What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Jean များကို လျှော်ဖွတ်တဲ့အခါ သင်ဒီအမှားတွေကို ဘယ်တော့မှ မပြုလုပ်မိပါနဲ့

လူအများစုဟာ ဂျင်းအဝတ်အထည်တွေကို အဝတ်ဗီရိုထဲမှာ အများဆုံးသိမ်းထားပြီး အသုံးပြုကျတာ သေချာသလောက်ပါပဲနော်။ ဂျင်းထည်တွေကို အားလပ်ရက်နေ့တွေမှာ ဝတ်ဆင်တာတို့၊ night out ထွက်တဲ့အခါမျိုးတွေနဲ့ ရုံးတွေမှာလဲပဲ ဝတ်ဆင်ကျတယ်။ အဲ့လိုမျိုး ဝတ်ဆင်တာတွေနဲ့အတူ ဂျင်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ မှန်ကန်သောနည်းလမ်းကောင်းတွေလဲ လိုအပ်ပါတယ်။

ဒါကြောင့်မို့ ဂျင်းထည်များကို အရောင်မှိန်မကျသွားအောင် ဘယ်လိုလျှေ်ဖွတ်ရမလဲဆိုတာလဲ အမှန်တကယ် သိဖို့လိုပါတယ်။

သင့်ရဲ့ဂျင်းထည်ကို ထိန်းသိမ်းဖို့ အခုပြောပြပေးမဲ့ နည်းလမ်းတွေအားလုံးကို လိုက်နာပြီး ပြုလုပ်နိုင်ပါတယ်။ အကယ်၍များ သင်တို့ရဲ့ဂျင်းတွေကို အဝတ်လျှော်တုတ်နဲ့ လျှော်ဖွတ်ပြီး အခြောက်ခံစက်ထဲမှာ အမြင့်ဆုံးအပူရှိန်နှုန်းနဲ့ ထားမယ်ဆိုလျှင် ဒါဟာအကြီးမားဆုံး အမှားတစ်ခုပါပဲ။ ဂျင်းထည်တွေ ကျုံ့သွားစေရုံသာမက သင့်ရဲ့ဂျင်းပုံသဏ္ဍန်များလည်း ပုံပျက်သွားစေနိုင်တယ်။ တကယ်လို့ သင်ဟာဂျင်းတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ လျှော်ဖွတ်ရမလဲ စဉ်းစားနေရင် ခုဖော်ပြပေးမယ့် အချက်လေးတွေကို ကြည့်ပြီးပြုလုပ်နိုင်ပါတယ်နော်။

1.ပထမဆုံး အကြံပေးချင်တာကတော့ သင့်ရဲ့ဂျင်းထည်တွေကို ၅ကြိမ်မှ၁ဝကြိမ်အထိ ဝတ်ဆင်ပြီးမှသာ လျှော်ဖွတ်သင့်ပါတယ်။

2.တကယ်လို့သင်ဟာ ဂျင်းတွေကို မကြာခဏလျှော်ဖွတ်မိလို့ အရောင်ကျသွားခဲ့မယ်ဆိုလျှင် ရေအေးထဲမှာ ရှာလကာရည်နဲ့ တစ်နာရီလောက်စိမ်ထားပြီး အဝတ်ခြောက်စက်အစား ရိုးရိုးသာမန် ချိတ်နဲ့လှန်း၍ အခြောက်ခံပါ။

3.အကယ်၍ သင်ဟာအဝတ်လျှော်စက်ကို အသုံးပြုဖို့ ရွေးချယ်ထားမယ်ဆိုလျှင် ဂျင်းအရောင်မကျအောင်လို့ အထည်များကို ပြောင်းပြန်လှန်ပြီး ညစ်ပေနေတဲ့နေရာတွေကို သေသေချာချာ သန့်ရှင်းပေးပါ။

4.ဂျင်းများကို ဆပ်ပြာမှုန့် အနည်းငယ်နှင့်အတူ ရေအေးကိုအသုံးပြုပြီး လက်ဖြင့်လျှော်ဖွတ်နိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်းထည်တွေကို ၁၅မိနစ်ကနေ မိနစ်၃ဝအတွင်း စိမ်ထားရင်တော့ ရေစင်အောင်ဆေးကြာပါ။

5.လက်နဲ့လျှေ်ဖွတ်ပြီးလို့ ခြောက်အောင်လှန်းတဲ့အခါ အထည်များကို ရေမညစ်မိပါစေနဲ့။ နောက်ပြီးတော့ လျှော်စက်တွေနဲ့ ရေညစ်မယ့်အစား ဂျင်းများကို ခြောက်သွေ့အောင် အင်္ကျီချိတ် ဒါမှမဟုတ် ကြိုးတန်းပေါ်မှာ ညီညာပြန့်ပြူးအောင် လှန်းပေးပါ။

6.အဝတ်လျှော်စက်ကို အသုံးပြုပြီး အခြောက်ခံမယ်ဆိုရင်တော့ အပူချိန်အား medium သို့မဟုတ် low level အနေအထားကို သေချာချိန်ပြီးမှ အသုံးပြုပါ။

အခုပြောပြပေးလိုက်တဲ့ နည်းလမ်းတွေက သင့်အတွက် အသုံးဝင်မှာ အမှန်ကန်ပါပဲနော်။

Read 4217 times
Rate this item
(1 Vote)