What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာငြိမ်းကို (chic&chic)

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာငြိမ်းကို (chic&chic)က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

ဒီနှစ်အကယ်ဒမီပွဲအတွက် ချုပ်ပေးမှာကတော့ ယွန်းယွန်းရယ် ယုသန္တာတင်ရယ် မစမိုင်းလ်တို့ရယ်ကို ချုပ်မှာပါ။အကယ်ဒမီမနီးခင်တုန်းကတော့ ပြောထားတာ၅ယောက်လောက်ရှိတယ်။ နီးလာတော့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ခုတော့ ကျွန်တော် ခုတော့ ၃ယောက်လောက်ဘဲချုပ်မှာပါ။

အကယ်ဒမီချုပ်ပေးတာ ၄နှစ် ၅နှစ်တော့ရှိပြီ။ပထမဆုံးနှစ်က၂၀၁၆ ကို နိုင်းနိုင်းတို့ စုံတွဲကို ချုပ်ပေးဖြစ်တာပေါ့။အဲ့ ကနေစပြီး ယွန်းယွန်းကိုတော့နှစ်တိုင်း စပွန်ဆာပေးဖြစ်တယ်။ ပုံမှန်လဲ ချုပ်ပေးဖြစ်တယ်။

မစမိုင်းလ်နဲ့ ယုသန္တာတင် ရယ်က ကျွန်တော် အသစ်ထုတ်မယ့် collection ဒီဇိုင်းတွေထဲက ပိုးစစ်ချိတ်တွေကို ချုပ်ပေးဖြစ်မယ်။အရောင်ကတော့ ယုသန္တာတင်ကရွှေညိုရောင်၊မစမိုင်းကတော့ သမီးကြီးလေးနဲ့ တက်မယ်ပြောထားတယ် အရောင်ကတော့ နှစ်ရောင်ကိုရွေးနေတုန်းပါါ။ယွန်းယွန်းကကျတော့ စဉ်းစားနေတုန်းပါ။ နှစ်တိုင်း ခရမ်းရောင်ထဲက ဘဲဝတ်တာဆိုတော့ ခရမ်းကို ဘဲ ချုပ်ပေးဖြစ်မှာပါ။ မနှစ်ကနဲ့ မတူတဲ့ ခရမ်းရောင်ကို ချုပ်ပေးဖြစ်မှာပါ။ဆယ်ကျော်သက်ဖက်ရှင် ပုံစံလေးဘဲချုပ်ပေးဖြစ်မှာပါ။

ဒီနှစ်တော့ ရိုးရှင်းတဲ့ပူံစံဘဲ သွားဖို့များပါတယ်။မြန်မာဆန်ဆန်နဲ့ မရိုးတဲ့ ပုံစံဘဲသွားပါ့မယ်။ ပွဲတက်ရင် မြန်မာ့ယဉ်ကျေးမှုနဲ့လဲ ကိုက်ညီမယ့် သပ်သပ်ရပ်ရပ်နဲ့ တင့်တင့်တယ်တယ် ဖြစ်မယ့် ပုံဘဲကျွန်တော်စဉ်းစား ထားပါတယ်။ယွန်းယွန်းအတွက်တော့ နည်းနည်းထူးခြားတဲ့ ပူံစံလေးလုပ်ပေးဖြစ်မယ်။မြန်မာပုံစံထဲကဘဲရိုးရှင်းနဲ့ ပုံနဲ့ ဘဲသွားမှာပါ။

အကယ်ဒမီမှာဆိုရင် လူအများကြားထဲမှာ ထင်ရှားပေါ်လွင်မယ့်ပုံစံ အရောင် နောက် ထည်ထည်ကြီးဖြစ်ဖို့လိုတာပေါ့။ နောက်ဒါနိုင်ငံတော့ပွဲဖြစ်တဲ့ အတွက် တနိုင်ငံလုံးကြည့်တာဆိုတော့ ဘာဖြစ်ဖြစ်ပြိုးပြိုးလတ်လတ်လေးနဲ့ ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားဖြစ်အောင်စဉ်းစားပေးရပါတယ်။ဟော့ဟော့ရမ်းရမ်းဖြစ်မယ့် အရောင်တွေတော့ ရှောင်ရတာပေါ့။

အပြိုင်အဆိုင် ဆိုတဲ့ အတိုင်းတယောက်နဲ့ တယောက်ကတော့ ဒီအချိန်မှာကိုယ့်ရဲ့ပညာရော ဒီဇိုင်းပိုင်းတွေရော အကုန်လုံးထုတ်ပြကျတာပေါ့။နောက်နှစ်မှာ ဖြစ်လာမယ့် collection တွေကို ပြကြတာများတယ်။ သူထက်ငါ အကုန်လုံးကလှကြပေါ့။ကျွန်တော်ကလဲ ကျွန်တော် လုပ်ပေးမယ့် လှပမယ့် ၀တ်စုံတွေကို အစွမ်းကုန်ချုပ်ပေးမှာပါ။

ဒီဇိုင်နာငြိမ်းကို ဟာ လက်ရှိမှာတော့ လူငယ်ဒီဇိုင်နာထဲတွင် နာမည်ရနေသူဖြစ်ပြီး သူချုပ်ထားတဲ့ ၀တ်စုံတွေဟာလဲ လက်ရာသေသပ်လှပတာကို တွေ့ရပါတယ်။

Read 1193 times
Rate this item
(0 votes)