What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာကောင်းဖြစ်ဖို့...နည်းပညာအသစ်အဆန်းတွေ... နဲ့ နိုင်ငံတကာ ဖက်ရှင်ရေစီးကြောင်းကို စဉ်ဆက် မပြတ် လေ့လာနေဖို့ လိုပါတယ်လို့ဆိုသူ ဒီဇိုင်နာသက်နှင်းဒါ

ဒီဇိုင်းတွေကို customer အကြိုက်ဖြစ်အောင်ဖန်တီးတတ်တဲ့ ဒီဇိုင်နာ သက်နှင်းဒါကို  မေးမြန်းထားတာကတော့………

-အမဒီဇိုင်နာလောကမှာရပ်တည်လာခဲ့တာဘယ်လောက်ကြပြီလဲ။

2001မှာ Ready to wear လေးတွေချုပ်ရောင်းခဲ့တယ်... 2003 မှာအိမ်ထောင်ပြုပြီး နောက်ပိုင်း အလုပ်နားခဲ့ရတယ်... 2007/2008 မှာ ဒီအလုပ် ကိုပြန်စလုပ်ခဲ့ပါတယ်... ဒီအလုပ်ကိုရွေးချယ်ခဲ့တာကတော့ ဝါသနာကြောင့်ပါ... လူတွေကို အလှဆင်ပေးရတာကို အရမ်းသဘောကျတယ်....လေ...မလှတဲ့သူကိုလှ လာအောင်...လှတဲ့သူကိုပိုလှသွားအောင်... ကိုယ့်စိတ်ကူး လေး နဲ့ တီထွင်ဖန်တီးရတာ ကို စိတ်ဝင်စားလို့ ဒီဇိုင်နာအလုပ်ကို ရွေးချယ်ခဲ့တာပါ။

-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။

ဒီအလုပ်ကိုရွေးချယ်ခဲ့တာကတော့ ဝါသနာကြောင့်ပါ... လူတွေကို အလှဆင်ပေးရတာကို အရမ်း သဘောကျတယ်....လေ...မလှတဲ့သူကိုလှလာအောင်...လှတဲ့သူကိုပိုလှသွားအောင်... ကိုယ့်စိတ်ကူး လေး နဲ့ တီထွင်ဖန်တီးရတာ ကို စိတ်ဝင်စားလို့ ဒီဇိုင်နာအလုပ်ကို ရွေးချယ်ခဲ့တာပါ။

-၀တ်စုံတွေဖန်တီးတဲ့အခါဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။

ဝတ်စုံတွေစီစဉ်တဲ့အခါ ... အဓိက..က ဝတ်ဆင်မယ့်သူ နဲ့လိုက်ဖက်မယ့် ...အရောင် ..ဝတ်ရ မယ့်ပွဲ အနေ အထား အားလုံးကို ထည့်တွက်ပြီး မှ ဒီဇိုင်းကို စဉ်းစားဖန်တီး ပေးရပါတယ်...

21741810 1578045155551173 2140153541 n

-ဒီဇိုင်းတွေဆန်းသစ်အောင် ဘယ်လိုလေ့လာဖြစ်လဲ။

ဒီဇိုင်းအသစ် နည်းပညာ အသစ်တွေကို Internet Website , Face Book , You Tube , TV Channel တွေက တဆင့် နိုင်ငံတကာ က ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဒီဇိုင်း အယူအဆ. .. နည်းပညာတွေကို လေ့လာရပါတယ်

-အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။

လုပ်ငန်းတိုင်းမှာ အခက်အခဲ ဆိုတာကတော့ ကြုံတွေ့ နေရမှာပါပဲ... ဝါသနာကို အခြေခံထားတဲ့လုပ်ငန်းမို့ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

21741429 1578045172217838 3280931 n

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။

ဒီဇိုင်နာကောင်းဖြစ်ဖို့...နည်းပညာအသစ်အဆန်းတွေ... နဲ့ နိုင်ငံတကာ ဖက်ရှင်ရေစီးကြောင်းကို စဉ်ဆက် မပြတ် လေ့လာနေဖို့ လိုပါတယ်။အစ်မ က သင်တန်းတွေလဲ ဖွင့်ပေး နေတာမို့ ကိုယ့်ရဲ့ သင်တန်းသူ တွေ.. မေးသမျှဖြေပေးနိုင်အောင် အဖက်ဖက်က ပြင်ဆင် ထားရ ပါတယ်... ဒီဇိုင်းတစ်မျိုး တည်းအပေါ်မှာ အားသန် တာမျိုးတော့မရှိပါဘူး

- ကိုယ်ထွင်လိုက်တဲ့ဒီဇိုင်းတွေပေါ်မှာရော အားရကျေနပ်မှုရှိလား။

ဒီဇိုင်း တွေဖန်တီးတဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် စိတ်နှစ်ပြီးဖန်တီးလေ့ရှိပါတယ်... တချို့ဒီဇိုင်းတွေ ကိုဘယ်အချိန် ပြန်ကြည်ကြည့် အားရပေမယ့်.. တခါတလေတော့လဲ လိုအပ်ချက် တွေပြန်တွေ့ရတတ်တယ်။

21744413 1578045238884498 275218339 n

-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေရောဖွင့်ထားရင်ပြောပါဦး။

ဘာသာရပ်အလိုက် အခြေခံ အဆင့်မြင့် သင်တန်းတွေ ဖွင့်ထားပါတယ်။Center 1 က 54/7လွှာ အိုးဘိုလမ်း ကြည့်မြင်တိုင်။ Center 2 က 62/A အခန်း5 ဖိုးစိန်လမ်း တာမွေ မြို့နယ်မှာပါ။

12359840 1029882187034142 8909127646156047074 n

-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။

မျိုးဆက်သစ် ဖက်ရှင်ဒီဇိုင်း ဝါသနာရှင် ညီမငယ်တွေကို ပြောချင်တာက ... နိုင်ငံတကာဖက်ရှင်ရေစီးကြောင်းကို စဉ်ဆက်မပြတ်လေ့လာ လိုက်စားပြီး ... ဘာသာရပ်အသစ် နည်းပညာ အသစ်အဆန်းတွေကို Social Media တွေက တဆင့် ရှာဖွေ ပြီး ကိုယ့်ကိုယ်ကို နေ့စဉ် Upgrade လုပ်ကြပါလို့... မှာကြား အကြံပြုလိုပါတယ်

Read 1824 times
Rate this item
(0 votes)