What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင် စက်ချုပ်သင်တန်းဖွင့်လှစ်

ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင် စက်ချုပ်သင်တန်းဖွင့်လှစ် MOI Webportal Myanmar

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းကို

ယနေ့ နံနက် (၁၀)နာရီက ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစန်းကြူနှင့် ဦးခင်မောင်လွင်တို့က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေးမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

Read: လွယ်​ကူတဲ့ ရှုံ့ကြိုးပါအင်္ကျီ ချုပ်နည်းလေး

ထို့နောက် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက သင်တန်းသူများအနေဖြင့် စက်ချုပ်ပညာရပ်အား ကြိုးစား၍ သင်ယူစေလိုကြောင်းနှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းက သင်ကြားမည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ဆင်ချည်တိုင်၊ ကုန်းသာ၊ ပေါက်ရင်းကုန်း၊ ငလှိုင်တော ကျေးရွာလေးရွာမှ သင်တန်းသူ ၃ဝဦးတို့အား ရက်သတ္တလေးပတ်ကြာ စာတွေ့လက်တွေ့ သင်ခန်းစာများဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Source: Ministry of Information

Read 1305 times
Rate this item
(1 Vote)