What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပရဟိတကမ်ပိန်အတွက် spice girls တီရှပ်ကို ဒီဇိုင်းဖန်တီးလိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham

Victoria Adams လို့လည်းခေါ်ကြတဲ့ Victoria Beckham ဟာ အကန့်အသတ်နဲ့ ဖြန့်ချီမယ့် spice girls red nose day usa တီရှပ်ကို ဒီဇိုင်းရေးဆွဲထားပြီဖြစ်ပါတယ်။

တထည်ကို၃၅ဒေါ်လာနဲ့ အွန်လိုင်းစတိုးတခုဖြစ်တဲ့ omaze.comကနေ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး ယခင်ပေါ့ပ်စတားဟောင်းvictoria ရဲ့ ဖန်တီးမှုနဲ့ ရောင်းချရမှုကနေရရှိလာမယ့် အကျိုးအမြတ်တွေကို ကလေးငယ်တွေရဲ့ ဘ၀တွေကိုပြောင်းလဲဖို့နဲ့ ကယ်တင်တဲ့နေရာမှာကူညီဖို့လုပ်နေတဲ့ red nose day ပရဟိတအဖွဲ့တွေထံကို လှူဒါန်းမှာလည်းဖြစ်ပါတယ်။ အဲ့ဒီတီရှပ်ဒီဇိုင်းမှာvictoria နဲ့ အတူ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ baby ,ginger,scaryနဲ့ sporty တို့ပါဝင်တဲ့နာမည်ကျော် spice girls အဖွဲ့ဓါတ်ပုံတခုကို ရိုက်နှိပ်ထားပါတယ်။

Victoria က “Red Nose Day USA အင်္ကျီဟာ ကလေးငယ်သန်းပေါင်းများစွာရဲ့ ဘ၀တွေကို ဘယ်လိုထိတွေ့နိုင်ခဲ့လည်းဆိုတာကို ပထမဆုံးကျမမြင်တွေ့ခဲ့ပြီးပါပြီ ကျမအတွက်စစ်မှန်တဲ့ ဖန်တီးမှုတခုလည်းဖြစ်ပါတယ်။ဒီရှပ်အင်္ကျီရဲ့ ဒီဇိုင်းကို ဂုဏ်ယူစွာ နဲ့ ဖန်တီးပြီးကမ္ဘာတ၀န်းမှာရှိတဲ့ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေအတွက် အမျိုးသမီးစွမ်းပကား အဖွဲ့ရဲ့သတင်းစကားတခုကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီတီရှပ်ရောင်းချမှုတိုင်းဟာ ကလေးငယ်တေံအတွက် လိုအပ်နေတဲ့ထောက်ပံ့မှုတွေ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကို ဆက်လက်လက်ခံရရှိစေနိုင်မှာလည်းဖြစ်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

red nose day ftr img

 

Red Nose Day USA ပရဟိတအဖွဲ့တွေဟာ အမေရိကန်နိုင်ငံပြည်နယ်၅၀၊ပွါတိုရီကိုနိုင်ငံတို့မှာရှိတဲ့ ရုန်းကန်နေရတဲ့ ကလေးငယ်တွေမိသားစုတွေနဲ့ အာဖရိက အာရှနဲ့လက်တင်အမေရိကမှာရှိတဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေကိုထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါတယ်။အဆိုတော်ဖက်ရှင် ဒီဇိုင်နာ victoriaဟာ၂၀၁၅ခုနှစ်မှာ red nose day ပရဟိတအဖွဲ့ကို အမေရိကန်နိုင်ငံမှာ မိတ်မဆက်ခင် UK နိုင်ငံမှာ ဆယ်စုနှစ်နှစ်ခုကျော်လောက်အဲ့ဒီပရဟိတအဖွဲ့ကို ထောက်ခံပေးခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီနှစ်အတွက် red Nose Day USA နေ့ဟာမေ၂၄ရက်မှာ ကျရောက်မှာလည်းဖြစ်ပါတယ်။

အဲ့ဒီပရဟိတကမ်ပိန်းရဲ့ အမေရိကန်နိုင်ငံက အဖွဲ့ဟာဒေါ်လာ သန်း၁၀၀ကျော်ကောက်ခံရရှိပြီးဖြစ်ပါတယ်။ ဒ့ါအပြင် Victoria ဟာလာမယ့် လထဲ UK နိုင်ငံမှာကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲမှာ သတို့သမီးMeghan Markle ရဲ့ ၀တ်စုံ ဒီဇိုင်းအတွက် ညွှန်ကြားပေးနေတယ်ဆိုတဲ့သတင်းတွေကိုတော့ငြင်းဆိုထားပါတယ်။ မကြာသေးမီကပဲ Victoria ဟာ အစီအစဉ် တခုမှာ “ကျမအဲ့ ၀တ်စုံ ကို မဖန်တီးနေပါဘူး။ကျမမဟုတ်ပါဘူး။ဒါပေမယ့် သူ(Meghan Markle)ဘာဘဲ ၀တ်ဝတ်တော်တော်လေးလှနေမယ်ဆိုတာကို ကျမအတပ်ပြောနိုင်ပါတယ်။ လို့ တင်တက်သူ James Corden ကိုပြောကြားခဲ့ပါတယ်။

Soruce: Irrawaddy Burmese

Read 1085 times
Rate this item
(1 Vote)