What's new
×
Warning
JUser: :_load: Unable to load user with ID: 845
(zaw+uni)Evening Dress လေးတွေထွင်ရတာ ကြိုက်နှစ်သက်သူ ဒီဇိုင်နာပွင့်ခက်ဟန်နှင့် အငိတာဗျူး.....................................
unicode
ဒီဇိုင်နာပွင့်ခက်ဟန်နှင့် အင်တာဗျူး..
Evening Dress လေးတွေထွင်ရတာ ကြိုက်နှစ်သက်သူ ဒီဇိုင်နာပွင့်ခက်ဟန်နှင့် အငိတာဗျူး.....................................
-ဒီဇိုင်နာလောကမှာရပ်တည်လာတာဘယ်လောက်ကြာပြီလဲ။
စခဲ့တာ2014ဆိုတော့ ၃နှစ်ခွဲကျော်ရှိပါပြီ။
-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။
ငယ်ငယ်ထဲကဝါသနာပါခဲ့ပေမယ့် ကျောင်းတွေဘဲတက်နေရတာနဲ့ မလုပ်ဖြစ်ဘူး။ကျောင်းပြီးနောက်ပိုင်းလဲ အလုပ်ဝင်တယ်။ ဒါပေမယ့် အလုပ်ဝင်တာက stressတွေများလာတာနဲ့ အလုပ်ထွက်ပြီး ကိုယ်ဝါသနာပါတာကိုဘဲလုပ်ရင် ပျော်မယ်ဆိုတဲ့အတွေးတွေးမိပြီး ဒီအလုပ်ကိုဇောက်ချလုပ်ဖြစ်ခဲ့တာပါ။
26753930 1438572196251708 363721900 n
-ဝတ်စုံတွေဖန်တီးတဲ့အခါဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။
ညီမရဲ့ ဝတ်စုံတွေကို ဝတ်မယ့် သူရဲ့ အသက်အရွယ်ခန္ဓာကိုယ်အချိုးအစားတွေနဲ့ တက်ရမယ့် ပွဲရဲ့အနေအထားပြီးတော့ ပတ်ဝန်းကျင်အနေအထားတွေပေါ်မူတည်ပြီးဝတ်စုံ ဒီဇိုင်းတွေကို ပွဖြော်ဖြစ်ပါတယ်။ customer တွေရဲ့ အားနည်းချက်ကို ဖုံးပြီးအားသာချက်လေးတွေပေါ်လွင်အောင်ဝတ်စုံလေးတွေဖန်တီးဖြစ်ပါတယ်။အဓိကကတော့ ညီမရဲ့ ဝတ်စုံဝတ်တဲ့ အခါသက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အနေအထားမျိုးလေးဘဲဖြစ်အောင်ဖန်တီးဖြစ်ပါတယ်။
-ဒီဇိုင်းတွေဆန်းသစ်အောင် ဘယ်လိုလေ့လာဖြစ်လဲ။
ဒီဇိုင်းတွေကို ညီမစိတ်ကူးနဲ့လဲပုံဖော်ဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်ကနေလည်းလေ့လာဖြစ်ပါတယ်။ ဥပမာ-ခရီးသွားရင်းဘဲဖြစဖြစ် တခုခုကိုတွေ့လိုက်တဲ့ အခါမျိုးဘဖြစ်ဖြစ်ပေါအမြဲတမ်းဒီဇိုင်းတွေup to date ဖြစ်နေအောင်ကျတော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီကနေလေ့လာတယ် သင်ယူတယ်။တခြားနိုင်ငံကရော ကို်ယ့်နိုင်ငံကရော ဒီဇိုင်နာတွေရဲ့လက်ရာတွကြေည်ပြီးလေ့လာတယ်။
26755467 1438667169575544 638989448 n
-အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။
အခက်အခဲတွကြေုံခဲ့ရတာတော့အများကြီးဘဲ။အားငယ်ပြီး စိတ်ဓာတ်တွေလည်းကျဖူးတယ်။ ဒါပေမယ့် ဆရာမတွေရယ်၊မိသားစုတွေရယ်မိတ်ဆွေတွေနဲ့ ချစ်ရတဲ့ သူတွေရဲ့ အားပေးနှစ်သိမံ်မှုတွေနဲ့ပဲရှေ့ဆက်ခဲ့တယ်။သူတို့တွေကအမြဲလိုအပ်တာတွေကို ဖြည့်တည်းပေးပြီး အားပေးကူညီခဲ့ကြတယ်။ ဒီလိုနဲ့ ပဲအခက်အခဲဆိုတာကို ကျော်လွှားခဲ့ပါတယ်။
-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။
ဒီဇိုငနာကောင်းတယောက်ဖြစ်ဖို့က အဓိကက စေတနာပါငွေတခုပဲကြည့်နေလို့မရပါဘူး။ကိုယ်လုပ်သမျှ အရာတိုင်းကို စေတနာပါပါနဲ့ လုပ်ပေးသင့်ပါတယ်။ နောက်ပြီးအမြဲမပြတ်လေ့လာသင်ယူနေရမယ်။ ပါရမီကလည်းပါမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။
26637861 1433757970066464 896961124 n
-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာရော အားရကျေနပ်မှုရှိလား။
Evening gown လေးတွေကို ထွင်ပေးရတာသဘောကျမိတယ်။ ဝတ်စုံတွေကိုလည်း ချုပ်ပြီးကိုယ်တိုင်စိတ်တိုင်းကျမှcustomer ကို ပေးတယ်။ ကိုယ်ဒီဇိုင်းတွေကိူယ်ထွင်ထားတာနဲ့ လှနေရင် ကျေနပ်ပါတယ်။
-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေရောဖွင့်ထားရင်ပြောပါဦး။
ဆိုင်ကတော့ အမှတ်89ရေကျော်လမ်းမကြီး ပုဇွန်တောင်မီးပွိုင့်အနီးမှာဖွင့်ထားပါတယ်။ သင်တန်းတွေလဲဖွင့်ထားပါတယ်။
26803826 1438570756251852 530814526 n
-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။
ဝါသနာပါတဲ့ အလုပ်ကိုဘဲရွေးချယ်ပါ။ကိုယ်စလိုက်တဲ့ဘဝကို ဘယ်လိုအခက်အခဲတွေပဲကြုံကြုံအားတင်းပြီးရှေ့ဆက်ပါ။လုပ်တဲ့ အလုပ်တိုင်းကို လဲစေတနာထားပါ။ အမြဲမပြတ်လေ့လာသင်ယူပါ။
Read 2329 times
Rate this item
(1 Vote)