What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရှိန်တက်နေတဲ့ မတ်စ် ဖက်ရှင်

ကိုဗစ်ရန် ကာကွယ်ဖို့ အပြင်ထွက်သူတိုင်း မတ်စ်တပ်ဖို့ ဖြစ်လာချိန်တွင် ဆေးရုံသုံးမတ်စ်တို့ အလုံအလောက် မရနိုင်သဖြင့်

ကိုယ်တိုင်ချုပ် မတ်စ်များ သုံးလာကြရသည်။ ဆေးရုံသုံးမတ်စ်တို့သည် တစ်ခါသုံးမျှသာ ဖြစ်ပေရာ သံယောဇဉ် တွယ်တာနေစရာ အကြောင်း မရှိ။ အိမ်ချုပ် မတ်စ်တို့မှာ လျှော်ဖွပ်ပြီး ပြန်သုံး၍ ရသဖြင့် မိမိဖန်တီးထားသည့် လက်ရာအပေါ် အနည်းနှင့် အများ သံယောဇဉ် ရှိသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် နေထိုင်သော စီဘာစတန် မာကွတ်သည် ဖက်ရှင်ဝါသနာ ပါသူဖြစ်သည်။ အပြင်ထွက်လျှင် ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်သည်။ မတ်စ်တပ်ဖို့ ဖြစ်လာသောအခါ မတ်စ်ကို ဖက်ရှင်ကျကျ ဖန်တီးသည်။ သူမှာ မတ်စ် ၁၀ ခုကို စတိုင်လ်အမျိုးမျိုးဖြင့် အသင့်ရှိနေစေသည်။ သူဖန်တီးသည့် မတ်စ်ကို မြင်သူတိုင်း သဘောကျကြသည်။

"ကျနော်က ပြုံးပြတတ်တဲ့သူ။ အစိမ်းအကျက် မရွေးဘဲ ဖော်ဖော်ရွေရွေ ပြုံးပြနှုတ်ဆက်၊ ခင်ခင်မင်မင် စကားပြောဆိုတယ်။ ဒါပေမဲ့ မတ်စ်ကို မတပ်မနေရ တပ်ရတဲ့အခါ အဲဒီဟာ ဆုံးရှုံးသွားတယ်။ ခင်ဗျားရဲ့ မျက်နှာမှာ ပြုံးပြနေတာကို လူတွေ မမြင်ရတော့ဘူး။ ဒီတော့ မတ်စ်က ဖော်ရွေပြီး ဖိတ်ခေါ်နေတဲ့ဟာ ဖြစ်အောင် ဖန်တီးပေးထားဖို့ လိုတယ်" ဟု သူ့ကိုယ်ပိုင်အယူအဆကို ပြောပြသည်။

နည်းတစ်နည်းမှာ တွေ့သူတိုင်း မရယ်လျှင်တောင် ပြုံးမိစေမည့် ဒီဇိုင်းမျိုးကို ဖန်တီးခြင်း ဖြစ်သည်။

 

နောက်တစ်မျိုးမှာ မတ်စ်ပေါ်တွင် အသိပေးလိုသည်ကို စာသားများ၊ ရုပ်ပုံများဖြင့် ဖော်ပြပေးခြင်း ဖြစ်သည်။

 

 

 

zawgyi

ကိုဗစ္ရန္ ကာကြယ္ဖို႔ အျပင္ထြက္သူတိုင္း မတ္စ္တပ္ဖို႔ ျဖစ္လာခ်ိန္တြင္ ေဆး႐ုံသုံးမတ္စ္တို႔ အလုံအေလာက္ မရႏိုင္သျဖင့္ ကိုယ္တိုင္ခ်ဳပ္ မတ္စ္မ်ား သုံးလာၾကရသည္။ ေဆး႐ုံသုံးမတ္စ္တို႔သည္ တစ္ခါသုံးမွ်သာ ျဖစ္ေပရာ သံေယာဇဥ္ တြယ္တာေနစရာ အေၾကာင္း မရွိ။ အိမ္ခ်ဳပ္ မတ္စ္တို႔မွာ ေလွ်ာ္ဖြပ္ၿပီး ျပန္သုံး၍ ရသျဖင့္ မိမိဖန္တီးထားသည့္ လက္ရာအေပၚ အနည္းႏွင့္ အမ်ား သံေယာဇဥ္ ရွိသည္။
ဂ်ာမနီႏိုင္ငံ ဟမ္းဘတ္ၿမိဳ႕တြင္ ေနထိုင္ေသာ စီဘာစတန္ မာကြတ္သည္ ဖက္ရွင္ဝါသနာ ပါသူျဖစ္သည္။ အျပင္ထြက္လွ်င္ ဖက္ရွင္က်က် ဝတ္စားဆင္ယင္သည္။ မတ္စ္တပ္ဖို႔ ျဖစ္လာေသာအခါ မတ္စ္ကို ဖက္ရွင္က်က် ဖန္တီးသည္။ သူမွာ မတ္စ္ ၁၀ ခုကို စတိုင္လ္အမ်ိဳးမ်ိဳးျဖင့္ အသင့္ရွိေနေစသည္။ သူဖန္တီးသည့္ မတ္စ္ကို ျမင္သူတိုင္း သေဘာက်ၾကသည္။
"က်ေနာ္က ၿပဳံးျပတတ္တဲ့သူ။ အစိမ္းအက်က္ မေ႐ြးဘဲ ေဖာ္ေဖာ္ေ႐ြေ႐ြ ၿပဳံးျပႏႈတ္ဆက္၊ ခင္ခင္မင္မင္ စကားေျပာဆိုတယ္။ ဒါေပမဲ့ မတ္စ္ကို မတပ္မေနရ တပ္ရတဲ့အခါ အဲဒီဟာ ဆုံးရႈံးသြားတယ္။ ခင္ဗ်ားရဲ႕ မ်က္ႏွာမွာ ၿပဳံးျပေနတာကို လူေတြ မျမင္ရေတာ့ဘူး။ ဒီေတာ့ မတ္စ္က ေဖာ္ေ႐ြၿပီး ဖိတ္ေခၚေနတဲ့ဟာ ျဖစ္ေအာင္ ဖန္တီးေပးထားဖို႔ လိုတယ္" ဟု သူ႔ကိုယ္ပိုင္အယူအဆကို ေျပာျပသည္။

နည္းတစ္နည္းမွာ ေတြ႕သူတိုင္း မရယ္လွ်င္ေတာင္ ၿပဳံးမိေစမည့္ ဒီဇိုင္းမ်ိဳးကို ဖန္တီးျခင္း ျဖစ္သည္။
ေနာက္တစ္မ်ိဳးမွာ မတ္စ္ေပၚတြင္ အသိေပးလိုသည္ကို စာသားမ်ား၊ ႐ုပ္ပုံမ်ားျဖင့္ ေဖာ္ျပေပးျခင္း ျဖစ္သည္။

 

Read 1040 times
Rate this item
(0 votes)