ကိုယ်ဆိုင်ချုပ်လုပ်ပေးတဲ့ အပြင် ready to wear အထည်တွေပါဖြန့်လိုက်တဲ့ ဒီဇိုင်နာ ရွှေရုပ်ကို ဒီဇိုင်းတွေနဲ့ ပတ်သတ်ပြီးမေးမြန်းထားပါတယ်။
1-ဒီဇိုင်းလောကထဲစတင်ဝင်ရောက်လာပုံ။
ဒီဇိုင်းပညာကို 2012မှာစပြီးလေ့လာဖြစ်တာပါ။လက်ဦးဆရာကတော့ DoZo Design School ကဒီဇိုင်နာမသင်နှင်းအေးပါ
2-အခက်အခဲတွေရှိရင်။
စတင်လုပ်ချိန်မှာတော့ အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ဒီဇိုင်းတွေဖန်တီးရတာကိုဝါသနာပါတဲ့အတွက်အလုပ်ကြိုးစားပြီး အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပါတယ်။
3-ဒီဇိုင်းတွေနဲ့ပတ်သတ်ပြီးဘယ်လိုလေ့လာဖြစ်လဲ။
ဒီဇိုင်းပညာကို အမြဲလေ့လာနေပါတယ်။အခုခေတ်ကonlineခေတ်ဆိုတော့onlineကနေလဲလေ့လာဖြစ်ပါတယ်။နိုင်ငံခြားမှာသွားပြီး လေ့လာသင်ယူဖို့ပြင်ဆင်နေပါတယ်။
4-Ready to wear တွေလဲဌုတ်တယ်။ အဲ့တာနဲ့ ပတ်သတ်ပြီးပြောပြပေးပါဦး။
Ready to wear အဓိကအလုပ်ဖြစ်တာကဈေးနူန်းသက်သက်သာသာနဲ့မြန်မာမိန်းကလေးတွေကိုလှစေချင်တဲ့စေတနာနဲ့လုပ်ဖြစ်တာပါ။ပိတ်စအမျိုးအစားကောင်းကောင်းလေးနဲ့ထုတ်ထားပါတယ်
5-စက်ရုံအပ်တာလား။ကိုယ်တိုင်ဘဲချုပ်ပြီးထုတ်တာလား။
ညီမ ဒီဇိုင်းထုတ်ပြီးစက်ရုံကိုအပ်တာပါ။
6-အွန်လိုင်းရှော့ကနေရော ပို့လား။
အွန်လိုင်းကမှာရင်လည်းပို့ပေးပါတယ်။နယ်ကဆိုရင်လည်းကားဂိတ်ကနေပို့ပေးပါတယ်။
7-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာတွေလိုအပ်မယ်ထင်လဲ။
ဒီဇိုင်းနာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အမြဲတမ်း update ဖြစ်ဖို့လေ့လာသင်ယူနေရမယ်။အဓိကကတော့ Idea လိုတယ်။ Idea ကအရေးကြီးပါတယ်။
8-အခုခေတ်မှာချုပ်ဆိုင်တွေရော ၊ဒီဇိုင်နာတွေရော၊အွန်လိုင်းရှော့ဆိုင်တွေရောပေါများလာတယ်။အဲ့အပေါ်အမြင်နဲ့ ကိုယ်တိုင်ရောဘယ်လိုထိုးဖောက်သွားမလဲ။
အခုခေတ်မှာချုပ်ဆိုင်တွေ ဒီဇိုင်နာတွေများလာတာကောင်းပါတယ်။အခုခေတ်က fashion ကိုအရမ်းအရေးပေးတဲ့ခေတ်ဖြစ်လာပါပြီ။online shopတွေများလာတာလည်းကောင်းပါတယ်။အိမ်အရောက်ပို့စနစ်ဆိုတော့ ဝယ်ရတာအဆင်ပြေပါတယ်။ရှေဆက်ပြီး design နဲ့ပတ်သက်ပြီး ညီမအများကြီးလေ့လာနေပါတယ်။Ready to wear ဘက်ကိုပဲအဓိကထားပြီးလုပ်သွားချင်တာဆိုတော့အဲ့ဒီဘက်ကိုပိုပြီးလေ့လာဖြစ်နေပါတယ်။ကိုယ်ပိုင် Brand ကိုဈေးနူန်းသက်သက်သာသာနဲ့ Quality ကောင်းကောင်းလေးနဲ့ထိုးဖောက်သွားမှာပါ။
9-Ready to wear ကိုရော ဘယ်မှာရနိုင်လဲ။ဒီဇိုင်းသစ်တွေကို ရော ဘယ်လိုမျိုးထုတ်သွားမလဲ။
တစ်လကိုdesign 3မျိုးထုတ်ပါတယ်။ Ready to Wear ကိုonline မှာချင်ရင် Htake Htar Fashion pageမှာယူလို့ရပါတယ်။ဆိုင်လိပ်စာက အမှတ် ၁၉၊၈၉လမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့
10မြန်မာ ၀တ်စုံ လေးတွေဝတ်ကြတာ ခေတ်စားလာတဲ့ အပေါ်အမြင်နဲ့။ညီမရော မြန်မာဝတ်စုံ အတွက် ဒီဇိုင်းတွေ ဘယ်လို စဉ်းစားပြီးချုပ်ပေးဖြစ်လဲ။
အခုမြန်မာဝတ်စုံလေးတွေပြန်ခေတ်စားလာ အရမ်းကောင်းပါတယ်။ ဒီဇိုင်းစဉ်းစားတာက customer အကြိုက်ဒီဇိုင်းလေးတွေလည်းချုပ်ပေးဖြစ်တယ်။ ရိုးရိုးလေးနဲ့ဆန်းတာကိုပိုချုပ်ပေးဖြစ်တယ်။ မြန်မာမိန်းကလေးတွေမြန်မာဝတ်စုံတာလေးတွေရတာအရမ်းကိုကျက်သရေရှိပါတယ်။