What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွှေသားဝတ်စုံများ၊ရတနာဝတ်စုံများဖန်တီးချုပ်လုပ်ခြင်းဖြင့် ထင်ရှားတဲ့ ဒီဇိုင်နာမျိုးမင်းစိုး တွေ့ဆုံမေးမြန်း

ငယ်စဉ်ထဲက စက်ချုပ်လုပ်ငန်းလုပ်ကိုင်သောမိသားစုတွင်မွေးဖွါးခဲ့သောကြောင့် စက်ချုပ်ခြင်းနှင့် ပတ်သတ်ပြီး ရင်းနှီးနေခဲ့သူ ၇တန်းအရွယ် တက်ရောက်နေစဉ်

စက်ချုပ်လုပ်ငန်းကို မိခင်ထံမှပညာအမွေဆက်ခံခဲ့ တဲ့ ဒီဇိုင်နာမျိုးမင်းစိုးဟာ၂၀၀၅ ခုနှစ်မှာတော့ ဘွဲ့ရခဲ့ပြီး ဖက်ရှင် ဆိုင်တဆိုင်တွင် အလုပ်လုပ်ခဲ့ရာမှ ဖက်ရှင် ပညာကို စတင်လေ့လာခဲ့တယ်။ ၂၀၀၇ မှာတော့ ဒီဇိုင်နာလောကထဲဝင်ရောက်လာခဲ့ပြီး မန္တလေးမြို့တွင် ဖက်ရှင် ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြန်မာ့ဒီဇိုင်နာလောကတွင် အောင်မြင်နေသော ဒီဇိုင်နာတယောက်ဖြစ်ပြီးရွှေသားဝတ်စုံများ၊ရတနာဝတ်စုံများဖန်တီးချုပ်လုပ်ခြင်းဖြင့် ထင်ရှားတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကိုတွေ့ဆုံကာ ဒီဇိုင်းလုပ်ငန်းများနှင့်ပတ်သတ်ပြီးမေးမြန်းထားတာက ……..

-       ခုနောက်ပိုင်းမင်္ဂလာဝတ်စုံ ဒီဇိုင်းလေးတွေကို ဘယ်လို ထွင်သွားမလဲ ဆိုတာသိချင်ပါတယ်။

အကို က မန္တလေးက ဒီဇိုင်နာဖြစ်တဲ့ အတွက် နန်းစံစံဒီဇိုင်းကိုဘဲ ခေတ်မှီတဲ့ ကာလာလေးတွေသုံးလိုက်ပါတယ်။နယ်ဘက်ဆိုတော့ အရင်က အရောင်တောက်တောက်တွေဝတ်ကြတယ်။ ခုကတော့ပြောင်းသွားပါပီ။အရော်ဖျော့လေးတွေဝတ်လာတာများပါတယ်။ အဓိကကတော့ ပါဝါတွေကို ထွင်ဖြစ်ပါတယ်။ ရင်ခံ pattern ပြောင်းတယ်၊ရေသီနား pattern ပြောင်းတယ်၊ရင်ခံ pattern တွေပြောင်းတယ်၊ဒီဇိုင်းတွေကတော့ ရှိပြီးသားဒီဇိုင်းတွေဘဲ ချုပ်ထားပါတယ်။

Untitled 1

 

-       နာမည်တခု ရဖို့ အခက်အခဲတွေလဲဖြတ်ကျော်ခဲ့ရမှာဘဲလေ။ ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲလေးတွေပြောပြပေးပါဦး။

အခက်အခဲကတော့ အများကြီးပါဘဲ။အဆင်းကို ဘီးတပ်ပေးတဲ့ သူလဲရှိတာဘဲ။ကန်ချတဲ့ သူလဲရှိတာဘဲ ဒါပေမယ့် ကိုယ်က စိတ်ရင်းစေတနာကောင်းသည်သာအကျိုးပေးတယ်ဆိုပြီးတော့ ကိုယ့်လမ်းကိုယ်ဘဲလုပ်တယ်။ သူများမျက်ခုံးမွှေးပေါ်လဲ စင်္ကြံလဲမလျှောက်ဘူး။ကိုယ်နာမည်ရဖို့ သူများကိုလဲ တွန်းချပြီးမလုပ်ခဲ့ဘူးဘူး။ကို ကစလုပ်ထဲက သူများနဲ့ မတူတာလေးတွေလုပ်တယ်။(ဥပမာ- သူများက အရောင်တောက်တောက်လေးလုပ်ရင် အကိုက အရောင်ဖျော့ဖျော့လေးလုပ်လိုက်တယ်) အဲ့ မှာ အကို ကို attraction ရှိတယ်ဆိုပြီး နာမည်လေးရလာတယ်။ နောက်ပိုင်းကိုယ့် ဘာသာဆက်ကြိုးစားပြီးတော့ စပွန်ဆာတော့ ကိုရန်လေးရဲ့ စိန်ပုဆိုးကနေစပြီးလူသိသွားတယ်။

