2007 ခုနှစ်မှစတင်ကာ ဒီဇိုင်နာလောကထဲဝင်ရောက်လာတဲ့ ဒီဇိုင်နာမေမြတ်ဝါဆို တီထွင်ချုပ်ထားတဲ့ ဒီဇိုင်းတွေဟာဆို ယနေ့အမျိုးသမီး ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ဒီဇိုင်းများဘဲဖြစ်ပါတယ်။
ဒီဇိုင်နာမေမြတ်ဝါဆို ရဲ့ လက်တလော အမျိုးသမီးများကြိုက်နှစ်သက်တဲ့ဒီဇိုင်းများထဲက အချို့ကို ရွေးချယ်ကာ ဒီဇိုင်နာမေမြတ်ဝါဆိုကို ၀တ်စုံဒီဇိုင်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားပါတယ်။
-မထက်ထက်မိုးဦးကို အမျိုးသမီးရေးရာပွဲမှာချုပ်ပေးထားတဲ့ ၀တ်စုံလေးဟာဆိုရင် ကျောက်စိမ်းရောင်ချိတ်လိုင်းလေးပါ။
ဒီဝတ်စုံလေးကို မထက် ကအရင်ကအကယ်ဒမီရတုန်းကဒီဇိုင်းမျိုးလေးဝတ်ချင်သည့် အဲ့ ဒီဇိုင်းနည်းတူ
ဖန်တီးချုပ်လုပ်ပေးခဲ့ပါတယ်။
အဲ့ဒီဇိုင်းက ရတနာပုံခေတ်ဒီဇိုင်းလုပ်ရတာပေါ့။ ပိတ်စရော ပန်းကပ်တာတွေရော creation လုပ်တာတွေရော အမကိုယ်တိုင်ဘဲ လုပ်ခဲ့တာပါ။
-နန်းစုရတီစိုးဝတ်စုံလေးက အမျိုးသမီးရေးရာပွဲအတွက်ဘဲ စစ်ပြီးခေတ်ထဲမှာပါတယ်။
စစ်ပြီးခေတ်တုန်းက ဒီဇိုင်းကို ဘဲ ယနေ့ဒီဇိုင်းလေးလဲပါအောင်ထွင်ဖြစ်တယ်။ အဲ့ တုန်းက ကတီပါတွေ ၀တ်ကြတယ်။
ခုခေတ်ကလဲကတီပါခေတ်စားနေတော့ အဲ့အစပေါ်မှာ စီကွင့်တွေကျောက်တွေနဲ့ ဒီဇိုင်း ပြန်ဖော်ထားတာပေါ့နော်။
-ရွှေအိမ်စည်ဝတ်စုံလေးက အမအင်ဒိုနီးရှားဖက်ရှင်week ပွဲတုန်းက ပြခဲ့တဲ့ ၀တ်စုံလေး ပါ။အနက်ပေါ်မှာဘဲ အရောင်နည်းနည်းကွဲတာလေးတွေလုပ်ခဲ့တယ်။
နိုင်ငံခြားပွဲမှာ ကိုယ့်ရဲ့ handmade ကို ပြချင်တာပေါ့။ အဲ့ အတွက် ပန်းချီကို အဓိကထားပြီး ပြခဲ့တယ်။
နိုင်ငံခြားမှာသွားပြမှာဆိုတော့ ကိုယ့်နိုင်ငံက ပစ္စည်းတွေအကုန်ပါချင်တယ်။
အဲ့အတွက်ထီးကို လဲ အမဒီဇိုင်းထွင်ခဲ့တယ်။ ထီးဆိုအားလုံးက အ၀ိုင်းမြင်တာပေါ့ ဒါပေမယ့် အမက လေးထောင့်လုပ်ခဲ့တယ်။ နားကပ်တွေရော ဆွဲကြိုးတွေရော မြန်မွာေက ရွှေကြိုက်တော့ သုံးထားတယ်။
-စိုးပြည့်သဇင်ဝတ်စုံလေးက ပန်းချီဆွဲထားတာပေါ့။ နှင်းဆီပန်းပွင့်ပုံကိုဘဲ ဒီဇိုင်း ဆန်းအောင် အပွင့် အကြီးကြီးဆွဲခဲ့တယ်။ ဒီဇိုင်းလေးကတော့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ ဒီဇိုင်းလေးပေါ့။
-အမ ဒီဇိုင်းတွေတီထွင်ရင် အရမ်းရှုပ်နေတာတွေမကြိုက်တဲ့ အတွက် ရှင်းရှင်းလေးတွေ ဘဲ လုပ်ဖြစ်တယ်။ ပုလဲတွေနဲ့ ဒီဇိုင်းတွေ ထွင်သွားမယ်။ ကာလာနှစ်ရောင်သုံးရောင်ကစားတာမျိုးလေးတွေ ထွင်သွားမှာပါ။
-တက်သစ်စဒီဇိုင်နာလေးတွေကိုအကြံပေးချင်တာက ဒီဇိုင်လုပ်တော့မယ်ဆိုရင် အောက်ခြေကနေပိုင်အောင်လုပ်စေချင်တယ်။
ပေါ်ပင်လုပ်တာမျိုးမဟုတ်ဘဲ တကယ်ဝါသနာပါလို့လုပ်တာမျိုးကိုဖြစ်စေချင်တယ်။
ဒီအလုပ်က တကယ်လဲစိတ်ရှည်မှရတယ်။
တကယ်လဲအပင်ပန်းခံမှရတယ်။
အကောင်းဆုံးဖြစ်အောင်လေ့လာလုပ်ကိုင်ကြပါ။
အမတို့လဲလေ့လာနေတုန်းပါဘဲ။