What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Design ဝါသနာပါတဲ့ လူငယ်တွေအတွက် အားပေးစကား

Design ဝါသနာပါတဲ့ လူငယ်တွေအတွက် အားပေးစကား google

ဒီနေ့မှာတော့ စက်ချုပ်ပညာကို လေ့လာ လိုက်စားနေတဲ့ လူတွေအတွက် ဒီဇိုင်နာ မင်းသက်စံ ပြောပြထားတဲ့ အားပေးစကားလေးတွေကို

မျှဝေပေးချင်ပါတယ်ရှင်။

စက်ချုပ်ပညာကို ဆက်လက် လေ့လာနိုင်ဖို့အတွက် အင်အားတွေ ရရှိပြီးတော့ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်နိုင်ကြပါစေနော်။

၁။ နည်းပညာကိုလည်း လေ့လာရမယ် (ဥပမာ sewing ၊ pattern နဲ့ drawing တို့ပေါ့ )

၂။ နည်းပညာကိုပဲ လေ့လာနေလို့မရပြန်ဘူး ဖန်တီးမှု့အားသန်ပြီး၊ စွန့်စားတီထွင်တက်ရပါမယ်။အဲ့အတွက် လေ့လာရမယ် ၊လေ့ကျင့်ရမယ် တီထွင်ရမယ်။

(ကိုယ်သိပြီးသား pattern တခုကို ဘယ်လောက်အထိ အသုံးပြုလို့ရလဲ ၊ ဘယ်နေရာထိသွားလို့ရလဲဆိုတာ အမြဲ ကြံဆနေရမယ်။ )

၃။တီထွင်ဖန်တီးတက်ရုံနဲ့လည်းမပြီးသေးဘူး ဘယ်လိုတင်ပြရမလဲ ဆိုတာလဲ အရေးကြီးပြန်ရော။

၎ ။ Service ဝန်ဆောင်မှု့ကောင်းဖို့ကလည်း အရေးကြီးတဲ့အချက်ထဲပါတယ်။ (အပြောချိုနေလို့မပြီးဘူး လက်တွေမှာ စိတ်ရော ၊စေတနာရောပါရမယ်။ )

ပြီးတော့ သင်မှတက်မယ်ဆိုတာမတွေးပါနဲ့ သင်လို့မရတဲ့အရာတွေအများကြီးပါ၊ လုပ်ငန်းအတွေ့အကြုံရယ် ၊ လုပ်ရဲကိုင်ရဲတဲ့စိတ်ရယ် ၊ဖြတ်ထိုးညာဏ်ရယ် ၊ ပါးနပ်မူ့တွေက သင်ပေးလို့မရဘူး ။

ကိုယ်လုပ်တဲ့ အလုပ်ကို တန်ဖိုးထားပါ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ၊ သစ္စာရှိပါ၊ ရိုးသားစွာ ကြိုးစားပါ။ သင့်လက်ထဲအောင်မြင်မှု့က တနေ့ ရောက်လာပါလိမ့်မယ်။

Source: Designer Minn Thet Saen

Myanmar Textile and Garment Directory

Read 1857 times
Rate this item
(0 votes)
Tagged under