What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ကမ္ဘာ့အချမ်းသာဆုံးဒီဇိုင်နာများ
ကမ္ဘာ့အချမ်းသာဆုံးဒီဇိုင်နာများ google
ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်မှာဆိုရင် ဖက်ရှင်ဒီဇိုင်းတွေဟာ တစ်နေ့တစ်ခြားဆန်းသစ်လို့လာပါတယ်။
ဖက်ရှင်ဒီဇိုင်းတွေ ဆန်းသစ်လာရုံသာမက ဖက်ရှင်ဒီဇိုင်းတွေကိုဖန်တီး တဲ့ ဒီဇိုင်းနာလောကဟာလည်း တစ်နေ့ထက်တစ်နေ့ အရည်ချင်းသစ်တွေနဲ့ တိုးတက်နေတာကိုတွေ့ရပါတယ်။
ဒီဇိုင်နာလုပ်ငန်းဟာဆိုရင် ကမ္ဘာပေါ်မှာစိန်ခေါ်မှု အများဆုံး လုပ်ငန်းတွေထဲကတစ်ခုပါ။ဒီဇိုင်းနာလောကဆိုတာ ပါရမီ ၊ ဝါသနာနဲ့ ကြိုးစားမှုတို့ပေါ်အခြေခံပြီး အောင်မြင်မှုကိုလွယ်လွယ်နဲ့ မရနိုင်ပါဘူး။
ဒီဇိုင်နာလောကဟာ
စိတ်ကူးစိတ်သန်းများပါဝင်ယုံသာမက ခေတ်ရေစီးကြောင်း ကိုမျက်ခြေမပြတ်လိုက်နေဖို့လည်းလိုပါတယ်။
ကမ္ဘပေါ်မှာ အချမ်းသာဆုံးလူတွေကိုကြည့်လိုက်လျှင် အကုန်လုံးဟာ ဝါသနာနဲ့ ပါရမီကိုအရင်ခံပြီး အောင်မြင်
နေသူများသာဖြစ်ပါတယ်။ ထိုနည်းတူ ဒီဇိုင်နာလောကမှာလည်း ကမ္ဘာ့ အချမ်းသာဆုံး လူတွေရှိပါတယ်။
သူတို့ကတော့
Pierre Cardin
Pierre Cardin ဟာ အီတလီ ဖက်ရှင်နာ တစ်ဦးဖြစ်ပါတယ်။ သူသည် ၁၉၉၂ ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့တွင် မွေးဖွားပြီး လူကြိုက်အများဆုံး ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ ဖက်ရှင်လောကကိုစတင် ဝင်ရောက်ခဲ့ပါတယ်။
သူဟာချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာ သူတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက ဖက်ရှင်ဒီဇိုင်းတွေကိုစိတ်ဝင်စားခဲ့ပါတယ်။ သူရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဟာ ၂၀၁၁ ခုနှစ်ဝန်းကျင်မှာ အလွန်လူကြိုက်များ လာခဲ့ပါတယ်။ ယနေ့ အချိန်အထိ သူရဲ့
အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၈၀၀ ရှိပြီး လက်ရှိကမ္ဘာပေါ်တွင်ချမ်းသာဆုံး ဒီဇိုင်းနာ တစ်ဦးပါ။
Tory Burch
Tory Burch ဟာ အမေရိကန် အမျိုးသမီး ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်ပါတယ်။ သူမဟာကိုယ်ပိုင် အမှတ်တံဆိပ်
ထုတ်ကုန် ရှိသူတစ်ဦးဖြစ်ပါတယ်။ ချမ်းသာတဲ့ မျိုးရိုးကဆင်းသက်လာသူတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်း ဖက်ရှင်ဒီဇိုင်းတွေကိုလေ့လာလိုက်စား သူတစ်ဦး လည်းဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဟာဆိုရင်တော့ ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့ပြီး ၊
ထိုအမှတ်တံဆိပ်ဟာဆိုရင် ကမ္ဘာအနှံရှိ ဖက်ရှင်ဆိုင်ပေါင်း ၂၅၀ အထိပျံ့နှံံ့ခဲ့ပြီး လက်ရှိမှာတော့ စုစုပေါင်းအသားတင်ဒေါ်လာ ၁ ဘီလီယံရှိပါတယ်။
Diane von Fürstenberg
Diane von Fürstenberg ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင်ဖွားမြင်ပြီး သူမရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် လူသိများလာတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးပါ။ သူမဟာ ဖက်ရှင်ဒီဇိုင်နာများကောင်စီ (CFDA) ၏ ဥက္ကဌဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်
Forbes မဂ္ဂဇင်း၏ ၆၈ယောက်မြောက် လွှမ်းမိုးမှု အကြီးဆုံး အမျိုးသမီး တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင် Time 100 စာရင်းဝင်ခဲ့သည်။
လက်ရှိအသားတင်ပိုင်ဆိုင်မှု ၁.၅ ဘီလီယံ ရှိခဲ့ပါတယ်။
Valentine Clemente
Valentine Clemente Ludovico Garavani ကို Valentino လို့လူသိများပါတယ်။ Valentino ဟာအီတလီဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး Valentino တံဆိပ်ကိုတည်ထောင်သူပါ။ သူမရဲ့အမှတ်တံဆိပ်
ကုမ္ပဏီဟာနိုင်ငံပေါင်း ၉၀ ကျော် ရှိ ဆိုင်ပေါင်း ၁၃၀၀ ကျော်တွင် လည်ပတ်နေတာပါတယ်။ လက်ရှိအသားတင်ပိုင်ဆိုင်မှုဟာ ၁.၅ ဘီလီယံဖြစ်သည်။
Ralph Lauren
Ralph Lauren သည်အမေရိကန် ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်ပါတယ်။ သူဟာတစ်ကမ္ဘာလုံးမှာ ကုမ္ပဏီ ပေါင်းများစွာရှိပြီး လက်ရှိတွင် အမေရိကန် ဒေါ်လာ ၇.၂ ဘီလီယံပိုင်ဆိုင်ပြီး ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာ ၉၁ ရောက်မြောက်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Pierre Cardin
 Pierre Cardin
Tory Burch
Tory Burch
သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဟာဆိုရင်တော့ ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့ပြီး ၊ ထိုအမှတ်တံဆိပ်ဟာဆိုရင် ကမ္ဘာအနှံရှိ ဖက်ရှင်ဆိုင်ပေါင်း ၂၅၀ အထိပျံ့နှံ့ခဲ့ပြီး လက်ရှိမှာတော့ စုစုပေါင်းအသားတင်ဒေါ်လာ ၁ ဘီလီယံရှိပါတယ်။
Diane von Fürstenberg
Diane von Fürstenberg
Valentine Clemente
Ralph Lauren
Ralph Lauren
Myanmar Textile and Garment Directory
Read 1410 times
Rate this item
(0 votes)
Tagged under