What's new

×

Warning

JUser: :_load: Unable to load user with ID: 845


StalkBuyLove အြန္လုိင္း ဖက္ရွင္ဆုိင္

ZAWGYI+UNICODE
အိႏိၵယမွာ ေအာင္ျမင္ေနတဲ့ အြန္လုိင္း ဖက္ရွင္ထည္ဆုိင္ကို ျပပါဆုိရင္ StalkBuyLove ကုိ ၫႊန္းၾကပါတယ္။

ဖက္ရွင္ထည္ေတြကုိ အဓိကထားတဲ့ အြန္လုိင္းဆုိင္ရဲ႕ စီအီးအုိ တူရွာ အလူ၀ါလီယာဟာ အသက္ ၅ ႏွစ္သားအရြယ္မွာ တ႐ုတ္ႏုိင္ငံမွာ တည္ရွိတဲ့ အထည္ခ်ဳပ္စက္႐ုံကုိ မိခင္နဲ႔အတူ လုိက္ပါသြားေလ့ရွိပါတယ္။ သူ႔မိခင္က ဂ်ာမန္လူမ်ဳိး ဖက္ရွင္ဒီဇုိင္နာျဖစ္ၿပီး တ႐ုတ္ႏုိင္ငံမွ အထည္ခ်ဳပ္စက္႐ုံေတြကုိ နာမည္ႀကီး brand ေတြက အလုပ္အပ္ႏွံတဲ့အခါ လုိအပ္တဲ့ ဒီဇုိင္းေတြ ထုတ္ေပးသူ ျဖစ္ပါတယ္။ ဒီေတာ့ တူရွာ ငယ္ငယ္ကတည္းက ဖက္ရွင္ဒီဇုိင္းနဲ႔ ရင္းႏီွးၿပီးသား ျဖစ္ေနတဲ့အျပင္ မိခင္ထံမွ မ်ဳိး႐ုိးဗီဇကုိလည္း ရထားသူ ျဖစ္ပါတယ္။

တူရွာ ၂၃ ႏွစ္မွာ VC လုိ႔ အတုိေကာက္ ေခၚေ၀ၚၾကတဲ့ အရဲစြန္႔ရင္းႏွီးျမႇဳပ္ႏွံသူ venture capitalist ထံမွ ေငြျဖင့္ အိမ္တြင္းအလွဆင္လုပ္ငန္းကုိ လုပ္တယ္။ ေနာက္ေတာ့ ကုမၸဏီကုိ ထားရစ္ခဲ့ၿပီး FabFurnish အမည္ျဖင့္ ကုိယ္ပုိင္လုပ္ငန္း လုပ္ကိုင္တယ္။ ‘‘ကစားပြဲထဲမွာ က်ေနာ့ ကုိယ္စြမ္းကုိယ္စ မပါဘူး။ က်ေနာ့ကုိ လုပ္ငန္းရွင္ပညာပုိင္းရေစမယ့္ ခက္ခဲတဲ့ သင္ခန္းစာေတြ မရဘူး’ လုိ႔ သူက ကုိယ္ကုိင္လုပ္ငန္း ထူေထာင္ရတဲ့အေၾကာင္းကုိ ေျပာျပတယ္။
ေနာက္ေတာ့ ဖက္ရွင္လုပ္ငန္းတစ္ခုကုိ ထူေထာင္လုပ္ကုိင္ခ်င္လုိ႔ အိႏိၵယႏုိင္ငံမွာ စတင္လုပ္ကုိင္ခဲ့တယ္။
တူရွာဟာ ဂ်ာမန္ႏုိင္ငံသားျဖစ္ၿပီး ဂ်ာမန္စကားကုိ အဂၤလိပ္စကားထက္ ပုိကၽြမ္းက်င္တယ္။ သူ႔ဖခင္က ပန္ခ်ာပီ ျဖစ္တာမုိ႔ အိႏိၵယမွာ လာၿပီး အြန္လုိင္းေဈးဆုိင္ ဖြင့္တာလား ဆုိရင္ေတာ့ မဟုတ္ပါဘူးလုိ႔ သူက ျငင္းပါတယ္။ ဥေရာပမွာ အြန္လုိင္းဆုိင္ေတြ ျပည့္ႏွက္ေနလုိ႔ သူ တုိးမေပါက္ဘူး။ ဒါေၾကာင့္ အိႏိၵယမွာ လာလုပ္တာလုိ႔ သူက အမွန္အတုိင္း ေျပာျပပါတယ္။

