အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ပိုင်းရှိ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် (Pennsylvania) အဲလိဇဘတ် မြို့ (Elizabethtown)ရှိ မိန်းမပျိုလေးတစ်ယောက်ဟာ သူမ ၅ နှစ်ကျော်ကြာ စုဆောင်းလာခဲ့ရတဲ့ သကြားလုံး ၁၀၀၀၀ ကျော်ခန့်ရဲ့ အိတ်ခွံများနဲ့ လှပတဲ့ ၀တ်စုံ တစ်ခုကို ဖန်တီးပြခဲ့ပါတယ်။
ဖန်တီးသူရဲ့ နာမည်ဟာ အမ်မလီ ဆေလ်ဟာမာ (Emily Seilhamer) လို့ခေါ်ပြီး သူမဟာ Starburst သကြားလုံးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ် လို့သိရပါတယ်။
အမ်မလီရဲ့ ရည်းစားဖြစ်သူဟာ အမ်မလီအတွက် Starburst သကြားလုံးထုတ်တွေကို လက်ဆောင် ပုံမှန်ပေးလေ့ရှိပြီး သူတို့ နှစ်ယောက်ရဲ့ ရည်းစားဘ၀မှာ Starburst သကြားလုံးတွေဟာ အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ခဲ့တဲ့အတွက် အမ်မလီဟာ သကြားလုံး ထုတ်ပိုးထားတဲ့ အိတ်များကို စုဆောင်းက ၀တ်စုံတစ်ခု လုပ်ဖို့ အကြံရလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူတစ်ယောက်ဟာ အစားအစာ တစ်ခုကို ဘယ်လောက်ကြိုက်ကြိုက် အစားအစာတစ်ခုကို အကန့်အသတ်နဲ့သာ စားရတာ ဖြစ်ပါတယ်။ဒါကြောင့်လည်းပဲ အမ်မလီဟာ သကြားလုံးခွံများကို ၅ နှစ်ကြာစုဆောင်းခဲ့ရပြီး နောက်ပိုင်းမှာ သူမရဲ့ရည်းစား ဖြစ်သူပါ သကြားလုံးများကို ကူစားပေးခဲ့တယ် လို့သိရပါတယ်။အမ်မလီဟာ သကြားလုံးအိတ်ခွံများကို စုဆောင်းပြီးတဲ့ အခါမှာတော့ အိတ်များကို သန့်ရှင်းခဲ့ပြီး မီးပူတိုက်ကာ အရောင်အလိုက် အမျိုးအစားစီခဲ့ပါတယ်။
ဒီ အလုပ်ကို လုပ်ကိုင်ရတာ ငြီးငွေ့ဖွယ် ဖြစ်ပြီး လက်ဝင်ပေမဲ့ အမ်မလီကတော့ သူမ ဘ၀မှာ ထူးထူးခြားခြား ၀တ်စုံလေးတစ်ခုကို ကိုယ်တိုင် ပြုလုပ်နိုင်ခဲ့လို့ ပျော်ပါတယ် လို့ဆိုပါတယ်။
” Starburst ကုမ္ပဏီက ကျွန်မ စုထားတဲ့ သကြားလုံး အိတ်ခွံလေးအရောင်တွေကို မထုတ်တော့ဘဲ နောက်အရောင်တစ်မျိုးကို ပြောင်းထုတ်တဲ့ အချိန်ကျရင် ကျွန်မ ၀တ်စုံရဲ့ ဒီဇိုင်းကို ပြန်ပြင်ရတဲ့ အတွက် တော်တော်ကြာပါတယ်။။ဒါပေမဲ့ အခုကျွန်မလုပ်ထားတဲ့ ၀တ်စုံဒီဇိုင်းကို ကျွန်မ ကြိုက်နှစ်သက်ပါတယ် ” လို့ အသက် ၂၄ နှစ်အရွယ် အမ်မလီက ပြောခဲ့ပါတယ်။နောက်ဆုံးမှာ အမ်မလီရဲ့ ရည်းစားဖြစ်သူဟာ အမ်မလီကို လက်ထပ်ခွင့်တောင်းခဲ့ပြီး အမ်မလီကတော့ သူတို့ နှစ်ယောက်ရဲ့ ဘ၀မှာ Starburst သကြားလုံးလေးများက အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်စေဖို့အတွက် မင်္ဂလာဆောင်မှာ Starburst သကြားလုံးအိတ်ခွံတွေကနေ သူမပြုလုပ်ထားတဲ့ ၀တ်စုံလေးကို ၀တ်သွားမယ် လို့ဆိုပါတယ်။
Source:aunty may