What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာ ANNE_FOGARTY

ဖက်ရှင်ဒီဇိုင်နာ ANNE_FOGARTY google

အမေရိကန်ဖက်ရှင် လောကရဲ့အမျိုးသမီး ဒီဇိုင်နာကြီး Anne Fogarty အကြောင်းကို ဖော်ပြပေးမှာပါ။

 ငယ်ဘ၀နဲ့ ပညာရေး

Anne Fogarty ကို ၁၉၁၉ခုနှစ်၊ ဖေဖော်ဝါ ရီ(၂)ရက်နေ့က အမေရိကန်ပြည်ထောင်စုအ တွင်းမှာရှိတဲ့ ဓနသဟာယနိုင်ငံများနယ်မြေ Pitt­s­­burgh မြို့မှာမွေးဖွားခဲ့ပါတယ်။ မွေးချင်းလေး ဦးအနက်က အငယ်ဆုံးဖြစ်ပါတယ်။

ငယ်စဉ်က တည်းက အချုပ်အလုပ်ပါရမီပါတဲ့သူ ဖြစ်ပါ တယ်။ အထက်တန်းကျောင်းအပြီး ၁၉၃၆ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းရင့်ကော လိပ်တစ်ခုဖြစ်တဲ့ Allegheny ကောလိပ်မှာတက် ရောက်ခဲ့ပါတယ်။

နောက်ပြီးတော့ Allegheny ကောလိပ် ကနေ Carnegie Institute of Technology ကိုပြောင်းခဲ့ပြီး ဘ၀သရုပ်ဖော်ဇာတ်လမ်းဘာသာရပ်ကိုသင်ယူခဲ့ပါတယ်။

ဆိုလိုတာကတော့ သူဟာ သရုပ်ဆောင်လုပ်ချင်ခဲ့တာပါပဲ။

1950s cocktail dress by Anne Fogarty

၁၉၃၉ခုနှစ်မှာ သူ့အစ်မဖြစ်တဲ့ Ladies Home Journal and House Beautiful 
ရဲ့ ချက်ပြုတ် နည်းစာပေတည်းဖြတ်သူ၊ ချက်ပြုတ်နည်းစာအုပ်များရေးသူ Poppy Cannon ဟာ နယူးယောက်မြို့တော်ကိုပြောင်းရွှေ့ရတဲ့အတွက် သူ့ဘ၀တိုးတက်ဖို့ အစ်မဖြစ်သူနဲ့လိုက်ပါဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 ဒီဇိုင်နာဘ၀စ

နယူးယောက်မြို့တော်ကြီးရောက်တော့ သရုပ်ဆောင်အခွင့်အလမ်း တွေရှာရင်းနဲ့ Harvey Berlin အ၀တ်အထည်ကုမ္ပဏီကြီးရဲ့မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သူက ဒီဇိုင်နာတွေရဲ့ဝတ်စုံတွေကို ၀တ်ပြခဲ့ရတယ်။ အဲဒီ Harvey Barlin ကုမ္ပဏီကြီးက သူ့ရဲ့အရည်အသွေးတွေကို သဘောကျခဲ့ပြီး ဒီဇိုင်နာသင်တန်းကိုပါတက်စေဖို့ထောက်ပံ့မှုပေးခဲ့ပါတယ်။

ဒါ့ကြောင့် Anne Fogarty ဟာ မော်ဒယ်လုပ်ရင်း East Hartman School of Design မှာတက်ရောက်ခဲ့ပါတယ်။

Anne Fogarty ဟာ မော်ဒယ်လည်းလုပ်၊ Sheila Lynn Company ကုမ္ပဏီ အတွက် ဒီဇိုင်နာလည်းလုပ်ရင်း ၁၉၄၀ပြည့်နှစ်မှာ ပန်းချီဆရာ Thomas E. Fogarty နဲ့ လက်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကြောင်း မကောင်းလှတဲ့အတွက် ကွဲကွာခဲ့ရ ရှာပါတယ်။

အဲဒီနောက် ၁၉၄၈ ခုနှစ်ထိ မော်ဒယ်အလုပ်၊ စတိုင်လစ်အလုပ်နဲ့ Rolls-Royce Limited ကြော်ငြာလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Yough Guild ကုမ္ပဏီအတွက် ဆယ်ကျော်သက်ဖက် ရှင်ပညာရှင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

16507873 1472985996077404 9004403780981315740 n16388180 1472986072744063 7890960236344350874 n

