What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လေ့လာမှု၊လေ့ကျင့်မှုနဲ့ စေတနာတွေကဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ အဓိကလိုအပ်တယ်လို့ခံယူထားသူ ဒီဇိုင်နာစိုင်းဟိန်းမာန်

ဖက်ရှင် ဒီဇိုင်းမိုက်မိုက်လေးတွေကို တည်ထွင်တတ်သူ ဒီဇိုင်နာ စိုင်းဟိန်းမာန်ကို ဒီဇိုင်းလုပ်ငန်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားပါတယ်။

-ဒီဇိုင်နာလောကမှာရပ်တည်လာခဲ့တာဘယ်လောက်ကြပြီလဲ။

 ကျွန်တော် ဒီဇိုင်နာလောကမှာ ရပ်တည်ခဲ့တာ ၃နှစ်နီးပါးရှိပါပီ။

-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။

ဒီဇိုင်နာအလုပ်ကကျွန်တော်ငယ်ငယ်လေးတည်းက အရမ်းဝါသနာပါခဲ့တဲ့ အလုပ်မို့လို့လုပ်ဖြစ်ခဲ့ပါတယ်။

23316135 1764345843610312 805998118 n23318731 1764345866943643 962899466 n

 

-၀တ်စုံတွေဖန်တီးတဲ့အခါဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။

အဓိက က၀တ်မည့်သူရဲ့ ခန္ဓာကိုယ်အချိုးအစားရယ်တက်မယ့်ပွဲအနေအထားရယ် ရာသီဥတုရယ်အပေါ်မူတည်ပြီးတော့စိတ်ကူးပုံဖော်ဖြစ်ပါတယ်။

-ဒီဇိုင်းတွေဆန်းသစ်အောင် ဘယ်လိုလေ့လာဖြစ်လဲ။

အမြဲတမ်းအင်တာနက်ကနေလေ့လာတယ်။ အင်တာနေရှင်နယ် ဖက်ရှင် ရှိုးတွေအပြင် ပြည်တွင်းမှာလုပ်တဲ့ ရှိုးတိုင်းကိုလဲကြည့်ဖြစ်ပါတယ်။အဓိကကတော့ pinterest application မှာပိုပြီးအခိန်ပေးဖြစ်ပါတယ်။

 

-အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။

များသောအားဖြင့် မိသားစုနဲ့ တိုင်ပင်ဖြေရှင်းပြီးကျော်ဖြတ်ဖြစ်ပါတယ်။

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။

လေ့လာမှု၊လေ့ကျင့်မှုနဲ့ စေတနာတွေကဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ အဓိကလိုအပ်တယ်လို့ခံယူထးပါတယ်။

23414569 1764345783610318 1741469330 n23415942 1764345863610310 689552969 n

 

- ကိုယ်ထွင်လိုက်တဲ့ဒီဇိုင်းတွေပေါ်မှာရော အားရကျေနပ်မှုရှိလား။

၁၀၀%ကျေနပ်မှုရှိပါတယ်။

-ဘယ်လိုဒီဇိုင်းတွေထွင်ရတာပိုသဘောကျလဲ။

Smart/ Elegant နဲ့Classicဖြစ်တဲ့ ဒီဇိုင်းတွေထွင်ရတာကို ပိုသဘောကျပါတယ်။

-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေရောဖွင့်ထားရင်ပြောပါဦး။

လောလောဆယ်မွေးရပ်မြေ ကျိုင်းတုံမှာတော့ ဆိုင်ရောသင်တန်းရော ဖွင့်လှစ်ထားပါတယ်။ နောက်ပိုင်းရန်ကုန်မှာဆိုင်နဲ့ သင်တန်းဖွင့်ဖို့စီစဉ်နေပါတယ်။

23283588 1764345873610309 1427772751 n

-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။

လေ့လာပါ၊လေ့လာတာတွေကို အချိန်ယူပြီးလေ့ကျင့်ပါ နေရာတိုင်းမှာတန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေအများကြီးရျိပါတယ်။ အဓိက အရေးကြီးတာအလုပ်အပေါ် စိတ်ဝင်စားမှုရှိပြီးစေတနာထားလုပ်ပေးရင် တနေ့သေချာပေါက်အောင်မြင်ပါလိမ့်မယ်။

Read 1625 times
Rate this item
(1 Vote)