဘယ်လ်ကိုကတော့လေ….ကြုံရတဲ့ အခက်အခဲတွေကို research ပြန်လုပ်တယ်။ ပြီးရင် ကိုယ်လည်ပတ်နေတဲ့ working process တွေကိုပြောင်းတယ်။ မိမိဝန်ထမ်းတွေ motivation မြင့်လာအောင် knowledge တွေဝေမျှပေးတယ်။

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

ဒီဇိုင်နာကောင်းဖြစ်ဖို့ တီထွင်ဖန်တီးနိုင်မှုရယ်လက်ရာသပ်ရပ်မှုရယ်က လက်ရှိကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်တာပေါ့နော်။ဒါပေမယ့် ပိုပြီးပြည့်စုံဖို့က management ပိုင်းဆိုင်ရာ ပါလိုအပ်ပါတယ်။ ၀န်ဆောင်မှု ၊အချိန်တိကျမှု၊၀န်ထမ်းတွေရဲ့ ပညာရေးပိုတိုးတက် စေမှုစသည်တို့ကို balance ညီအောင်လုပ်နိုင်မှပိုတိုးတက်အောင်မြင်မှာပါ။

27400294 962256740598603 1585523225 n

-ဘယ်လိုဒီဇိုင်းတွေထွင်ရတာပိုသဘောကျလဲ?

Haute Couture နဲ့ ready to wear ကို ထွင်ရတာပိုသဘောကျပါတယ်။

-ကိုယ်ထွင်လိုက်တဲ့ဒီဇိုင်းတွေပေါ်မှာအားရမှုရှိရဲ့ လား။

ကိုယ့်ကို ကြိုတင်အကြောင်းကြားပြီး အချိန်လုံလုံလောက်လောက် ရတဲ့ဒီဇိုင်းတွေကိုတော့ အားရကျေနပ်မှုရှိပါတယ်။

27496550 962243187266625 18888927 n

 

-ဆိုင်ရော ဖွင့်ထားသေးလား။သင်တန်းတွေရော ဖွင့်ထားရင်ပြောပေးပါဦး။

ဆိုင်ကတော့2014မှာ

စဖွင့်ပြီး2016 မှာ မေဘယ်လ် တက်နေတဲ့ MBA က thesisကို ဦးစားပေးလုပ်ချင်လို့ပိတ်ထားပါတယ်။ အဲ့ဒီနောက်မှာသင်တန်းကိုပဲဦးစားပေးဖွင့်ထားပါတယ်။ လာမယ့် ၄လပိုင်း2018ကစပြီး 2019ထိ၁နှစ်လုံးလုံး ဖက်ရှင်ပညာကို oversea ကနေသင်ယူဖို့ပြင်ဆင်ထားပါတယ်။ အဲ့ဒီကပြန်လာရင်တော့ pattern + sewing ပညာအပြင် ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ marketing ပိုင်းဆိုင်ရာပါထည့်သွင်းသင်ကြားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။

မေဘယ်လ်လို ငယ်သေးတဲ့ အတွေ့အကြုံနဲ့ ပြောရရင် တော့ ……စင်တီမီတာ နဲ့ သင်သင် လက်မနည်းနဲ့ သင်သင်အခြေခံကျကျကျွမ်းကျင်ပိုင်နိုင်ပီဆိုမှ အဆင်မြင့် ပညာရပ်များကို ဆက်လက်သင်ယူသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

Read 1949 times
Rate this item
(1 Vote)