-       ဒီဇိုင်းတွေလေ့လာတဲ့ အခါမှာရော အကို ဘယ်လိုလေ့လာဖြစ်လဲ။

အကိုအ၇င် ထဲက မြန်မာမှုတခုကို ဘဲ ခြေစုံကန်ပြီးတော့ အကို ချုပ်တယ်။အကိုက မန္တလေးကလဲ ဖြစ်တော့ မြန်မာ အငွေ့အသက်တွေပါအောင်ဘဲ အကို ကြိုးစားချုပ်တယ်။ မြန်မာအမျိုးသမီးကြိုက် ၀တ်စုံတော့ ဖန်တီးပါတယ်။ မြန်မာ ရိုးရာနဲ့ ပတ်သတ်ပြီးဘယ်ချုပ်လို့ရမလဲ တော့ အမြဲလေ့လာဖြစ်တယ်။

-       ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံရမလဲ။

ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့လဲ စိတ်နေစိတ်ထားနဲ့ စေတနာပါဘဲ။ချုပ်တဲ့အပိုင်းတွေ တော့ သေချာ သင်ယူလေ့လာမှာပေါ့။ အကုန်ခြုံကြည့်ရင်တော့ စိတ်ရင်းစေတနာ အဓိကပါဘဲ။

Untitled 1

-       ကိုယ်တိုင်ရော ကိုယ်ပိုင်တံဆိပ်နဲ့ ဖို့ရှိလား။

ထုတ်ဖို့ လုပ်ထားပါတယ်။ မြန်မာဝတ်စုံ လေးတွေ အမျိုးသမီးလေးတွေတွက် ထုတ်မှာပါ။ဈေးသက်သက်သာသာနဲ့ ကြည့်လိုက်တာလုံလုံခြုံခြုံလေးနဲ့ ၀တ်ရတာ အဆင်ပြေအောင်လုပ်ထားပါတယ်။ အစက ဒီဇင်ဘာဖြန့်မလို့ အထည်က လုံးဝမပြီးတာနဲ့ သင်္ကြန်ပြီးနောက်ပိုင်းတော့ ထုတ်နိုင်အောင်လုပ်ထားပါတယ်။ ယောကျာ်းလေးတွေအတွက်လဲ စတစ်တိုင်ပုံလေးတွေ ထုတ်ပါမယ်။ အတုလုပ်လို့မရအောင်လဲလုပ်ထားတယ်။ ဆိုဒ်လဲမျိုးစုံ လုပ်ထားတယ်။

-       မြန်မာဝတ်စုံလေးတွေခေတ်စားလာတဲ့ အပေါ်အမြင်လေးပြောပေးပါဦး။

အရမ်းကောင်းပါတယ်။ အခုခေတ်ကလေးလေးတွေကအစ မြန်မာဝတ်စုံလေးတေါ ၀တ်လာကြတယ်။ လူငယ်မိန်းကလေးတွေလဲ ၀တ်လာကြတယ်။ အဲ့ လို မြန်မာဝတ်စုံလေးတွေဝတ်ထားရင် သူအတွင်းစိတ်ဘယ်လိုဘဲဖြစ်နေဖြစ်နေ သူ့ကို ကြည့်တာ ရော သူ့ကိုယ်သူရောယုံကြည်မှုတွေရှိနေတာပေါ့။

-       ဒီလောကထဲကို ၀င်ရောက်လာမယ့် လူငယ် မျိုးဆက်သစ်တွေကို အကို အနေနဲ့ အကြံပေးစကားလေးပြောပေးပါဦး။

အဓိကက စိတ်ရင်းစေတနာကောင်းရမယ်ပေါ့။တချို့ ကျတော့ ပေါ်ပင်ဖြစ်ပြီးလွယ်မယ်လို့ ထင်ထားကြတယ်။ တကယ်တော့ ဒီအလုပ်က အရမ်းခက်ခဲပါတယ်။ တကယ်လဲဝါသနာပါမှရမယ်။ စိတ်ရင်းစေတနာကောင်းမှလဲရမယ်။pattern တွေလဲ တိကျသပ်ရပ်ရမယ်ပေါ့ ။ အကုန်လုံးကတော့ သူ့ဟာနဲ့ သူ အရေးကြီးပါတယ်။ အကုန်ခြုံကြည့်ရင် စိတ်ရင်းစေတနာ ပါပါနဲ့ ကိုယ့် ရဲ့ဝတ်စုံတစုံကို ချုပ်သင့်တယ်။

mms 4

-       ရွှေသားဝတ်စုံတွေ ဖန်တီးဖြစ်တာလေးတွေလဲပြောပြပေးပါဦး။

ကျွန်တော် ရဲ့ ၀တ်စုံတွေကို ရှိုးပွဲတော်တော်များများပြသတယ်။ ရွှေသားများစိန်များရတနာများနဲ့ လဲ တန်ဖိုးကြီးဝတ်စုံတွေ ဖန်တီးခဲ့ တယ်။ သိန်း၃၀၀၀ကျော်တန်ဖိုးရှိစိန်ပုဝါတွေကို လဲ ဖန်တီးခဲ့ပါတယ်။

Read 6194 times
Rate this item
(0 votes)