‘‘ကၽြန္ေတာ္ ရွာလုိ႔ ရထားသမွ် အကုန္လုံး လုပ္ငန္းအသစ္ထဲကုိ ထည့္တယ္။ အရင္းအႏွီးနည္းနည္းပါးပါးနဲ႔ ေန႔စဥ္ႀကိဳးစားတာကုိ ခင္ဗ်ား မလုပ္ဘူးဆုိရင္ အရဲစြန္႔ၿပီး စီးပြားရွာတဲ့ အတတ္ပညာကုိ ခင္ဗ်ား ဘယ္ေတာ့မွ သင္ယူႏုိင္မွာ မဟုတ္ဘူး’’ လုိ႔ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ တူရွာက ေျပာျပတယ္။
သူက အြန္လုိင္းဖက္ရွင္ဆုိင္ StalkBuyLove ကုိ နယူးေဒလီၿမိဳ႕ အုတ္လာစက္မႈေဒသရဲ႕ ဖုန္တေထာင္းေထာင္းထေနတဲ့ လမ္းသြယ္တစ္ခုမွာ စတင္ထူေထာင္ခဲ့ပါတယ္။ ‘‘သူမ်ား ပုိက္ဆံနဲ႔ သူမ်ား အေရၿခဳံၿပီး လုပ္ေနသေရြ႕ က်ေနာ္ လုပ္ငန္းရွင္အစစ္ ျဖစ္လာမွာ မဟုတ္ဘူး။ ကုိယ့္အေရကုိယ္ၿခံဳၿပီး ကစားဖုိ႔ လုိတယ္’’
သူနဲ႔အတူ ဖက္ရွင္ကၽြမ္းက်င္သူ အာရွ္နာ ခ်ဳိပရာ၊ သူ႔ညီမနဲ႔ အြန္လုိင္းမွာ လုပ္ငန္းသစ္ေတြ ထူေထာင္တာမွာ ေငြထည့္၀င္ၿပီး ပါ၀င္လုပ္ကုိင္တဲ့ Rocket Internet မွာ လုပ္ကုိင္ခဲ့ဖူးသူ မိတ္ေဆြတစ္ဦးတုိ႔ အတူပူးေပါင္းလုပ္ကုိင္္ခဲ့ၾကတယ္။
အိႏိၵယမွာ VC ေတြဆီမွ ေငြယူၿပီးလုပ္ရင္ အကန္႔အသတ္ေတြ ရွိတယ္။ ဖိအားေပးခံရတယ္။ ငါးႏွစ္အတြင္း အျမတ္ရၿပီး ေငြေတြ ျပန္ရေအာင္ လုပ္ျပဖုိ႔ လုိတယ္။
‘‘အိႏိၵယမွာ လုပ္ငန္းရွင္ေတြက လုပ္ငန္းအသစ္ စစခ်င္းမွာ ကန္ေဒၚလာ တစ္သန္း၊ တစ္သန္းခြဲရရင္ လုပ္ငန္းကုိ ေတာင့္ခံထားၿပီး ေနာင္တစ္ခ်ိန္ အျမတ္ရတဲ့အထိ ဆက္လုပ္သြားႏုိင္လိမ့္မယ္လုိ႔ ထင္ၾကတယ္’’ လုိ႔ တူရွာက ေျပာျပပါတယ္။
တူရွာတုိ႔ကလည္း VC ေတြထံမွ ရင္းႏွီးေငြေတြ ရယူခဲ့ၾကတာ အခုဆုိရင္ ကန္ေဒၚလာ တစ္သန္းခြဲ ရွိပါၿပီ။ ဒါေပမဲ့ သူတုိ႔က ေရာင္းသမွ် ၀တ္စုံေတြကုိ ေလွ်ာ့ေဈးေပးေလ့ မရွိဘူး။ ေပးရရင္လည္း အျမတ္ကုိေတာ့ က်န္ေအာင္ ခ်န္ထားတယ္။ အ႐ႈံးခံၿပီး ေတာင့္ခံထားတာကုိ မလုပ္ဘူး။
အျမတ္က်န္ေအာင္ ေရာင္းတယ္။
တူရွာရဲ႕ ယူဆခ်က္ကေတာ့ ၀ယ္ယူသူေတြ ကုိယ့္ဆီၿမဲေနဖုိ႔ လုပ္တဲ့ ကုန္က်စရိတ္ဟာ ၀ယ္ယူသူေတြဆီမွ ျပန္ရတဲ့ေငြထက္မ်ားေနေအာင္ မေပးရဘူး။ ေနာင္တစ္ခ်ိန္က်မွ အျမတ္ျပန္ယူမယ္ဆုိတဲ့ စိတ္ကူးဟာ အလုပ္မျဖစ္ဘူး။ အြန္လုိင္းေဈးဆုိင္ေတြအဖုိ႔ ၀ယ္ယူသူတစ္ဦး ကုိယ့္ဆီမွာ ၿမဲေနတဲ့သက္တမ္းက တစ္ႏွစ္ျပည့္ေအာင္ မခံေတာ့ဘူး။
‘‘ဒီမွာ အမ်ားစုက ေနာင္တစ္ခ်ိန္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ကုိယ့္ဆီလူလာေအာင္ ေပးကမ္းေနတာေတြဟာ အႏုတ္လကၡဏာျပေနတယ္။ ဒီေတာ့ လုပ္ငန္းက ၾကာၾကာမခံႏုိင္ဘူး’’ ေဈးကြက္ တင္ရတဲ့စရိတ္၊ ေၾကာ္ျငာစရိတ္ေတြ ထည့္ေပါင္းလုိက္ရင္ အႏုတ္ပမာဏ ပုိႀကီးမားသြားတယ္။

