What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ရွေးချယ်လိုက်တဲ့ ဖိနပ်ကြောင့် ဈေးပေါတယ်လို့ ထင်စေနိုင်တဲ့ အကြောင်းရင်း(၈)ချက်

ဖက်ရှင်ရေစီးကြောင်းနောက်ကို လိုက်ဖို့ ကြိုးစားနေတဲ့ တစ်ချို့သောအမျိုးသမီးတွေအနေနဲ့ ဈေးကြီးပြီး brand တွေဆိုတိုင်း လှပပြီး ဆွဲဆောင်မှုရှိစေတဲ့ သွင်ပြင်ကို မရနိုင်ဘူးဆိုတာ မေ့လျော့နေတတ်ကြတယ်။ ပြီးတော့ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဖိနပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

အကယ်၍ သင်ဟာ သက်တောင့်သက်သာ မရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေနှင့် လည်သာရှုးဖိနပ်တွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ခုပြောပြပေးမယ့် အကြောင်းအရာတွေက သင့်အတွက် အသေချာပါပဲနော်။ သင်တို့ရဲ့ဈေးကြီးတဲ့ဖိနပ်တွေက ကြည့်လိုက်ရင် ဘာကြောင့် ဈေးပေါတဲ့ အသွင်ဆောင်သွားစေတဲ့ အကြောင်းရင်းကို ပြောပြပေးပါမယ်။

8. အရောင်တောက်တောက်လင်းလင်းတွေ အများကြီးပါရှိခြင်း

Lots of sparkly and shiny details min

ဈေးကြီးတဲ့ အဝတ်အစားကို စိန်ကျောက်တွေစီထားတဲ့ အရာတွေနဲ့ အလှဆင်ခြင်းဟာ တကယ့်ကို ထူးကဲလှပပါတယ်။ ဒါပေမယ့် ဖိနပ်မှာ အသေးစိတ် စီခြယ်ထားတဲ့ အရောင်လက်လက်အရာတွေကတော့ ထူးခြားပြီး အမြဲတမ်းအတွက် မသင့်လျော်ပါဘူး။ နောက်ပြီးတော့ ခရစ်စတယ်တွေကို အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေမှာ အသုံးပြုကျပြီး ပထမအကြိမ် (သို့) ဒုတိယအကြိမ် ဝတ်ဆင်တဲ့အခါမှာ ကွာကျတာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ အရောင်တောက်တောက် ဖိနပ်တွေ ကြိုက်နှစ်သက်တယ်ဆိုရင် metallic အရောင်နဲ့ လုပ်ထားတဲ့ ဖိနပ်ကို ရွေးချယ်ပါ။

7. အလွန်မြင့်မားတဲ့ ဖိနပ်များ

Extremely high platform shoes min

တချို့သော အရပ်ပုတဲ့ မိန်းကလေးတွေဟာ ဖိနပ်မြင့်မြင့်တွေ စီးရတာကို နှစ်သက်ကြတယ်။ ဒါပေမယ့် ဖိနပ်မြင့်တွေကြောင့် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားတာတွေလည်း ရှိတတ်တယ်။ ဒါကြောင့် ဒေါက်သေးတဲ့ ဖိနပ် (သို့) ဒေါက်လုံးဝ မပါတဲ့ ဖိနပ်မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ကျော့ရှင်းပြီး ကြည့်ကောင်းစေဖို့ classic ဆန်တဲ့ ဒေါက်မြင့်ဖိနပ်ရှိဖို့ အမှန်တကယ် လိုအပ်ပါတယ်။

6. အရောင်အများကြီး ပေါင်းစပ်ထားခြင်း

Combining several colors min

အရောင်အများကြီး ပါဝင်တဲ့ ဖိနပ်တွေကို မဝတ်ဆင်ဖို့ ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလို အရောင်တွေ အများကြီးကြောင့် ကိုယ်ဈေးကြီး ပေးဝယ်ထားတဲ့ ဖိနပ်က ဈေးပေါတဲ့ ဖိနပ်အသွင်အပြင် ဖြစ်သွားစေနိုင်ပါတယ်။

