What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်နောက်ကျနေတဲ့ အဝတ်အစားတွေကို ခေတ်မီ ပြန်လည်ဆန်းသစ်နိုင်မယ့် နည်းလမ်းများ

ဖက်ရှင်ရေစီးကြောင်းက အမြဲတမ်း ပြောင်းလဲနေပါတယ်နော်။ လူအများစုက ဒီဖက်ရှင်ရေစီးကြောင်းနောက်ကို လိုက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ သို့သော် သင်ဟာ ခေတ်မှီဆန်းသစ်မှုမရှိတော့တဲ့ အကြိုက်ဆုံးအဝတ်အစားတွေကိုသာ ဆက်ဝတ်နေမယ်ဆိုရင် သင်ဟာ ရှိရင်းစွဲထက် ၅နှစ် (သို့) ၁၀လောက် ပိုအသက်ကြီးတဲ့ ပုံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ခေတ်နောက်ကျနေတဲ့ အဝတ်အစားတွေကို နည်းသစ်တွေနဲ့ ဝတ်ဆင်ဖို့ လေ့လာတာက ပိုကောင်းပါတယ်။

 

၁။ ဒိတ်အောက်နေတဲ့ ဂါဝန်

modernize_clothing_.JPG

လူအများစုရဲ့အဝတ်ဗီဒိုထဲမှာ ခေတ်နောက်ကျနေတဲ့ ဂါဝန်အဝတ်အစားတစ်ချို့ရှိနေပြီး သူတို့က နောက်တစ်ကြိမ် လူကြိုက်များဦးမယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ အဲဒီဂါဝန်တွေကို အိုဗာဆိုဒ် ဆွယ်တာနဲ့ တွဲဝတ်နိုင်သလို ဂါဝန်အပေါ်က ရင်စေ့သိုးမွေးအင်္ကျီအကြီးတစ်ထည်နဲ့လည်း တွဲဝတ်နိုင်ပါတယ်။ ဒါက ခေတ်အမှီဆုံး ပုံစံများထဲက တစ်ခုဖြစ်ပြီး medium-length ဂါဝန်တွေနဲ့ ကြည့်ကောင်းပါတယ်။

 

၂။ ပန်ဒိုရာလက်ကောက်

modernize_clothing_2.JPG

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပန်ဒိုရာလက်ကောက်တွေဟာ အရမ်းလူကြိုက်များခဲ့ပါတယ်။ လမ်းပေါ်ရှိ ခေတ်မှီမိန်းကလေးတိုင်းလိုလို အဲ့လက်ကောက်မျိုးကို ဝတ်ဆင်ကြပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ပန်ဒိုရာလက်ကောက်တွေက ခေတ်မမှီတော့ပါဘူး။ အလှဆင်ထားတဲ့ ပစ္စည်းတစ်ခုချင်းစီက နှုတ်ဆက်ဖို့ ခက်ခဲတဲ့ မန်မိုရီနဲ့ အရေးပါသော symbol တစ်ခုဖြစ်ပါတယ်။ ဖြေရှင်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အလှဆင်ပစ္စည်းလေးတွေကို ဖြုတ်၊ လည်ဆွဲနဲ့ တွဲပြီး တဖန်ပြန်ဝတ်ဆင်နိုင်ပါတယ်။

 

၃။ လည်ပင်းခေါက် ဆွယ်တာအပါးများ

modernize_clothing_3.JPG

လည်ပင်းခေါက်ဆွယ်တာအပါးတွေက အိုဗာဆိုဒ် အဝတ်အထည်လောကမှာ ခက်ခဲတဲ့အချိန်ရှိပါတယ်။ သို့သော် ဒီအခြေခံအဝတ်အစားကို multi-layered look ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် လုံးဝခြားနားသွားပါလိမ့်မယ်။ လည်ပင်းခေါက်ဆွယ်တာတစ်ထည်ရှိရင် ဆောင်းရာသီမှာ နွေရာသီဂါဝန်နဲ့တောင် တွဲဝတ်နိုင်ပြီး နွေးရုံသာမက စတိုင်လည်း ကျစေပါတယ်။

 

၄။ Slim-fitted ရှပ်အင်္ကျီတွေ

10 Simple Ways to Restyle Outdated Clothes and Look Trendy

Slim-fitted ရှပ်အင်္ကျီတွေက ၂၀၂၀ မှာ ခေတ်မမှီတော့ပါဘူး။ ဒါပေမယ့် သူတို့ကို ဒုတိယအလွှာတစ်ခုအဖြစ် သုံးနိုင်ပါတယ်။ သူတို့ကို ဆွယ်တာတစ်ထည်အောက်မှာ (သို့) sweatshirt တစ်ထည်အောက်မှာ ဝတ်ဆင်နိုင်ပါတယ်။ ကိုယ့်မှာ ရှိပြီးသားအဝတ်အစားကို သုံးပြီး multi-layered ပုံစံဖန်တီးနိုင်ပါတယ်။