SBL 720x509

Stalk Buy Love မွာ ၀တ္စုံတစ္ထည္ေရာင္းရင္ အထည္ဖုိးအျပင္ ကုန္က်စရိတ္ေတြ အပါ၀င္ ပ်မ္းမွ် ၁၅ ကန္ေဒၚလာ ကုန္က်ပါတယ္။

၀ယ္ယူသူက အြန္လုိင္းမွာ ၀ယ္လုိက္ၿပီဆုိမွ တူရွာတုိ႔က အပ္ခ်ဳပ္သမား၊ အ၀တ္စပုံညႇပ္သမား၊ စတုိင္လ္သမားေတြကုိ အလုပ္အပ္ႏွံလုိက္တယ္။ အ၀တ္စ အပါအ၀င္ လုိအပ္တဲ့ပစၥည္းေတြကုိ အနီးအနားမွာပဲ ၀ယ္ယူတယ္။ သူ႔႐ုံးခန္းက စက္မႈဇုန္ထဲမွာဆုိေတာ့ ဇုန္ထဲမွာပဲ အားလုံးနီးပါးကုိ ၀ယ္လုိ႔ရေနတယ္။
အပ္ခ်ဳပ္သမားေတြက ဖက္ရွင္၀တ္စုံကုိ တစ္ရက္နဲ႔ အၿပီးခ်ဳပ္ေပးတယ္။ ေနာက္တစ္ေန႔မွာ မွာယူသူထံ ေပးပုိ႔တယ္။ အမွာျပဳတဲ့ေန႔ကစလုိ႔ သုံးရက္အနည္းဆုံးေတာ့ ၾကာတတ္တယ္။
အခုဆုိရင္ ကုမၸဏီမွာ ၀န္ထမ္း ၁၂၀ ၀န္းက်င္ရွိတယ္။ ေန႔စဥ္အမွာစာ ၁,၀၀၀ ၀န္းက်င္ကုိ ပုိ႔ေပးလ်က္ ရွိပါတယ္။

UNICODE
StalkBuyLove အွန်လိုင်း ဖက်ရှင်ဆိုင်
=====================
အိနိ္ဒယမှာ အောင်မြင်နေတဲ့ အွန်လိုင်း ဖက်ရှင်ထည်ဆိုင်ကို ပြပါဆိုရင် StalkBuyLove ကို ညွှန်းကြပါတယ်။

ဖက်ရှင်ထည်တွေကို အဓိကထားတဲ့ အွန်လိုင်းဆိုင်ရဲ့ စီအီးအို တူရှာ အလူဝါလီယာဟာ အသက် ၅ နှစ်သားအရွယ်မှာ တရုတ်နိုင်ငံမှာ တည်ရှိတဲ့ အထည်ချုပ်စက်ရုံကို မိခင်နဲ့အတူ လိုက်ပါသွားလေ့ရှိပါတယ်။ သူ့မိခင်က ဂျာမန်လူမျိုး ဖက်ရှင်ဒီဇိုင်နာဖြစ်ပြီး တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံတွေကို နာမည်ကြီး brand တွေက အလုပ်အပ်နှံတဲ့အခါ လိုအပ်တဲ့ ဒီဇိုင်းတွေ ထုတ်ပေးသူ ဖြစ်ပါတယ်။ ဒီတော့ တူရှာ ငယ်ငယ်ကတည်းက ဖက်ရှင်ဒီဇိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်နေတဲ့အပြင် မိခင်ထံမှ မျိုးရိုးဗီဇကိုလည်း ရထားသူ ဖြစ်ပါတယ်။

