What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Mask ချုပ်ပြိုင်ပွဲ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့စာ

Mask ချုပ်ပြိုင်ပွဲလေး လုပ်လိုက်တာ တော်တော့ကို ကျေနပ်မှု ရပါတယ်။


စိတ်အချမ်းသာစရာအကောင်းဆုံးကတော့ ပြိုင်ပွဲဝင်ကြသူတွေရဲ့ ရည်ရွယ်ချက်က နိုင်ဖို့၊ ဆုရဖို့ထက် စုပေါင်းအားပေးဖို့ဖြစ်တယ်ဆိုတာကို သိလိုက်ရလို့ပါပဲ။
ပြိုင်ပွဲကိုအကြောင်းပြုပြီး mask ကို စိတ်ဝင်စားမှု တက်လာတာကိုလည်း တွေ့ရပါတယ်။
နောက်စိတ်ချမ်းသာစရာ တစ်ခုကတော့ ကျွန်မတို့ပြည်သူတွေရဲ့တီထွင်ဉာဏ်ပါ။
ကြည့်တတ်၊ မြင်တတ်တာနဲ့တွဲလိုက်တော့ အချုပ်အလုပ် မကျွမ်းကျင်ရင်တောင် ဒီဇိုင်းလှလှလေးတွေ ထုတ်နိုင်တာပေါ့။
တပ်ချင်စရာပါ။
ကျွန်မကို လက်ဆောင်ပေးလာတဲ့ mask အချို့ (ပြိုင်ပွဲဝင်မဟုတ်ပါ)တပ်ပြီး ရိုက်ထားတဲ့ပုံ(၃)ပုံ
အောက်မှာ ပါ,ပါတယ်။
အထူးကျေနပ်ရတဲ့ကိစ္စကတော့ ဘာကြောင့် ပြိုင်ပွဲ ဝင်ရတယ်၊ ဘယ်လို mask တစ်ခုဖြစ်အောင် လုပ်ရတယ်ဆိုတာကို ရှင်းပြထားတာတွေပါပဲ။
ကျွန်မက “ဘာ့ကြောင့်” ဆိုတာကို သိချင်စိတ် ထက်သန်သူဖြစ်ပါတယ်။ “ဘာ့ကြောင့်” ရဲ့အဖြေကိုရခြင်းဟာ တိုးတက်မှု၊ ပြုပြင်မှု လမ်းစပေါ်ခြင်းပါပဲ။
ဒီ maskပြိုင်ပွဲကြောင့် ကျွန်မတို့ပြည်သူတွေ အကြောင်း ပိုသိလာတယ်လို့ခံစားရပါတယ်။
သိလာနိုင်အောင်လုပ်ပေးကြသူအားလုံး၊ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
အခက်အခဲတိုင်းဟာ စိန်ခေါ်မှုဖြစ်သလို အခွင့်အရေးလည်းဖြစ်တယ်ဆိုတာ အလွန်မှန်ပါတယ်။ Covid အခက်အခဲဟာ ကျွန်မတို့ပိုစည်းလုံးဖို့အခွင့်အရေးမဟုတ်ပါလား။
Aung San Suu Kyi ( May 14,2020 )

 

Mask ခ်ဳပ္ၿပိဳင္ပြဲ ေဒၚေအာင္ဆန္းစုၾကည္ ေရးတဲ့စာ
Mask ခ်ဳပ္ၿပိဳင္ပြဲေလး လုပ္လိုက္တာ ေတာ္ေတာ့ကို ေက်နပ္မႈ ရပါတယ္။
စိတ္အခ်မ္းသာစရာအေကာင္းဆုံးကေတာ့ ၿပိဳင္ပြဲဝင္ၾကသူေတြရဲ႕ ရည္႐ြယ္ခ်က္က ႏိုင္ဖို႔၊ ဆုရဖို႔ထက္ စုေပါင္းအားေပးဖို႔ျဖစ္တယ္ဆိုတာကို သိလိုက္ရလို႔ပါပဲ။
ၿပိဳင္ပြဲကိုအေၾကာင္းျပဳၿပီး mask ကို စိတ္ဝင္စားမႈ တက္လာတာကိုလည္း ေတြ႕ရပါတယ္။
ေနာက္စိတ္ခ်မ္းသာစရာ တစ္ခုကေတာ့ ကြၽန္မတို႔ျပည္သူေတြရဲ႕တီထြင္ဉာဏ္ပါ။
ၾကည့္တတ္၊ ျမင္တတ္တာနဲ႔တြဲလိုက္ေတာ့ အခ်ဳပ္အလုပ္ မကြၽမ္းက်င္ရင္ေတာင္ ဒီဇိုင္းလွလွေလးေတြ ထုတ္ႏိုင္တာေပါ့။
တပ္ခ်င္စရာပါ။
ကြၽန္မကို လက္ေဆာင္ေပးလာတဲ့ mask အခ်ိဳ႕ (ၿပိဳင္ပြဲဝင္မဟုတ္ပါ)တပ္ၿပီး ႐ိုက္ထားတဲ့ပုံ(၃)ပုံ
ေအာက္မွာ ပါ,ပါတယ္။
အထူးေက်နပ္ရတဲ့ကိစၥကေတာ့ ဘာေၾကာင့္ ၿပိဳင္ပြဲ ဝင္ရတယ္၊ ဘယ္လို mask တစ္ခုျဖစ္ေအာင္ လုပ္ရတယ္ဆိုတာကို ရွင္းျပထားတာေတြပါပဲ။
ကြၽန္မက “ဘာ့ေၾကာင့္” ဆိုတာကို သိခ်င္စိတ္ ထက္သန္သူျဖစ္ပါတယ္။ “ဘာ့ေၾကာင့္” ရဲ႕အေျဖကိုရျခင္းဟာ တိုးတက္မႈ၊ ျပဳျပင္မႈ လမ္းစေပၚျခင္းပါပဲ။
ဒီ maskၿပိဳင္ပြဲေၾကာင့္ ကြၽန္မတို႔ျပည္သူေတြ အေၾကာင္း ပိုသိလာတယ္လို႔ခံစားရပါတယ္။
သိလာႏိုင္ေအာင္လုပ္ေပးၾကသူအားလုံး၊ ကေလး၊ လူႀကီး၊ အမ်ိဳးသား၊ အမ်ိဳးသမီးေတြအားလုံးကို ေက်းဇူးတင္ပါတယ္။
အခက္အခဲတိုင္းဟာ စိန္ေခၚမႈျဖစ္သလို အခြင့္အေရးလည္းျဖစ္တယ္ဆိုတာ အလြန္မွန္ပါတယ္။ Covid အခက္အခဲဟာ ကြၽန္မတို႔ပိုစည္းလုံးဖို႔အခြင့္အေရးမဟုတ္ပါလား။
Aung San Suu Kyi ( May 14,2020 )

 

Read 1257 times
Rate this item
(0 votes)