What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီနှစ်အကယ်ဒမီမှာ သင်ဇာဝင့်ကျော်နဲ့ နေခြည်ဦး အတွက် ဝတ်စုံစီစဉ်ပေးမယ့် ဒီဇိုင်နာ Ahh Latt

ဒီနှစ်အကယ်ဒမီမှာ သင်ဇာဝင့်ကျော်နဲ့ နေခြည်ဦး အတွက် ဝတ်စုံစီစဉ်ပေးမယ့် ဒီဇိုင်နာ Ahh Latt Mr. Haw

Ahlatt Lumyang ကတော့ ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့တဲ့ ကချင် တိုင်းရင်းသားလေး ဖြစ်ပြီးတော့ သူရဲ့ဒီဇိုင်းတွေကတော့ စစ်စိမ်းရောင်နဲ့ ရိုးရာချည်ထည်တွေကို

ပေါင်းစပ်ချုပ်လုပ်သူအဖြစ်လူသိများပါတယ်တယ်ဆိုတဲ့ အကြောင်းကိုတော့ အရင်အပတ်က မျှဝေရေးသားခဲ့ပြီးပါပြီ။ အခု ပြောပြပေးချင်တာကတော့ ဒီနှစ်အကယ်ဒမီအတွက် နေခြည်ဦးနဲ့ သင်ဇာဝင့်ကျော်ကို Excited ဖြစ်တဲ့ ဝတ်စုံလေးတွေ ဒီဇိုင်နာ Ahh Latt က ချုပ်ပေးဖို့ စီစဉ်ထားတယ် ဆိုတဲ့အကြောင်းပါ။

မနှစ်က ဖန်တီးပေးတဲ့ ဝတ်စုံတွေက အရောင်နဲနဲ ဖျော့တာများတယ် ဒီနှစ်မှာတော့ အရောင်တောက်တဲ့ ဖက်ရှင်တွေ ချုပ်ဖြစ်လိမ့်မယ်။ အခုတလောကလဲ Wow ဖြစ်တဲ့ Color တွေကို ဒီဇိုင်နာတော်တော်များများက မျက်စိကျနေတယ် လို့ ထင်တဲ့အတွက်ပါ လို့ ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ယောက်က လူတွေရဲ့ အာရုံစိုက်မှုကို တော်တော်များများ ရထားတဲ့အတွက်ကြောင့် သူတို့ကို ချုပ်ပေးမယ့် ဝတ်စုံကို ပိုပြီးတော့ စိတ်ဝင်စားကြတယ်။ အခြေအနေနဲ့ လိုက်ပြီး ဝတ်စုံကို ဖန်တီးရတဲ့အတွက်ကြောင့် ဘယ်လို ဝတ်စုံမျိုး ချုပ်မလဲ ဆိုတာ ပြောလို့ မရသေးပေမယ့် နှစ်ယောက်စလုံးအတွက် အလှဆုံး ဖန်တီးချုပ်လုပ်ပေးသွားမှာပါလို့ သိရပါတယ်။

Read: လူငယ်ဖက်ရှင်ဒီဇိုင်နာ Ahlatt Lumyang ဖန်တီးခဲ့တဲ့ ဖက်ရှင်များ

ဒီနှစ်ကတော့ ချိတ်ကို မသုံးပဲနဲ့ အဓိကက အရောင်နဲ့ ဖန်တီးမှုအပိုင်းကို မတူညီတဲ့ ပုံစံနှစ်မျိုးနဲ့ သူတို့နှစ်ယောက်အတွက် ဝတ်စုံကို ချပြဖို့ စီစဉ်ထားပါတယ် လို့ ပြောပါတယ်။

"ဒီနှစ် အကယ်ဒမီမှာ အရောင် နည်းနည်း တောက်တဲ့ ကာလာတွေ မြင်ရမယ် ထင်တယ်။ နေခြည်ဦး နဲ့ သင်ဇာဝင့်ကျော် အတွက် ဒီဇိုင်းစဉ်းစားရမှာမို့ အရမ်း ရင်ခုန်နေပြီ။ သူတို့အတွက် မြန်မာတော့ ဆန်မှာမဟုတ်ဘူး။ ဝတ်စုံနဲ့ လိုက်ဖက်အောင် ဖိနပ်၊ အိတ်၊ ဆံပင် ပုံစံ အကုန်လုံးကိုလဲ နှစ်ယောက်လုံးနဲ့ တိုင်ပင်ပြီး စီစဉ်ထားပါတယ်"  လို့ ပြောပြပေးခဲ့ပါတယ်။

ဒါဆိုရင်တော့ Textile ပရိသတ်ကြီးလဲ ဒီဇိုင်နာ Ah Latt အကြောင်းကို တော်တော်များများ သိပြီးပြီ လို့ ထင်ပါတယ်။ ဒီနှစ် အကယ်ဒမီမှာလဲ မင်းသမီးနှစ်ယောက်လုံး ဘယ်လို အံ့သြစရာ ဝတ်စုံတွေနဲ့ ပွဲတက်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရအောင်နော်။

Myanmar Textile and Garment Directory

Read 1698 times
Rate this item
(0 votes)
Tagged under