What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကြိုးစားသူအတွက်​​နေရာရှိပါတယ်​​ပေါ်​ပင်​မဟုတ်​ဘဲ နှလုံးသားနဲ့ခံစားပြီး​စေတနာအပြည့်​နဲ့ ဖန်​တီးပါမိမိ ကိုယ်​သာ ပြိုင်​ဆိုင်​ပါလို့ဆိုသူ ဒီဇိုင်နာ ပြည့်ဖြိုးမင်း

အမျိုးသား ဖက်ရှင် ဒီဇိုင်နာ ပြည့်ဖြိုးမင်းရဲ့ ဒီဇိုင်းတွေဟာမိုက်လဲမိုက်သလို မြန်မာပွဲတက် ဒီဇိုင်းတွေ ချုပ်ရင်လဲ လှတဲ့ အပြင် ပုဆိုးအဆင်ဒီဇိုင်းတွေကို လဲ ထွင်ထားတာကြောင့် အမျိုးသားတွေ အတွက် အကြိုက်ဖြစ်စေပါတယ်။ဒါကြောင့် ဒီဇိုင်နာ ပြည့်ဖြိုးမင်းကို ဒီဇိုင်းလုပ်ငန်းများနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာကတော့.....................

-ဒီဇိုင်နာ လောကမှာ ရပ်တည်လာခဲ့တာ ဘယ်လောက် ကြာပြီလဲ။

ဒီဇိုငိနာ လောကမှာ ရပ်တည်ခဲ့တာ အခုဆိုရင် သူံးနှစ်ကျော်ခဲ့ပါပြီ

-ဒီဇိုင်နာ အလုပ်ကို ဘာကြောင့် လုပ်ဖြစ်ခဲ့တာလဲ။

ဒီဇိုင်နာအလုပ်ကို လုပ်ဖြစ်ခဲ့တာကတော့ အရမ်းလဲဝါသနာ ပါလို့ ပါ နောက်ပြီး မိဘ အမွေ လဲဖြစ်တဲ့အတွက်ကြောင့်ပါ။ ငယ်ငယ်ထဲက အမေ့ဆီက ပညာသင်ယူရင်းနဲ့ ဝါသနာ ပါလာတဲ့အတွက်ကြောင့် ပါ

21743241 10159352912115230 844206654370848779 n22686795 560490130949968 358078 n

-ဒီဇိုင်းတွေ ဆန်းသစ်အောင် ဘယ်လိုလေ့လာလဲ။

အမြဲ up date ဖြစ်​​အောင် လေ့လာနေရပါတယ်။ ကမာ မှာ ဘာတွေခေတ်စားနေတယ်။ trend တွေဘယ်လိုလဲ။ colour တွေ ဘာတွေ hit ဖြစ်​​နေလ။ ခေတ် အကြ်ု က် ဘာတွေဖြစ်မလဲ။ပွဲ အန အထား နဲ့ ဆီလျော် အောင် ဖနိတီးရပါယိ။ ကိုယ့် အကြိုက် ရော customer အကြုက်ပါ ထည့်စဉ်းစား ဖန်တီးရပါတယ်။ ပြိုင်ပွဲ ဆိုလည်း ပွဲပေါ့။ ပွဲဝင်ဆိုလည်း ပွဲဝင်​​ပေါ့။ တခုနဲ့တခု မတူအောင် အမြဲတမ်း ပိုးစား နေပါတယ

-အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ။

အခက်အခဲ ကတော့ ပြောရရင် အများကြီး လိုတော့ သိပ်မရှိဘူး။ man တွေဆိုတော့ ကိုယ်ကြိုက်​​နေတဲ့ fashion ဆို သုတို့ လည်း ကြိုက်တာ။ တခါတလေ အယူအဆ မတူ တာ။ ပွဲတွေ တိုက်​​နေတာ။ အပ်ထည်​​တွေ အခ်ျန်မီဖို့ ။ မဖြစ်နေ အမြန် လုပ်ရမယ့် အခြ အနေ ကတော့ ခက်တာပေါ့။ ဒါပေမယ့် အဆင်​​ပြေတာ များပါတယ်ဈေးကွက်နေနဲ့ ကလည်း သီးသန့် လို့ ဖြစ်​​နေတော့ အခက်ခဲလည်း အများကြီးတော့ မရှိဘူး။ ကြုံ လာလည်း စိတ်​​အေးအေးထား ပြီးဖြေရှင်း ဖို့ ကြိုးစားပါတယ်။ အကောင်းဆုံး ရင်ဆိုင်မယ် ဆိုတဲ့စိတ်​​မွေးထားတယ်

22046481 553101471688834 1213074105089314281 n18882295 497032603962388 1735919288056764297 n

-ဒီဇိုင်နာ ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်မယ်ထင်လဲ။

အဓိက တော့စေတနာ ပါ။ ဒါလေး ရှိနေရင်ကို အကုန်ok ပြီ။ အတတ်ပညာ။ ဗဟုသုတ။ experiece။ ဆက်ဆံရေး။ မိမိကိုယ်ကို နှမ့် ချတတ်မူ့ ။ ဒါလေး တွေရှိနေရင် အချိန် အကြာကြီး ရပ်တည်လို့ ရပါပြီ