5. သတ္တု အများအပြားပါခြင်း

Lots of metal details min

သတ္တုနဲ့ ပြုလုပ်ထားတဲ့ စူးချွန်ပုံစံဒီဇိုင်းတွေဟာ တကယ့်ကို အထာကျပြီး မိုက်စေပါတယ်။ ဒါပေမယ့် တခါတရံမှာ ဒီဇိုင်နာတွေဟာ အစွမ်းကုန် သတ္တုပစ္စည်းတွေကို ပေါင်းထည့်ဖို့ ကြိုးစားရင်းနဲ့ ဖိနပ်တွေက ဈေးပေါတဲ့ အသွင် ပေါက်သွားစေပါတယ်။

4. သားရေဖိနပ်များ

Patent leather shoes min

သားရေဖိနပ်တွေက ကြည့်လိုက်ရင်လှပေမယ့်လည်း မကြာခဏဆိုသလို ဖိနပ်မှာ စွန်းထင်းတာတွေ ဒါမှမဟုတ် ပွန်းရာခြစ်ရာတွေ ဖြစ်စေတတ်ပါတယ်။ ပုံစံတူညီပြီး matte ဖြစ်တဲ့ ဖိနပ်တွေက ဈေးကြီးတယ်လို့ ထင်စေနိုင်တယ်။ တကယ်လို့ အရောင်လင်းတဲ့ ဖိနပ်တွေ ဝတ်ချင်တယ်ဆိုရင်တော့ မနုမရင့်အရောင်၊ ဝါညိုနုရောင်၊ အမည်းရောင်၊ အဖြူရောင်တို့ကို ရွေးချယ်ပါ။

တမူထူးခြားတဲ့ ဖော့တုံးတပ်ဖိနပ်ဒီဇိုင်း

3. ကျားသစ်ပုံစံ အဆင်ဒီဇိုင်း

Leopard print min

ကျားသစ်ပုံစံ ဖိနပ်ဒီဇိုင်းတွေဟာ အမှန်တကယ် ဝယ်ချင်လောက်အောင် ဆွဲဆောင်စေပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အရောင်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ classic ဆန်တဲ့ ကျားသစ် အဆင်ဒီဇိုင်းတွေက များသောအားဖြင့် မလှပမှုတွေ ဆက်စပ်နေပါတယ်။ တကယ်လို့ ဒီလို အဆင်ဒီဇိုင်းကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ညာဖက်ပုံမှာပြထားတဲ့ ပုံမှန်တွေ့နေကျပုံစံမဟုတ်တဲ့ အဲ့လို ဖိနပ်မျိုးကို ရှာဖွေရန် ကြိုးစားပါ။

2. သက်တောင့်သက်သာမရှိသော ဖိနပ်များ

Uncomfortable shoes min

အမြဲတမ်း သက်တောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ရှာဖွေပါ။ သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေက ခြေထောက်နဲ့ ပတ်သက်တဲ့ ကျန်းမားရေး ပြဿနာတွေ ရရှိနိုင်တယ်။ သင်စိတ်ကူးထဲက ကြိုက်နှစ်သက်တဲ့ ဖိနပ်ကို တွေ့ခဲ့ရင်တောင် အရမ်းကျပ်ပြီး လမ်းလျှောက်တိုင်း နာကျင်မှု ဖြစ်မယ်ဆိုလျှင် မဝယ်ပါနဲ့။ တချို့သော အသေးစား (သို့) အလတ်စား ဒေါက်တွေကို စမ်းဝတ်ကြည့်ပါ။ သူတို့က သင့်အတွက် သက်တောင့်သက်သာ ဖြစ်အောင် ပေးစွမ်းပါလိမ့်မယ်။

1. ဖိနပ်အဟောင်းများ

Old shoes min

ပုံပန်းသွင်ပြင် အမြဲတမ်းကောင်းမွန်စေဖို့ သင့်ရဲ့ဖိနပ်ကို သေချာဂရုတစိုက်ပါ။ အကယ်၍ လိုအပ်လို့ ပြင်ရမယ်ဆိုလဲ ပြင်ပါ။ ဆေးကြောရှင်းလင်း သန့်စင်ဖို့လည်း အများကြီး လိုအပ်ပါတယ်။
ဒီအချက်တွေကို ကြည့်ပြီး ဘယ်အရာတွေကို ရှောင်ရှားရမလဲဆိုတာ သိလောက်ပြီပေါ့နော်။

 

Author:TDA

Read 1493 times
Rate this item
(1 Vote)