What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ ဖြိုးသီရိမောင် နှင့် အင်တာဗျူး

လူတိုင်းတွင် ငယ်ဘ၀အိမ်မက် ကိုယ်စီရှိကြပါတယ်။

အရွယ်ရောက်လာတော့ ထိုအိမ်မက်တွေကို အကောင်အထည် ဖော်နိုင်သူကတကယ့်ကို အနည်းအကျဉ်းသာရှိပါတယ်။ ထိုအနည်းအကျဉ်းထဲတွင် တယောက်အပါအ၀င်ဖြစ်သူက ဒီဇိုင်နာဖြိုးသီရီမောင်ပါ။ သူအကြာင်းလေးတွေ မေးမြန်းထားတာကတော့……

-ဘယ်အချိန်ကစပြီး ဒီဇိုင်းတွေကို စိတ်ဝင်စားခဲ့တာလဲ။

 ဖက်ရှင်ကိုစပြီး စိတ်ဝင်စားခဲ့တာဆိုရင် ညီမအသက် တော်တော်ငယ်မယ။် ခဲတံစကိုင်ကတည်းက လူပုံပန်းချီတွေဆွဲတယ်.. အရုပ်မကို အကျီင်္လေးတွေ ဆင်ပေးတယ် အဓိကတော့ ကိုယ်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့လဲ အများကြီး သက်ဆိုင်မယ်ထင်ပါတယ်..

-ဒီဇိုင်းပညာကို ဘယ်မှာလေ့လာသင်ယူဖြစ်ခဲ့တာလဲ။

ဟုတ်ကဲ့ ညီမရဲ့ မိခင်ကတော့ ညီမလက်ဦးဆရာလို့ ပြောလို့ရပါတယ်.. မွေးကတည်းက ဒီအကျီင်္ချုပ်စက်တွေနဲ့ ဒီလုပ်ငန်းခွင်ကြား နေလာတော့ မြင်ပါများပြီး တက်လာတယ်လို့ပဲ ပြောရမယ် ညီမ ၉နှစ် ၁၀နှစ်ကတည်းက အကျီင်္ကောင်းကောင်းချုပ်တတ်နေပြီ.. အမေကလဲ ဝန်ထမ်းတွေနဲ့ တန်းတူ ခိုင်းတာလဲပါမယ်ထင်တယ်.. နောက်ပိုင်းဘွဲ့ရပြီးတော့ တီချယ်ဒေါ်သီတာဝင်း (DoZo), ဆရာကိုပြည်စိုးအောင်, ဂျပန်နိုင်ငံမှ ဆရာကြီး Inarida Susumu (Tokyo Bunka Fukuso Gakuen) တို့ဆီမှာ ပညာဆီပူးခဲ့ပါတယ်..

16708373 1456634104347322 3391234563176963766 n

-ဒီဇိုင်နာအလုပ်က ကိုယ့်အတွက် ဘယ်လောက်အရေးပါလဲ။

ဒီပညာက ညီမအတွက် အများကြီးအရေးပါပါတယ် ညီမ ရပ်တည်မှုအတွက် ၉၀% ထောက်ပံ့ပေးနေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တခုဖြစ်နေလို့ပါ ဝါသနာကို အခြေခံထားတဲ့ အသက်မွေးဝမ်းကျောင်းဖြစ်လို့ ဒီအလုပ်လုပ်နေရတာ ပိုအဓိပ္ပါယ်ရှိတယ်လို့လဲခံစားရပါတယ်..

- ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

ဒီဇိုင်းကောင်းတခုဖြစ်ဖို့ အများကြီးလိုအပ်မယ်ထင်ပါတယ် နံပါတ်၁ Idea နံပါတ်၂ အဲ့ဒီ Idea ကို လက်တွေ့ အကောင်အတည်ဖော်ပေးနိုင်မယ့် အတတ်ပညာ နံပါတ်၃ လိုအပ်တဲ့ materialတွေရဲ့ ပံ့ပိုးမှု နံပါတ်၎ tailoring အပိုင်း ဒါတွေက အဓိက အခန်းကဏ္ဍ ကနေ ဒီဇိုင်းကောင်းတခုဖြစ်ဖို့ ပံ့ပိုးပါတယ်

27583454 10155608680738978 677335841 n

-ဒီနေ့ဒီအချိန်မှာ ဒီဇိုင်းအသစ်အဆန်းအမျိုးမျိုး မြင်တွေ့နေရတယ်။ ဘယ်လိုဒီဇိုင်းမျိုးက ရေရှည်တည်တံ့တဲ့ ဒီဇိုင်းဖြစ်မယ်ထင်ပါသလဲ။

ခေတ်ရေစီးကြောင်းအရတော့ ဖက်ရှင်တွေက တကျော့ပြန်လည်နေတာပဲပေါ့နော။် ခုထိတော့ အရိုးဆုံးက ဘယ်တော့မှမရိုးဘူးဆိုတဲ့စကားက မှန်နေတုန်းပဲ

-ဒီဆိုင်ရဲ့ အားသာချက်ကဘာမှားဖြစ်မလဲ။

ညီမဆီလာတဲ့ client တွေကို စိတ်တိုင်းကျအောင်နဲ့ စိတ်ချမ်းသာအောင် ညီမဘက်က တတ်တဲ့ပညာနဲ့ service အပြည့်ပေးနေပါတယ်..

27721046 10155608680723978 472279506 n

- 2018မှာ ဘယ်လိုဒီဇိုင်းတွေခေတ်စားမလဲ။

၂၀၁၈ မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ elegant ဖြစ်မယ့် ပုံတွေခေတ်စားမယ်ထင်တယ်

-ဒီဇိုင်းသစ်တခုဖန်တီးတဲ့ အခါစိတ်ကူးနဲ့ လက်တွေ့တထပ်တည်းကျရဲ့လား။ကွဲလွဲသွားတာမျိုးရှိလား။

ဒီဇိုင်းအသစ် ဖန်တီးတဲ့အခါ တခါတလေ စိတ်ကူးအတိုင်း လက်တွေ့မှာ လုပ်မရတာတွေ ရှိတတ်ပါတယ် အဲ့အခါကျရင် ကိုယ့်စိတ်ကူးကို အနီးကပ်ဆုံး ချဉ်းကပ်ပြီး ပုံဖော်ရတဲ့အခါမျိုးလဲ ရှိပါတယ်

-ဒီဇိုင်းတွေupdateဖြစ်ဖို့ဘယ်လိုလေ့လာဖြစ်လဲ။

up to date ဖြစ်ဖို့ဆို ကိုယ်ကြိုက်တဲ့ designer တွေရဲ့ collection တွေ လက်လှမ်းမှီသလောက် online ကတဆင့် လေ့လာတယ်.. လိုအပ်တဲ့ပညာတွေကို ထပ်ဆည်းပူးသင်ယူနေပါတယ်..

27591368 10155608680703978 1554427412 n

-customer တွေကို အမှတ်တရစကားလေးပြောပေးပါဦး။

ဟုတ်ကဲ့ ညီမ ဒီပညာကိုလေ့လာသင်ယူရင်းနဲ့ ဒီထပ်ပိုပြီး customer စိတ်တိုင်းကျ service ပေးနိုင်တဲ့ ဒီဇိုင်နာတယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်

Read 1543 times
Rate this item
(0 votes)