 တိုးတက်မှုများ

Youth Guild ကုမ္ပဏီမှာ သူဖန်တီးလိုက်တဲ့ ခါးကနေ ပန်းပွင့်ကြီးလိုရှည်မျော ကျနေတဲ့စကတ် (Full Skirt)က အောင်မြင်မှုရခဲ့ပါတယ်။

ဒီဇိုင်းပုံစံကတော့ ဒီယော (Christian Dior) တံဆိပ်ရဲ့ The New Look ဆိုတဲ့ စတိုင်ရဲ့ အငွေ့အသက် တွေသက်ဝင်နေပါတယ်။ အဲဒီ စကတ်ဒီဇိုင်းဟာ Anne Fogarty ရဲ့ သင်္ကတဖြစ် လာပါတယ်။ 
သူ့ကို အသာစီးရစေတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ သူဟာ သေးကျင်တဲ့ ၂၂လက်မ အရွယ်ခါးကို ပိုင်ဆိုင်ထားပြီး အငယ်တန်းမော်ဒယ်ဆိုက် နံပါတ်(၇)မှာ ပါဝင်ခြင်းနဲ့ ၀ါရင့်မော်ဒယ်ဖြစ်နေခြင်းပါ။

ဒီအချက်ကြောင့်ပဲ သူဖန်တီးတဲ့ ၀တ်စုံလှလှလေးတွေကို ကိုယ်တိုင်ဝတ်ပြနိုင်ပြီး အသာစီးရခဲ့ပါတယ်။
Anne Fogarty ရဲ့ဖက်ရှင်တွေဟာ အမေရိကန် အမျိုးသမီးဖက်ရှင်မဂ္ဂဇင်းကြီး Harper's Bazaar မှာ နှစ်မျက်နှာထိဖော်ပြရတဲ့အထိ ကျော်ကြားလာပါတယ်။ လူ ငယ်ဖက်ရှင်ထုတ်တဲ့ Margot Dresses ကုမ္ပဏီမှာ ၀တ်စုံနဲ့ အဆင်တန်ဆာတွေကို ၁၉၅၀ပြည့်နှစ်ကစပြီး ခုနစ်နှစ်ကြာအောင် တီထွင်ဖန်တီးခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ အမေရိကန်ပြည်က ဇိမ်ခံဖက်ရှင်အရောင်းဆိုင် Saks Fifth Avenue မှာ အဓိက ဒီဇိုင်နာ တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

16508229 1472985769410760 7898953702190553916 n16427582 1472986156077388 5829659749511499865 n

 ကိုယ်ပိုင်လုပ်ငန်း

ဖက်ရှင်လုပ်ငန်း၊ မော်ဒယ်လုပ်ငန်းမှာ အံတို နေပြီဖြစ်တဲ့ Anne Fogarty က သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်း ကို ၁၉၆၂ ခုနှစ်မှာ Anne Fogarty Inc., အမည်နဲ့ စတင်နိုင်ခဲ့ပါတယ်။

၁၉၆၀ပြည့်နှစ်များနှစ်လည်မှာ A.F Botique အပါအ၀င် သူဖန်တီးထားတဲ့ တံဆိပ်များစွာကို မိတ်ဆက်နိုင်ခဲ့ပါတယ်။

၁၉၆၀ပြည့်တုန်းကလည်း အားကစား ၀တ်စုံ၊ ၀မ်းဆက်ကုတ်တွေပါထုတ်လုပ်ခဲ့ပါတယ်။ စကတ်၊ ဘောင်းဘီဖန်တီးမှုတွေကလည်း များစွာအရာ ရောက်ခဲ့ပါတယ်။ 

ဒါ့အပြင် Anne Fogarty ဟာ အမေရိကန်ရဲ့ ဘီကီနီဝတ်စုံ (Bikini)ကနဦးဖန်တီးသူဒီဇိုင်နာတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ခါးကနေ ပန်းပွင့်ကြီးလိုရှည်မျောကျနေတဲ့စကတ် (Full Skirt) တွေဟာလည်း သူမရဲ့ပင်တိုင်ဒီဇိုင်းအဖြစ် ကျော်ကြားလှပါတယ်။ Scoop Neck Shirt လို့ခေါ်တဲ့ လည်ဟိုက်ဝတ်စုံကိုလည်း ခါးမြင့်စကတ်နဲ့တွဲဖက်ပြီး ဖန်တီးခဲ့ပြီး Paper Doll ၀တ်စုံအဖြစ် အကျော်ဇေယျဖြစ်စေခဲ့ပါတယ်။