တူရှာ ၂၃ နှစ်မှာ VC လို့ အတိုကောက် ခေါ်ဝါ်ကြတဲ့ အရဲစွန့်ရင်းနှီးမြှုပ်နှံသူ venture capitalist ထံမှ ငွဖြေင့် အိမ်တွင်းအလှဆင်လုပ်ငန်းကို လုပ်တယ်။ နောက်တော့ ကုမ္ပဏီကို ထားရစ်ခဲ့ပြီး FabFurnish အမည်ဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တယ်။ ‘‘ကစားပွဲထဲမှာ ကျနော့ ကိုယ်စွမ်းကိုယ်စ မပါဘူး။ ကျနော့ကို လုပ်ငန်းရှင်ပညာပိုင်းရစေမယ့် ခက်ခဲတဲ့ သင်ခန်းစာတွေ မရဘူး’ လို့ သူက ကိုယ်ကိုင်လုပ်ငန်း ထူထောင်ရတဲ့အကြောင်းကို ပြောပြတယ်။
နောက်တော့ ဖက်ရှင်လုပ်ငန်းတစ်ခုကို ထူထောင်လုပ်ကိုင်ချင်လို့ အိနိ္ဒယနိုင်ငံမှာ စတင်လုပ်ကိုင်ခဲ့တယ်။
တူရှာဟာ ဂျာမန်နိုင်ငံသားဖြစ်ပြီး ဂျာမန်စကားကို အင်္ဂလိပ်စကားထက် ပိုကျွမ်းကျင်တယ်။ သူ့ဖခင်က ပန်ချာပီ ဖြစ်တာမို့ အိနိ္ဒယမှာ လာပြီး အွန်လိုင်းဈေးဆိုင် ဖွင့်တာလား ဆိုရင်တော့ မဟုတ်ပါဘူးလို့ သူက ငြင်းပါတယ်။ ဥရောပမှာ အွန်လိုင်းဆိုင်တွေ ပြည့်နှက်နေလို့ သူ တိုးမပေါက်ဘူး။ ဒါကြောင့် အိနိ္ဒယမှာ လာလုပ်တာလို့ သူက အမှန်အတိုင်း ပြောပြပါတယ်။