-ဘယ်လို ဒီဇိုင်းတွေကို ထွင်ရတာ ပိုသဘောကျလဲ။

အခုနောက်ပိုင်း မြန်မာ ပွဲတက်ဝတ်စုံနဲ့ ပုဆိုး ဒီဇိုင်းလေးတွေ ဖန်တီးရတာ ပိုသဘောကျ တယ်။ ကျွန်တော်က ပိုးထည်ဆိုင်လေးပါဖွင့်ထားတဲ့အတွက် မြန်မာ ပွဲတက် အမျိုးသား ဝတ် ပုဆိုးလေးတွေ ကို ကိုယ်ပိုင်စိတ်ကူး လေးတွေနဲ့ ဒီဇိုင်းတွေပါဖန်တီး ဖြစ်ပါတယ်

20374596 526254401040208 8961622391756099544 n22656656 560490117616636 627326576 n

-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာ အားရကျေနပ်မှုရှိရဲ့လား။

ကိုယ်ဖန်တီးလိုက်တဲ့ ဒီဇိုင်းလေးတွေ အပေါ် ကျေနပ်အားရမှု ရှိပါတယ်။ အများစုကလဲ လက်ခံ အားပေးတဲ့ အတွက် ပိုပြီး ကျေနပ်မိပါတယ်

-အမျိုးသားဝတ်ဘဲအဓိကချုပ်ဖြစ်တဲ့အကြောင်း။

အမျိုးသားဝတ်ပဲ အဓိက ချုပ်ဖြစ်တာကတော့ ကျွန်တော်တို့ မန်းတလေး မြို့မှာ အမျိုးသားဝတ် သီးသန့် ဒီဇိုင်နာရယ်လို့ မရှိပါဘူး။ သူငယ်ချင်း Model တွေ အဆိုတော်တွေကို ဖန်တီးပေးရင်းနဲ့ ကျွန်တော်ကိုယ်တိုင်ကလဲ အမျိုးသားတယောက်ဖြစ်နေတဲ့အတွက် Man Fashion ကိုပဲ အဓိကထား ချုပ်ဖြစ်တာပါ

22657350 560490237616624 1813406882 n

-National custume တွေထွင်ဖြစ်တာရှိရင်ပြောပြပေးပါဦး။

 National Costume တွေတော့ သိပ်ချုပ်မပေးဖြစ်ဘူးဗျ။အရမ်းခင်တဲ့ သူလောက်ပဲ ဖန်တီးပေးဖြစ်ပါတယ် national costume တွေ အများကြီး ဖန်တီး ရတော့ ပွဲ title နဲ့ လိုက်​​အောင်။ တစုံနဲ့ တစုံမထပ်​​အောင် ကြိုးစားရတယ်။ မြန်မာ အငွ့အသက် ပါအောင်ဆိုလည်း စာအုပ်​​တွေ ပုံတွေ လေ့လာရတယ်။ ၊ကိုယ့် ထက် senoir တွေလည်မေးရတယ်။ customer တွေ အတွက်ဆိုရင်​​တော့ သူ့ နဲ့လည်း လိုက်ဖက်ရမယ်။ ပွဲ နဲ့လည်း သင်တောာရမယ့် design တွေ လုပ်​​ပေးဖို့ အဓိက ကြည့်ရတယ်။ အရပ်မောင်း။ အသားအရေ။ အရပ်။ ပွဲ အနေအထား။ ရာသီဥတု။ အချိန်။ ကစလို့ အများကြီးစဉ်းစား ရတယ်။ သူ့ တို့ ဖြစ်ချင်တာ နဲ့ ကိုယ့် လုပ်​​ပေးနိုင်တာကု ချိန်ဆပြီး အတင်​​ပြေအောင် စဉ်းစား ရတယ်။တခြားမှာ ခေတ်စား ပေမယ့် ကုယ်ဆီမှာ မလျော်ဘူးဆိုလည်း ဖန်တီးလို့ မရတော့ ဒီမှာ အဆင်​​ပြေအောင် လက်ခံအောင် ထောင့်စုံကနေ စဉ်းစား ရတယ်

-ဆိုင်ရောဖွင့်ထားသေးလား။ သင်တန်းတွေဖွင့်ထားရင်ပြောပေးပါဦး။

ဆိုင်ကတော့ မန်းတလေးမှာ ဖွင့်ထားပါတယ။် ၈၆လမ်း ၄၅-၄၆ ကြား မှာပါ ဆက်သွယ်ရမယ့်ဖုန်းကတော့ 09974458150 ပါ ။သင်တန်းဖွင့်ဖို့တော့ စီစဉ်နေပါတယ်။အခုလက်ရှိတော့ မဖွင့်ဖြစ်သေးပါဘူး။

21616387 547900455542269 965781726786506211 n

-မျိုးဆက်သစ် ဒီဇိုင်နာတွေကို အကြံပေးစကား လေးပြောပေးပါဦး။

ကြိုးစား သူအတွက် နေရာရှိပါတယ်ပေါ်ပင် မဟုတ်ဘဲ နှလုံးသား နဲ့ ခံစားပြီး စေတနာ အပြည့်နဲ့ ဖန်တီးပါ။ မိမိ ကိုယ်သာ ပြိုင်ဆိုင်ပါ။ ဒီဆိုလိုရင် ဆုတောင်းစရာ မလိုဘူး။ ပြည့်စုံပါပြီ

Read 1822 times
Rate this item
(0 votes)