Anne Fogarty ဟာ အမျိုးသမီးများအသည်းစွဲ အင်္ကျီနဲ့စကတ် တစ်ဆက်တည်းဝတ်စုံ (Sheath Dress)တွေ ပိုမိုကျယ်ပြန့်လာအောင် ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ Anne Fogarty ရဲ့ ဂန္ထ၀င်မြောက် အကောင်းဆုံး ဖန်တီးမှုကတော့ Wife Dressing ပဲဖြစ်ပါတယ်။ အခုလို သူရဲ့ကနဦးတီထွင်မှုတွေနဲ့ တစ်ခြားဖန်တီးမှုတွေ ကြောင့် သူဟာ အမျိုးသမီးဖက်ရှင်လောကရဲ့ ဦးဆောင်ပဲ့ကိုင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

16473917 1472985679410769 7094975619493537923 n

 Anne Fogarty ၏ နောက်ဆုံး အချိန်များ

အောင်မြင်ကျော်ကြားမှု မြောက်မြားစွာရှိခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာကြီး Anne Fogarty ဟာ အသက် ၅၅ နှစ်အရွယ် ၁၉၇၄ ခုနှစ်မှာတော့ သူ့ရဲ့စီးပွားရေးလုပ်ငန်း ကိုပိတ်သိမ်းပြီးအနားယူခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း ကို လက်လွှတ်လိုက်ပြီး အလွတ်တန်းဒီဇိုင်အနာအဖြစ် ဆက်လက်ဖန်တီးနေပါတယ်။

သူ့ရဲ့နောက်ဆုံးဖန်တီးမှု ကတော့ Shariella Fashion အတွက် ၁၉၈၀ပြည့် နှစ်က ဖန်တီးတဲ့ ၀တ်စုံတွေပါ။

Anne Fogarty ဟာ ၁၉၆၇မှာ အမေရိကန်သရုပ်ဆောင် Richard Kollmar နဲ့ အိမ်ထောင်ထပ်မံပြုခဲ့ပါတယ်။

ဒါပေမဲ့ Anne Fogarty ဟာ အိမ်ထောင်ရေးကံ မကောင်းရှာပါဘူး။ ဒုတိယခင်ပွန်းဟာလည်း ၁၉၇၁ခုနှစ် မှာ ကားမတော်တဆဖြစ်ရာက လက်မောင်းပြုတ်ထွတ် ခဲ့တဲ့ဒဏ်ရာနဲ့ အနိစ္စရောက်ခဲ့ပြန်ပါတယ်။ Anne Fogarty ဟာ အားကိုးဖော်မရှိတဲ့အတွက် ၁၉၇၇ ခုနှစ်မှာ Wade O' Hara နဲ့ တစ်ပင်ထူခဲ့ ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကွဲကွာ ခဲ့ရရှာပြန်ပါတယ်။

ဒီလိုနဲ့ ဖက်ရှင်လောကရဲ့ ချစ်လှ စွာသော ပါရမီရှင်ကြီး Anne Fogarty ဟာ ၁၉၈၀ပြည့်နှစ်မှာ နှလုံးသွေး ကြော ရုတ်တရက်ပိတ်ဆို့ပြီး ဖက်ရှင်လောကကြီးကို စွန့်ခွာခဲ့ရပါတော့တယ်။

tumblr ougfm02nnS1sqyiebo1 r1 50016427674 1472985682744102 8925368505981931214 n

 အပ်နှင်းခံရသောဆုများ

- Coty American Fashion Critics Award ၁၉၅၁
- Neiman Marcus Fashion Award ၁၉၅၂
- Cotton Fashion Award ၁၉၅၇

Anne Fogarty ဟာ ယနေ့ခေတ် အမျိုးသမီးဖက်ရှင်ဝတ်စုံတွေရဲ့ ကနဦးဖန်တီးသူတစ်ဦးပါ။

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အလှတရားကို ပိုမိုတောက်ပစေခဲ့တဲ့ Anne Fogarty ရဲ့မွေးနေ့ ကတော့ အခု ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျရောက်ခဲ့ပါပြီ။

လူသာသေသွားသော်လည်း နာမည်မသေခဲ့တဲ့ ဒီဇိုင်နာကြီး Anne Fogarty ကောင်းရာဘ၀မှာရောက်ရှိနေမယ်လို့ မျှော်လင့်ဆုတောင်းရင်း.............

source:The chic magazine

Read 942 times
Rate this item
(0 votes)