What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရစၥတင္း ဒီလာ Christian Dior

ZAWGYI+UNICODE

ျပင္သစ္မွ ဖက္ရွင္တုိက္္ Christian Dior သက္တမ္း ႏွစ္ ၇၀ ျပည့္ၿပီ။

၂၀၁၇ ခုႏွစ္ ဇူလုိင္လမွာ ျပည့္ခဲ့တာ ျဖစ္ပါတယ္။ ႏွစ္အစိတ္ဆုိရင္ ေငြရတု၊ ႏွစ္ ၃၀ ဆုိရင္ ပုလဲရတု၊ ႏွစ္ ၄၀ ဆုိရင္ ပတၱျမားရတု၊ ႏွစ္၅၀ ဆုိရင္ ေရႊရတု၊ ႏွစ္ ၆၀ ဆုိရင္ စိန္ရတု လုိ႔ သုံးႏႈန္းၾကၿပီး ႏွစ္ ၇၀ ဆုိင္ရင္ေတာ့ ပလက္တီနမ္ရတုလုိ႔ သုံးႏႈန္းၾကတာမုိ႔ ၂၀၁၇ ခုႏွစ္ဟာ ခရစၥတင္း ဒီလာရဲ႕ ပလက္တီနမ္ရတု အခါသမယ ျဖစ္ပါတယ္။

ခရစၥတင္း ဒီလာဟာ ကမ႓ာ႔အႀကီးဆုံးနဲ႔ နာမည္အႀကီးဆုံး ဖက္ရွင္ brand ေတြထဲမွ တစ္ခု ျဖစ္ၿပီး နာမည္ႀကီး ႐ုပ္ရွင္မင္းသမီးႀကီးေတြ ျဖစ္တဲ့ အဲလစ္ဇဘက္ေတလာ၊ ဂေရ႕စ္ကယ္လီတုိ႔ ဆင္ျမန္းၾကတဲ့ ဖက္ရွင္brand ျဖစ္တဲ့အျပင္ ယခုေခတ္မွာလည္း ဂ်နီဖာ ေလာရင့္၊ နတလီေပါ့မင္၊ အဆုိေတာ္ ရီဟာနားတုိ႔ ဆင္ျမန္းၾကပါတယ္။

1101570304 400

 

