What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ လေ့လာမှု၊လေ့ကျင့်မှုနဲ့ စိတ်ရှည်မှုဝါသနာအရင်းခံလိုတယ်လို့ဆိုသူ မိုမိုရင်အေးခိုင်

ဝတ်စုံတွေကို ဖန်တီးတဲ့ အခါ မော်ဒယ်ရဲ့ ခန္ဓာကိုယ်အချိုးအစား ၀တ်ဆင်မယ့်နေရာနဲ့ ခေတ်ရေစီးကြောင်းပေါ်မူတည်ပြီးတီထွင် တတ်သူဒီဇိုင်နာ မိုမိုရင်အေးခိုင် ကို မေးမြန်းထားပါတယ်။

 

-ဒီဇိုင်နာ လောကမှာရပ်တည်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ။

ဒီဇိုင်နာလောကထဲကို ရပ်တည်လာတာ ၂နှစ်ခွဲနီးပါးရှိပါပြီ။

-ဒီဇိုင်နာအလုပ်ကို ဘာကြောင့် လုပ်ဖြစ်ခဲ့တာလဲ။

ငယ်ငယ်လေးထဲကအရမ်းဝါသနာပါတယ်။ပြီးတော့ ငယ်ငယ်လေးကသူများကိုအင်္ကျီလှလှလေးတွေချုပ်ပေး ရရင် ပျော်လို့ဒီပညာကိုအသက်မွေးကြောင်းလုပ်မယ်လို့ ရည်ရွယ်ထားတာပါ ။

23232063 393064954480829 1227738871 n

-၀တ်စုံတွေဖန်တီးတဲ့ အခါ ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။

ဝတ်စုံတွေကို ဖန်တီးတဲ့ အခါ မော်ဒယ်ရဲ့ ခန္ဓာကိုယ်အချိုးအစား ၀တ်ဆင်မယ့်နေရာနဲ့ ခေတ်ရေစီးကြောင်းပေါ်မူတည်ပြီးတီထွင်ဖြစ်ပါတယ်။

-ဒီဇိုင်းတွေဆန်းသစ်အောင်ဘယ်လို လေ့လာလဲ။

ဒီဇိုင်းတွေဆန်းအောင် ပြည်တွင်းပြည်ပဖက်ရှင် ရှိုး၊catlougeနဲ့ google တို့ကနေလေ့လာဖြစ်ပါတယ်။

23364794 393066314480693 577067192 n

 

-အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

အခက်အခဲတွေကို အမေနဲ့ တိုင်ပင်ပြီးဖြေရှင်းပါတယ်။အမေကဒီအလုပ်ကိုဝါသနာပါတဲ့ သူဆိုတော့ အခက်အခဲတွေကို အမေနဲ့ဖြေရှင်းတာများပါတယ်။

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။

လေ့လာမှု၊လေ့ကျင့်မှုနဲ့ စိတ်ရှည်မှုဝါသနာအရင်းခံလိုအပ်ပါတယ်။

-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာအားရကျေနပ်မှုရှိရဲ့လား။

ဟုတ်ကျေနပ်မှုရှိပါတယ်။Creation တွေတီထွင် ရတာသဘောကျပါတယ်။recycle တို့သဘာဝကုန်ပစ္စည်းလေးတွေနဲ့ creation လုပ်တီထွင်ရတာသဘောကျပါတယ်။

23361243 393066307814027 974946429 n

 

-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေဖွင့်ထားရင်ပြောပေးပါဦး။

ဆိုင်ကတော့မဖွင့်ဖြစ်သေးပါဘူး။အိမ်မှာပဲဝါသနာပါတဲ့ သင်တန်းသူလေးတွေကိုသင်တန်းပေးဖြစ်ပါတယ်။2018ထဲမှာ တော့ဆိုင်ဖွင့်ဖို့ကြိုးစားနေပါတယ်။

-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။

 ဟုတ် ၀ါသနာတော့ အရေးကြီးပါတယ်။တကယ်ဝါသနာပါလေ့လာသင်ယူကြပါလို့ ကိုယ်အလုပ်ကိုစေတနာအရင်းခံပြီးကြိုးစားကြပါလို့ အောင်မြင်မှာသေချာပါတယ်။ 

Read 1122 times
Rate this item
(1 Vote)