‘‘ကျွန်တော် ရှာလို့ ရထားသမျှ အကုန်လုံး လုပ်ငန်းအသစ်ထဲကို ထည့်တယ်။ အရင်းအနှီးနည်းနည်းပါးပါးနဲ့ နေ့စဉ်ကြိုးစားတာကို ခင်ဗျား မလုပ်ဘူးဆိုရင် အရဲစွန့်ပြီး စီးပွားရှာတဲ့ အတတ်ပညာကို ခင်ဗျား ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ဘူး’’ လို့ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တူရှာက ပြောပြတယ်။
သူက အွန်လိုင်းဖက်ရှင်ဆိုင် StalkBuyLove ကို နယူးဒေလီမြို့ အုတ်လာစက်မှုဒေသရဲ့ ဖုန်တထောင်းထောင်းထနေတဲ့ လမ်းသွယ်တစ်ခုမှာ စတင်ထူထောင်ခဲ့ပါတယ်။ ‘‘သူများ ပိုက်ဆံနဲ့ သူများ အရခြေုံပြီး လုပ်နေသရွေ့ ကျနော် လုပ်ငန်းရှင်အစစ် ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ့်အရေကိုယ်ခြုံပြီး ကစားဖို့ လိုတယ်’’
သူနဲ့အတူ ဖက်ရှင်ကျွမ်းကျင်သူ အာရှ်နာ ချိုပရာ၊ သူ့ညီမနဲ့ အွန်လိုင်းမှာ လုပ်ငန်းသစ်တွေ ထူထောင်တာမှာ ငွေထည့်ဝင်ပြီး ပါဝင်လုပ်ကိုင်တဲ့ Rocket Internet မှာ လုပ်ကိုင်ခဲ့ဖူးသူ မိတ်ဆွေတစ်ဦးတို့ အတူပူးပေါင်းလုပ်ကိုင်ခဲ့ကြတယ်။
အိနိ္ဒယမှာ VC တွေဆီမှ ငွေယူပြီးလုပ်ရင် အကန့်အသတ်တွေ ရှိတယ်။ ဖိအားပေးခံရတယ်။ ငါးနှစ်အတွင်း အမြတ်ရပြီး ငွေတွေ ပြန်ရအောင် လုပ်ပြဖို့ လိုတယ်။
‘‘အိနိ္ဒယမှာ လုပ်ငန်းရှင်တွေက လုပ်ငန်းအသစ် စစချင်းမှာ ကန်ဒေါ်လာ တစ်သန်း၊ တစ်သန်းခွဲရရင် လုပ်ငန်းကို တောင့်ခံထားပြီး နောင်တစ်ချိန် အမြတ်ရတဲ့အထိ ဆက်လုပ်သွားနိုင်လိမ့်မယ်လို့ ထင်ကြတယ်’’ လို့ တူရှာက ပြောပြပါတယ်။
တူရှာတို့ကလည်း VC တွေထံမှ ရင်းနှီးငွေတွေ ရယူခဲ့ကြတာ အခုဆိုရင် ကန်ဒေါ်လာ တစ်သန်းခွဲ ရှိပါပြီ။ ဒါပေမဲ့ သူတို့က ရောင်းသမျှ ဝတ်စုံတွေကို လျှော့ဈေးပေးလေ့ မရှိဘူး။ ပေးရရင်လည်း အမြတ်ကိုတော့ ကျန်အောင် ချန်ထားတယ်။ အရှုံးခံပြီး တောင့်ခံထားတာကို မလုပ်ဘူး။
အမြတ်ကျန်အောင် ရောင်းတယ်။
တူရှာရဲ့ ယူဆချက်ကတော့ ဝယ်ယူသူတွေ ကိုယ့်ဆီမြဲနေဖို့ လုပ်တဲ့ ကုန်ကျစရိတ်ဟာ ဝယ်ယူသူတွေဆီမှ ပြန်ရတဲ့ငွေထက်များနေအောင် မပေးရဘူး။ နောင်တစ်ချိန်ကျမှ အမြတ်ပြန်ယူမယ်ဆိုတဲ့ စိတ်ကူးဟာ အလုပ်မဖြစ်ဘူး။ အွန်လိုင်းဈေးဆိုင်တွေအဖို့ ဝယ်ယူသူတစ်ဦး ကိုယ့်ဆီမှာ မြဲနေတဲ့သက်တမ်းက တစ်နှစ်ပြည့်အောင် မခံတော့ဘူး။
‘‘ဒီမှာ အများစုက နောင်တစ်ချိန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ဆီလူလာအောင် ပေးကမ်းနေတာတွေဟာ အနုတ်လက္ခဏာပြနေတယ်။ ဒီတော့ လုပ်ငန်းက ကြာကြာမခံနိုင်ဘူး’’ ဈေးကွက် တင်ရတဲ့စရိတ်၊ ကြော်ငြာစရိတ်တွေ ထည့်ပေါင်းလိုက်ရင် အနုတ်ပမာဏ ပိုကြီးမားသွားတယ်။

Stalk Buy Love မှာ ဝတ်စုံတစ်ထည်ရောင်းရင် အထည်ဖိုးအပြင် ကုန်ကျစရိတ်တွေ အပါဝင် ပျမ်းမျှ ၁၅ ကန်ဒေါ်လာ ကုန်ကျပါတယ်။ ဝယ်ယူသူက အွန်လိုင်းမှာ ဝယ်လိုက်ပြီဆိုမှ တူရှာတို့က အပ်ချုပ်သမား၊ အဝတ်စပုံညှပ်သမား၊ စတိုင်လ်သမားတွေကို အလုပ်အပ်နှံလိုက်တယ်။ အဝတ်စ အပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို အနီးအနားမှာပဲ ဝယ်ယူတယ်။ သူ့ရုံးခန်းက စက်မှုဇုန်ထဲမှာဆိုတော့ ဇုန်ထဲမှာပဲ အားလုံးနီးပါးကို ဝယ်လို့ရနေတယ်။
အပ်ချုပ်သမားတွေက ဖက်ရှင်ဝတ်စုံကို တစ်ရက်နဲ့ အပြီးချုပ်ပေးတယ်။ နောက်တစ်နေ့မှာ မှာယူသူထံ ပေးပို့တယ်။ အမှာပြုတဲ့နေ့ကစလို့ သုံးရက်အနည်းဆုံးတော့ ကြာတတ်တယ်။
အခုဆိုရင် ကုမ္ပဏီမှာ ဝန်ထမ်း ၁၂၀ ဝန်းကျင်ရှိတယ်။ နေ့စဉ်အမှာစာ ၁,ဝဝဝ ဝန်းကျင်ကို ပို့ပေးလျက် ရှိပါတယ်။

Read 1062 times
Rate this item
(0 votes)