What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ Danielle Nicole ထုတ်လုပ်လိုက်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် Harry Potter အိတ်များ

Harry Potter ရဲ့ အမာခံပရိသတ်တွေအတွက် သတင်းကောင်းနောက်ထပ်တစ်ခု ထွက်ပေါ်လာပြန်ပါပြီ။အဲဒါကတော့ Designer တစ်ဦးဖြစ်တဲ့ Danielle Nicole ဟာ သူ့ရဲ့ ပွဲဦးထွက် လက်ရာဖြစ်တဲ့ မှော်ကမ္ဘာလောက အပြင်အဆင်တွေနဲ့ လက်ကိုင်အိတ်တွေကို မိတ်ဆက်လိုက်ခြင်းပါပဲ။

ဒါက Harry Potter အမာခံပရိသတ်တွေအတွက် မြင်ဖူးသမျှတွေထဲမှာ ဖက်ရှင်အကျဆုံး အိတ်တွေ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

1

အသစ်ထွက်မယ့် ဒီ Collection ကို Warner Bros နဲ့ Collaboration လုပ်ပြီး ဒီဇိုင်း ထုတ်ထားတာဖြစ်သလို ပိုက်ဆံအိတ်တွေ၊လက်ကိုင်အိတ်တွေကနေ ကျောပိုးအိတ်တွေထိ ၁၁ မျိုးပါဝင်မယ်လို့ ဆိုပါတယ်။Handbag Collection မှာဆိုရင် အဆောင်တိုင်းရဲ့ ပရိသတ်တွေအတွက် ထူးထူးခြားခြား ရွေးချယ်စရာပါဝင်မှာဖြစ်ပြီး သင်က Gryffindor, Slytherin, Hufflepuff, ဒါမှမဟုတ် Ravenclaw ကို ရွေးရွေး သင့်အတွက် အိတ်တစ်မျိုး သို့မဟုတ် နှစ်မျိုး ရှိနေမယ်လို့ ဆိုပါတယ်။

3


စာအိတ်ပုံ လက်ကိုင်အိတ်ပုံစံမှာဆိုရင်လည်း Hogwarts ရဲ့ အဆောင်လေးဆောင်က ၀တ်ရုံတွေနဲ့ ဒီဇိုင်းထုတ်ထားတာ တွေ့ရမှာပါ။

5

အိတ် ဒီဇိုင်း ၁၁ မျိုးထက်မကပါမယ့် ဒီ Harry Potter Capsule Collection ကို $38 ကနေ $78 အတွင်း လူတိုင်း ၀ယ်နိုင်မယ့် ဈေးနှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး Danielle Nicole ရဲ့ Website ကနေ တစ်ဆင့် ၀ယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

6


တကယ်လို့ သင်က Hogwarts ကျောင်းတော်ကြီးမှာ တက်ဖို့ စိတ်ကူးယဉ်နေတဲ့ Harry Potter ရဲ့ Die-Hard Fan လည်း ဖြစ်တယ်၊ဖက်ရှင်ကျကျနဲ့ ဘယ်သူနဲ့မှ မတူတဲ့ အိတ်တွေကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ဖြင့် ဒီ Collection ထဲက အိတ်တစ်မျိုးမျိုးကို မျက်စိစုံမှိတ်ပြီး ရဲရဲကြီးသာ ၀ယ်လိုက်ပါ။

 

Source:Moda

Read 976 times
Rate this item
(1 Vote)