 

၅။ Slim-fitted  jackets တွေ

10 Simple Ways to Restyle Outdated Clothes and Look Trendy

ဂျာကင်အသေးတွေက ပေါ်ပြူလာ မဖြစ်တော့ပါဘူး။ အိုဗာဆိုဒ်မော်ဒယ်တွေသာ ယခုခေတ်ရေစီးကြောင်းမှာ ရှိနေသေးတာပါ။ သို့သော် ခါးပတ်လှလှတစ်ခုနဲ့ တွဲပြီး ဝတ်မယ်ဆိုရင်တော့ ဒီအပေါ်ထပ်အင်္ကျီလေးတွေကို ပြန်ဝတ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် အင်္ကျီလက်ကို အပေါ်လိပ်တင်ပြီး ဝတ်တာမျိုးက ခေတ်မှီပြီး စတိုင်ပိုကျစေပါတယ်။

 

၆။ Skinny jeans

10 Simple Ways to Restyle Outdated Clothes and Look Trendy

လူအများကြိုက်တဲ့ Skinny jeans တွေက ယခုခေတ်မမှီတော့ပါဘူး။ ပထမဆုံးအနေနဲ့ သူတို့က လူတိုင်းနဲ့လည်း ကြည့်မကောင်းပါဘူး။ Skinny jeans ကိုပဲအရမ်းသုံးကြတဲ့အတွက် နောက်ပိုင်းမှာ လူတွေငြီးငွေ့လာကြပါတယ်၊ သို့သော် လူအများစုရဲ့ အဝတ်ဗီဒိုထဲမှာ သူတို့ရှိနေဆဲပါ။ ပုံစံအတော်များများတောင် ရှိနေနိုင်ပါတယ်။ Skinny jeans တွေကို မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အိုဗာဆိုဒ်အဝတ်တွေနဲ့ ပေါင်းစပ်ပြီး ဆက်ဝတ်လို့ရပါတယ်။ အကောင်းဆုံးကတော့ ရှေ့တိုနောက်ရှည် ဂါဝန်ပွပွကြီးနဲ့ Skinny jeans ကို တွဲဝတ်တာဖြစ်ပါတယ်။

 

၇။ ဒိတ်အောက်နေတဲ့ ဖိနပ်တွေ

10 Simple Ways to Restyle Outdated Clothes and Look Trendy

သင့်ရှူးဖိနပ်တွေမှာ ဒေါက်နဲ့ ထိပ်ဦးချွန်တယ်ဆိုရင် ခြေဝကျယ်တဲ့ ဂျင်းတွေ၊ ခေတ်သစ် palazzo pants တွေနဲ့ တွဲဝတ်ရင် save ဖြစ်နိုင်ပါတယ်။ ဒါက ခေတ်မမှီတော့တဲ့ မော်ဒယ်လ်ကို ဖုံးကွယ်ထားပေမယ့် ကောင်းကျိုးရနိုင်ပါသေးတယ်။ ဒီပုံစံက ခြေထောက်တွေကိုရှည်လျားတဲ့အသွင်အပြင်ပေါ်စေပြီး သင့်ကို အရပ်ပိုရှည်သယောင်ဖြစ်စေပါလိမ့်မယ်။

 

၈။ trench coat အတိုလေးတွေ

10 Simple Ways to Restyle Outdated Clothes and Look Trendy

trench coat လေးတွေက အခုနောက်ပိုင်းမှာ ပြန်ပြီးလူကြိုက်များလာကြပါပြီ။ ခေတ်မှီမှီလေးဝတ်ချင်တယ်ဆိုရင် ဒူးတစ်ဝက် စကတ်အပွလေးတွေနဲ့ တွဲပြီး ဝတ်နိုင်ပါတယ်။

 

၉။ ကိုယ်ကျပ်အင်္ကျီလက်ရှည်

modernize_clothing_4.JPG

ဒီနေ့ခေတ်မှာ ကိုယ်ကျပ်အင်္ကျီလက်ရှည်တွေကို အသုံးမပြုကြတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုအင်္ကျီတွေကို ဂျင်းဘောင်းဘီ၊ ကုတ်ခပ်ပွပွတွေနဲ့ တွဲဝတ်လို့ရပါတယ်။ အပေါ်ထပ်အင်္ကျီကို ကြယ်သီးမတပ်ဘဲ ဝတ်ဆင်ပါ။ လိုအပ်ပါက ခါးကို ပေါ်လွင်စေဖို့ ခါးပတ်အပါးတစ်ခုနဲ့ အလှဆင်နိုင်ပါတယ်။

 

Myanmar Textile & Garment Guide

Ref: brightside

 
Read 895 times
Rate this item
(0 votes)