ျပင္သစ္ႏုိင္ငံ သမၼတေရြးေကာက္ပြဲမွာ အီမန္ရီယယ္ မက္ကြမ္း ေရြးခ်ယ္တင္ေျမႇာက္ခံရတဲ့အတြက္ ျပင္သစ္လူထုဟာ ယုံၾကည္စိတ္ခ်မႈ ပုိႀကီးမားသြားၿပီး အေကာင္းေတြ ျဖစ္လာေတာ့မယ္လုိ႔ ယူဆယုံၾကည္မႈေတြ အလြန္အမင္း မ်ားျပားသြားခဲ့ပါတယ္။ ဒီေတာ့ ေရွ႕ေရးကုိ စိတ္ေအးရၿပီဆုိၿပီး ကားအသစ္ေတြ ၀ယ္ၾကတယ္။ စမတ္ဖုန္းေတြ ၀ယ္ၾကတယ္။ ေရေမႊးေတြလည္း ၀ယ္ၾကတာကုိ အီမန္ရီယယ္ မက္ကြမ္း အႏုိင္ရတဲ့ ေမလမွာ စတင္ၿပီး ေတြ႕ၾကရတယ္။ အဲဒါဟာ ဒုတိယသုံးလပတ္မွာ ျပည္တြင္း စီးပြားေရး ႀကီးထြားဖုိ႔အတြက္ ေကာင္းတဲ့နိမိတ္လကၡဏာ ျဖစ္တယ္လုိ႔ ျပင္သစ္ႏုိင္ငံရဲ႕ အမ်ဳိးသားစာရင္းအင္း ႏွင့္ စီးပြားေရး ေလ့လာမႈမ်ား အင္စတီက်ဳ ISEE က ဆုိပါတယ္။ ဒီေတာ့ ဇိမ္ခံပစၥည္း သဖြယ္ ေဈးျမင့္တဲ့ ဖက္ရွင္ေတြလည္း ၀ယ္လုိအား တက္သြားခဲ့ပါတယ္။
ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ LVMH ၊ Gucci ၊ Hermes ၊ Dior အစရွိေသာ ဖက္ရွင္လုပ္ငန္းႀကီးေတြဟာ ဥေရာပေဈးကြက္ကုိ အေျခခံထားေပမဲ့ အားကုိးအားထား ျပဳေနတာကေတာ့ အာရွေဈးကြက္ ျဖစ္ပါတယ္။ အာရွမွာ ေခတ္သစ္သူေဌးေတြ ပုိမ်ားလာၿပီး သုံးႏုိင္ျဖဳန္းႏုိင္လာၾကတဲ့အတြက္ အဲဒီဖက္ရွင္လုပ္ငန္းႀကီးေတြရဲ႕ ဖက္ရွင္ထည္ေတြကုိ ဂုဏ္ျဒပ္တစ္ခုအျဖစ္ ဆင္ျမန္းၾကလုိ႔ အာရွေဈးကြက္ကုိ အားကုိးၾကတာ ျဖစ္ပါတယ္။ အဲဒါအျပင္ အာရွမွ ဥေရာပသုိ႔ အလည္အပတ္လာၾကတဲ့သူေတြလည္း ပုိမ်ားလာၿပီး ဥေရာပမွာ အဲဒီဖက္ရွင္လုပ္ငန္းႀကီးေတြရဲ႕ ပစၥည္းေတြကုိ ၀ယ္ယူၾကတာဟာလည္း ေရာင္းအားတက္ေစပါတယ္။
Christian Dior ဟာ ၂၁၀၆ ခုႏွစ္ စတုတၳသုံးလပတ္မွာ ေရာင္းအားေကာင္းခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ပထမသုံးလပတ္မွာလည္း ေရာင္းအားေကာင္းခဲ့တယ္လု႔ိ ဆုိပါတယ္။
ပလက္တီနမ္ရတုပြဲေတာ္ကုိ ပါရီၿမိဳ႕ရွိ Les Arts Decoratifs ျပတုိက္မွာ က်င္းပခဲ့ပါတယ္။ ေဖာေဖာသီသီ သုံးစြဲၿပီး ခမ္းနားထည္၀ါစြာ ျပသတာမွာ Christian Dior ဖက္ရွင္တုိက္္မွ ေခတ္အဆက္ဆက္ ဖန္တီးခ့ဲတဲ့ ဖက္ရွင္၀တ္စုံ ၃၀၀ ေက်ာ္ကုိ ျပသထားတယ္။ ၂၀၁၇ ခုႏွစ္ ဇူလုိင္လ ၅ ရက္မွ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ ၇ ရက္အထိ ျပသဖုိ႔ ျပတုိက္ကုိ ငွားရမ္းထားပါတယ္။
၁၉၅၇ ခုႏွစ္မွာ ကြယ္လြန္ခဲ့တဲ့ ဖက္ရွင္တုိက္ ထူေထာင္သူ ခရစၥတင္း ဒီလာမွစလုိ႔ ဆက္ခံခဲ့တဲ ဒီဇုိင္းနာ ၆ ဦးတုိ႔ရဲ႕ ဖန္တီးမႈလက္ရာ ဖက္ရွင္၀တ္စုံေတြ ျဖစ္ပါတယ္။
ပလက္တီနမ္ေရႊရတုမွာ ဒီလာရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ ဖက္ရွင္တုိက္ရဲ႕ ဒီဇုိင္းနာအႀကီးအကဲအဆက္ဆက္မွာ အမ်ဳိးသားေတြသာ ျဖစ္ခဲ့ေပမဲ့ ယခုေနာက္ဆုံး တာ၀န္ေပးလုိက္တဲ့ ဒီဇုိင္းနာက အမ်ဳိးသမီး ျဖစ္ေနတာမု႔ိ သူမဟာ ခရစၥတင္း ဒီလာဖက္ရွင္တုိက္ရဲ႕ ပထမဆုံးေသာ အမ်ဳိးသမီးဒီဇုိင္းနာအႀကီးအကဲအျဖစ္ မွတ္တမ္းတင္ခံရပါတယ္။ သူမရဲ႕အမည္က မာရီယာ ဂရာစီယာ က်ဴရီ ျဖစ္ၿပီး အီတလီသူ ျဖစ္ပါတယ္။ သူမဟာ Valentino ဖက္ရွင္တုိက္ေန ခရစၥတင္း ဒီလာဆီကုိ ေျပာင္းေရႊ႕လာသူ ျဖစ္ပါတယ္။

mariagraziachiuri3

 

 

