What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ Sophia Soe ၏ ဖန်တီးမှုလက်ရာများ

ဒီဇိုင်နာ Sophia Soe ၏ ဖန်တီးမှုလက်ရာများ Facebook

ဒီတစ်ခေါက်မှာတော့ Textile ပရိတ်သတ်ကြီးကို ဒီဇိုင်နာ Sophia Soe နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇိုင်နာ Sophia Soe ဟာ ဒီဇိုင်နာလောကထဲကို ၂၀၁၆ ကတည်းကစတင် ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီဇိုင်နာ Sophia Soe ဟာဆိုရင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ကြတဲ့ အလှမောင်မယ်တွေအတွက်

ပြိုင်ပွဲ ဝင် အင်္ကျီတွေကို တာဝန်ယူ စီစဉ် ချုပ်လုပ်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

uu2

uu11

uu13

ဒီဇိုင်နာ Sophia Soe ဟာ မြန်မာရိုးရာ ထိုင်မသိမ်းဝတ်စုံတွေချုပ်လုပ်တဲ့ နေရာမှာ အလွန်သေသပ်လှပလွန်းသူတစ်ဦးပါ။

မြန်မာမှု ကိုသေချာစွာ လေ့လာထားတဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက် မြန်မာ့ရိုးရာ ထိုင်မသိမ်း ဖန်တီးမှုတွေဟာ

အမြဲဆန်းသစ်လို့နေပါတယ်။

uu14

uu9

uu8

ဒါပြင့် ဒီဇိုင်နာ Sophia Soe ဟာမြန်မာ့ ရိုးရာ မင်္ဂလာဝတ်စုံတွေ ဖန်တီးချုပ်လုပ်တဲ့နေရာမှာ မင်္ဂလာမောင်နှံ တွေကို စိတ်ကျေနပ်မှု

အပြည့်အဝ ပေးနိုင်တာကြောင့် Customer တွေဆီကနေ Feedback ကောင်းတွေရရှိထားတဲ့ ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။

uu4

uu3

uu10

၂၀၂၀ မှာ ခေတ်စားမယ့် အရောင်တွေ ဖက်ရှင်ပုံစံလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီဇိုင်နာ Sophia Soe က

“ ၂၀၂၀ မှာဆိုရင်တော့ ပုံမှန် ခေတ်စားနေကြ ရွှေရောင် ၊ အဝါရောင်တို့ ထက် အစိမ်းရောင် ၊ အစိမ်းအပြာနုရောင်လိုမျိုးမျက်စိအေးစေမယ့်

အရောင်လေးတွေကပိုခေတ်စားမယ်ထင်ပါတယ်။ဒါပြင့် ဒီဘက်ခေတ်မှာဆိုရင် မင်္ဂလာမောင်နှံတွေက မင်္ဂလာ အရောင်ရယ်လို့

သီးသန့် မသတ်မှတ်ကြတော့ပဲ Modern ဖြစ်တဲ့ အရောင်လေးတွေကို အများဆုံးရွေးချယ်လာကြပါတယ်။

ဒီဇိုင်း ပိုင်း မှာဆိုရင်လည်း ရာသီနဲ့ အလိုက် ဆန်းပြားပြီး လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးတွေက ခေတ်စားလာမယ်ထင်ပါတယ်လို့”

သူမရဲ့ အမြင်နဲ့ သုံးသပ်ချက်လေးကို ပြောပြပေးသွားပါတယ်။

uu15

uu12

uu1

ဒီဇိုင်းပညာကို ဝါသနာပါပြီး ဒီဇိုင်နာလောကထဲကို ဝင်ရောက်လာကြမယ့် တက်သစ်စ ဝါသနာရှင်လူငယ်လေးတွေအတွက်လည်

း ဒီဇိုင်နာ Sophia Soe က “ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အနုပညာမျက်လုံးရှိရမယ် ၊ ရှေ့ကစီနီယာတွေရဲ့ သင်ကြားမှုတွေကို

သင်ယူနိုင်စွမ်းရှိရမှာဖြစ်ပြီး ကိုယ်တိုင်လည်း pattern တွေကို တီထွင် ဖန်တီးနိုင်စွမ်းရှိရမယ်။ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်


အင်္ကျီချုပ်တတ်ရုံနဲ့ မရပါဘူး။ အနုပညာ မျက်လုံးနဲ့ တစ်ပါးသူကို လှပအောင်ဖန်တီးပေးနိုင်မှသာ ဒီဇိုင်နာကောင်း တစ်ယောက်ဖြစ်မှာဖြစ်ပါတယ်။

သင်ကြားမှုအပိုင်းမှာဆိုရင် စီနိယာ တွေဆီကလည်းသင်ယူနိုင်သလို့ အင်တာနက်နေလည်း တစ်ဆင့်သင်ယူနိုင်ပါတယ်လို့ ။

ဒါပြင့် ခေတ်နဲ့ အညီ ပြောင်းလဲနေတဲ့ ဖက်ရှင်ပုံစံတွေကို အမြဲ လေ့လာနေဖို့လိုအပ်ပါတယ်လို့” သူမရဲ့ အတွေ့အကြုံတွေနဲ့

အမြင်ကို သုံးသပ်ပြောကြားပေးခဲ့ပါတယ်။

uu7

uu6

uu5

Adress : အမှတ် (၁၂၇) ၊ ခိုင်ရွှေဝါလမ်း (ဗဟိုလမ်း) ၊(BRB) မှတ်တိုင် ၊ ၃ ရပ်ကွက် ၊ ကမာရွတ်မြို့နယ်။

             လှည်းတန်းဘူတာအနီး။


Phone  : 0943187310

ထည်ဆိုင် ၁၈၂၁ ဆိုင်ကိုရှာရန်နှိပ်ပါ။

<<< Zawgyi ဖြင့်ဖတ်ရန် >>>


ဒီဇိုင်နာ Sophia Soe ဟာဆိုရင် ဒီဇိုင်နာလောကထဲကို ၂၀၁၆ ကတည်းကစတင် ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။





















           လှည်းတန်းဘူတာအနီး။

Phone : 0943187310

 

ထည်ဆိုင် ၁၈၂၁ ဆိုင်ကိုရှာရန်နှိပ်ပါ

 

Myanmar Textile and Garment Directory

Read 2752 times
Rate this item
(0 votes)
Tagged under