ခရစၥတင္း ဒီလာဖက္ရွင္တုိက္ရဲ႕ ဒီဇုိင္းနာအႀကီးအကဲ အစဥ္အဆက္ထဲမွာ အင္မတန္နာမည္ႀကီးတဲ့ ယီစာေလာရာ Yves Saint Laurent နဲ႔ ဂၽြန္ဂါလီယန္းႏုိး John Galliano တုိ႔ ပါ၀င္ပါတယ္။
ထူေထာင္သူ ခရစၥတင္း ဒီလာဟာ ၁၉၅၇ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။
ခရစၥတင္း ဒီလာ ဖက္ရွင္တုိက္ဟာ ယခုအခါမွာ ႏုိင္ငံေပါင္း ၆၀ ေက်ာ္မွာ စတုိးဆုိင္ေပါင္း ၂၀၀ နီးပါး ဖြင့္လွစ္ထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၆ ခုႏွစ္မွာ ဒီလာရဲ႕ ေရာင္းအားပမာဏဟာ ယူ႐ုိ ၁.၉၄ ဘီလ်ံ ရွိခဲ့ပါတယ္။

UNICODE

ခရစ္စတင်း ဒီလာ Christian Dior
==================
ပြင်သစ်မှ ဖက်ရှင်တိုက် Christian Dior သက်တမ်း နှစ် ၇၀ ပြည့်ပြီ။

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ နှစ်အစိတ်ဆိုရင် ငွေရတု၊ နှစ် ၃၀ ဆိုရင် ပုလဲရတု၊ နှစ် ၄၀ ဆိုရင် ပတ္တမြားရတု၊ နှစ်၅၀ ဆိုရင် ရွှေရတု၊ နှစ် ၆၀ ဆိုရင် စိန်ရတု လို့ သုံးနှုန်းကြပြီး နှစ် ၇၀ ဆိုင်ရင်တော့ ပလက်တီနမ်ရတုလို့ သုံးနှုန်းကြတာမို့ ၂၀၁၇ ခုနှစ်ဟာ ခရစ္စတင်း ဒီလာရဲ့ ပလက်တီနမ်ရတု အခါသမယ ဖြစ်ပါတယ်။

ခရစ္စတင်း ဒီလာဟာ ကမ္ဘာ့အကြီးဆုံးနဲ့ နာမည်အကြီးဆုံး ဖက်ရှင် brand တွေထဲမှ တစ်ခု ဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးတွေ ဖြစ်တဲ့ အဲလစ်ဇဘက်တေလာ၊ ဂရေ့စ်ကယ်လီတို့ ဆင်မြန်းကြတဲ့ ဖက်ရှင်brand ဖြစ်တဲ့အပြင် ယခုခေတ်မှာလည်း ဂျနီဖာ လောရင့်၊ နတလီပေါ့မင်၊ အဆိုတော် ရီဟာနားတို့ ဆင်မြန်းကြပါတယ်။

ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အီမန်ရီယယ် မက်ကွမ်း ရွေးချယ်တင်မြှောက်ခံရတဲ့အတွက် ပြင်သစ်လူထုဟာ ယုံကြည်စိတ်ချမှု ပိုကြီးမားသွားပြီး အကောင်းတွေ ဖြစ်လာတော့မယ်လို့ ယူဆယုံကြည်မှုတွေ အလွန်အမင်း များပြားသွားခဲ့ပါတယ်။ ဒီတော့ ရှေ့ရေးကို စိတ်အေးရပြီဆိုပြီး ကားအသစ်တွေ ဝယ်ကြတယ်။ စမတ်ဖုန်းတွေ ဝယ်ကြတယ်။ ရေမွှေးတွေလည်း ဝယ်ကြတာကို အီမန်ရီယယ် မက်ကွမ်း အနိုင်ရတဲ့ မေလမှာ စတင်ပြီး တွေ့ကြရတယ်။ အဲဒါဟာ ဒုတိယသုံးလပတ်မှာ ပြည်တွင်း စီးပွားရေး ကြီးထွားဖို့အတွက် ကောင်းတဲ့နိမိတ်လက္ခဏာ ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံရဲ့ အမျိုးသားစာရင်းအင်း နှင့် စီးပွားရေး လေ့လာမှုများ အင်စတီကျု ISEE က ဆိုပါတယ်။ ဒီတော့ ဇိမ်ခံပစ္စည်း သဖွယ် ဈေးမြင့်တဲ့ ဖက်ရှင်တွေလည်း ဝယ်လိုအား တက်သွားခဲ့ပါတယ်။
ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ LVMH၊ Gucci၊ Hermes၊ Dior အစရှိသော ဖက်ရှင်လုပ်ငန်းကြီးတွေဟာ ဥရောပဈေးကွက်ကို အခြေခံထားပေမဲ့ အားကိုးအားထား ပြုနေတာကတော့ အာရှဈေးကွက် ဖြစ်ပါတယ်။ အာရှမှာ ခေတ်သစ်သူဌေးတွေ ပိုများလာပြီး သုံးနိုင်ဖြုန်းနိုင်လာကြတဲ့အတွက် အဲဒီဖက်ရှင်လုပ်ငန်းကြီးတွေရဲ့ ဖက်ရှင်ထည်တွေကို ဂုဏ်ဒြပ်တစ်ခုအဖြစ် ဆင်မြန်းကြလို့ အာရှဈေးကွက်ကို အားကိုးကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် အာရှမှ ဥရောပသို့ အလည်အပတ်လာကြတဲ့သူတွေလည်း ပိုများလာပြီး ဥရောပမှာ အဲဒီဖက်ရှင်လုပ်ငန်းကြီးတွေရဲ့ ပစ္စည်းတွေကို ဝယ်ယူကြတာဟာလည်း ရောင်းအားတက်စေပါတယ်။
Christian Dior ဟာ ၂၁၀၆ ခုနှစ် စတုတ္ထသုံးလပတ်မှာ ရောင်းအားကောင်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ပထမသုံးလပတ်မှာလည်း ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။
ပလက်တီနမ်ရတုပွဲတော်ကို ပါရီမြို့ရှိ Les Arts Decoratifs ပြတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဖောဖောသီသီ သုံးစွဲပြီး ခမ်းနားထည်ဝါစွာ ပြသတာမှာ Christian Dior ဖက်ရှင်တိုက်မှ ခေတ်အဆက်ဆက် ဖန်တီးခဲ့တဲ့ ဖက်ရှင်ဝတ်စုံ ၃၀၀ ကျော်ကို ပြသထားတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်အထိ ပြသဖို့ ပြတိုက်ကို ငှါးရမ်းထားပါတယ်။
၁၉၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဖက်ရှင်တိုက် ထူထောင်သူ ခရစ္စတင်း ဒီလာမှစလို့ ဆက်ခံခဲ့တဲ ဒီဇိုင်းနာ ၆ ဦးတို့ရဲ့ ဖန်တီးမှုလက်ရာ ဖက်ရှင်ဝတ်စုံတွေ ဖြစ်ပါတယ်။
ပလက်တီနမ်ရွှေရတုမှာ ဒီလာရဲ့ ထူးခြားချက်တစ်ခုကတော့ ဖက်ရှင်တိုက်ရဲ့ ဒီဇိုင်းနာအကြီးအကဲအဆက်ဆက်မှာ အမျိုးသားတွေသာ ဖြစ်ခဲ့ပေမဲ့ ယခုနောက်ဆုံး တာဝန်ပေးလိုက်တဲ့ ဒီဇိုင်းနာက အမျိုးသမီး ဖြစ်နေတာမို့ သူမဟာ ခရစ္စတင်း ဒီလာဖက်ရှင်တိုက်ရဲ့ ပထမဆုံးသော အမျိုးသမီးဒီဇိုင်းနာအကြီးအကဲအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ သူမရဲ့အမည်က မာရီယာ ဂရာစီယာ ကျူရီ ဖြစ်ပြီး အီတလီသူ ဖြစ်ပါတယ်။ သူမဟာ Valentino ဖက်ရှင်တိုက်နေ ခရစ္စတင်း ဒီလာဆီကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ခရစ္စတင်း ဒီလာဖက်ရှင်တိုက်ရဲ့ ဒီဇိုင်းနာအကြီးအကဲ အစဉ်အဆက်ထဲမှာ အင်မတန်နာမည်ကြီးတဲ့ ယီစာလောရာ Yves Saint Laurent နဲ့ ဂျွန်ဂါလီယန်းနိုး John Galliano တို့ ပါဝင်ပါတယ်။
ထူထောင်သူ ခရစ္စတင်း ဒီလာဟာ ၁၉၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ခရစ္စတင်း ဒီလာ ဖက်ရှင်တိုက်ဟာ ယခုအခါမှာ နိုင်ငံပေါင်း ၆၀ ကျော်မှာ စတိုးဆိုင်ပေါင်း ၂၀၀ နီးပါး ဖွင့်လှစ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ်မှာ ဒီလာရဲ့ ရောင်းအားပမာဏဟာ ယူရို ၁.၉၄ ဘီလျံ ရှိခဲ့ပါတယ်။

Read 1205 times
Rate this item
(0 votes)